Friday, October 21, 2016

k

သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈။ " ဝမ်းနည်းစွာနဲ့ထွက်တော်မူ နန်းကခွာ"


ကြမ်းကြမ်းတမ်းတမ်းဘဝလမ်းများ

၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော် လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်း အဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့ လာနိုင်ရန်အတွက်သော်လည်းကောင်း မိုးမခ/သစ်ခက်သံလွင်အွန်လိုင်းတို့မှ တဆင့် ရေးသားတင်ဆက် လိုက် ပါသည်။ 
စိုးလွင် 
(ဝမ်ခ)(၂၁၁) 
ဒီဇိုင်း မိုးမခ

ဝမ်းနည်းစွာနဲ့ ထွက်​​တော်မူ နန်းကခွာ


စစ်
အစိုးရနဲ့ ကလလတအဖွဲ့ရဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲက ပြန်လာတဲ့ ကနော်ကျနော့်ဘ၀ရှေ့ရေး အတွက် စဉ်းစားရပါပြီ။
ရန်သူနဲ့အပစ်အခတ် ရပ်စဲလိုက်ပြီးဖြစ်တဲ့ ကလလတနယ်​​မြေမှာ ရန်သူကို လက်နတ်ကိုင်လမ်းစဉ်နဲ့ အောင်ပွဲခံမယ်လို့ယုံကြည်ထားတဲ့ကျနော်တို့ ABSDF အဖွဲ့အနေနဲ့ ဘာမှမလုပ်နိုင်​​တော့ဘူးဆိုတာ ကျနော်သိလိုက်ပါတယ်
ဒါဆိုရင် ကျနော် ဘာဆက်လုပ်ရမလဲစဉ်းစားလိုက်​​တော့ လက်နက်ချမလား...။ ဒါတော့ လုံးဝ မလုပ်နိုင်။ (ABSDF ဗဟိုမကွဲခင်ကထဲက ခေါင်ဆောင်တချို့ရဲ့ သောက်တလွဲလုပ်တာတွေ၊ ကိုယ်ကျင့်တရားပျက်တာတွေ၊ အုပ်စုဖွဲ့နေရာလုတာတွေကြောင့် အဖွဲ့ရဲ့အခြေအနေမကောင်းဘူးဆိုတာ သိထားပေမဲ့ ရန်သူ့ထံ ဘယ်​​တော့မှ လက်နက်မချဘူးဆိုတာ ဆုံးဖြတ်ထားသူပါ)။
ဒါဆိုရင် ဘာဆက်လုပ်ရင်​​ကောင်းမလဲလို့စဉ်းစားလိုက်​​တော့ မြန်မာပြည်မပြန်ဘဲ ထိုင်းနိုင်ငံထဲမှာပဲ ဖြစ်သလိုလုပ်ကိုင်စားသောက်ပြီး ဘ၀ကိုမြုပ်နှံတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံဖြတ်ချက်ကျတာနဲ့ နှုတ်ထွက်စာကို ကောက်​​ရေး။ ပြီးတော့ ဗဟိုကော်မတီဝင်ယောက်ကို ပေးပြီး နှုတ်ထွက်ခွင့်ပြုကြောင်းစာကို စောင်နေလိုက်တယ်
တပတ်​​လောက်အထိအကြောင်းမပြန်လို့ နှုတ်ထွက်စာပေးထားတဲ့ဗဟိုကော်မတီဝင်ကို မေးပြန်​​တော့ တခြားဗဟိုကော်မတီဝင်​​တွေကို အသိမပေးရသေးဘူးလို့ ပြောလာတယ်။
ဒါနဲ့ပဲ စိတ်ပျက်ပျက်နဲ့ ထိုင်းနိုင်ငံ မဲစရိယန်မြို့မှာဖွင့်ထားတဲ့ ရုံးခွဲရှိရာမှာ သွားနေနေလိုက်တယ်
ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်​​နေထိုင်ဖို့ အဆက်အသွယ်ရှာရင်​​ပေါ့လေ။
ဒီလိုနဲ့နေရင်းကနေ တနေ့ကျတော့ ကလလတ စီးပွားရေးတာဝန်ခံ စိုင်းစိုးလွင် အလုပ်ကိစ္စတခုနဲ့ ကျနော်တို့ရုံးကိုရောက်လာတယ်။ စကားပြောကြရင် ခင်မင်သွားကြပြီး (ငြိမ်းချမ်ရေးပွဲတုန်းက သူ ကျနော့်အကြောင်းကို လေ့လာမိထားပုံရတယ်) သူ့ရုံးကိုလာလည်ဖို့ ကျနော်ကို ဖိတ်သွားခဲ့တယ်
ကျနော်လည်း ဘာအလုပ်မှ မယ်မယ်ရရမရှိတော့ သူ့ရုံးကို မကြာမကြာသွားလည်တယ်
ကြာလာတော့ ပိုခင်မင်မှုတွေများလာပြီး ကျနော်မသွားဖြစ်ရင်​​တောင်ယောက်​​ယောက်နဲ့ခေါ်ခိုင်း တဲ့အထိ ခင်လာကြတယ်
သူတို့အဖွဲ့နဲ့ စီးပွားရေးအရဆက်ဆံနေတဲ့ ထိုင်ထောက်လှမ်ရေးအိမ်ကိုပါခေါ်သွားပြီး မိတ်ဆက်​​ပေးတယ်ကုန်ကုန်​​ပြောရရင် သူနဲ့ဆက်သွယ်ပြီး ကျောက်ရောင်းအ၀ယ်လုပ်​​နေတဲ့ မြန်မာပြည်သူ(ရှမ်းလူမျိုး)အမျိုးသမီးနဲ့ပါ နှစ်​​ယောက်ထဲ လွှတ်​​ပေးတဲ့အထိ (ကောင်လေးကတော့ ကျနော်လိုငနူကောင်ကို သူ့အဆင့်နဲ့ ဘယ်ဘောကျမလဲ။ သူ့ဆရာစကား မပယ်ရဲလို့သာ အတွေ့ခံတာ)
(အေးလေး ကောင်လေးဘက်က မကြိုက်လို့ပေါ့။ ကြိုက်လို့ကတော့ ကိုယ်​​တွေအဲဒီတုန်းက ခွာယှက် ဂျို(ချို)သွေပုံမျိုးနဲ့ဆို ပွဲပြီးပေါ့) ကျနော်ကို ခင်လာတယ်
ဒီလိုနဲ့နေကြရင်း တရက်မနက်​​စောစော ၅ နာရီလောက်မှာ ကျနော်တို့ရဲ့ရုံးတံခါးကို လာခေါက်လို့ ဖွင်ပေးလိုက်​​တော့ ထိုင်းနယ်ခြားစောင့်စစ်တပ်က ဖြစ်​​နေတာတွေ့ရတယ်
တရုံးလုံးကို သေနတ်​​တွေနဲ့ ၀ိုင်းထားကြတာ။ ပြီးတော့ ကျနော်တို့ကို ဘာလူမျိုးလဲ ဘာကိစ္စနဲ့လာနေတာလဲမေးတော့မှ ကျနော်တို့ကျောင်းသားမှန်းသိသွားတော့တယ်(နောက်​​တော့မှသိရတာက.. ဘေးအိမ်ကတိုင်တာ။ သေနတ်​​တွေနဲ့ မသင်္ကာစရာလူတစု ဒီအိမ်မှာ ရှိနေတယ်​​ပေါ့)
နောက်​​တော့ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်လက်မှတ်ရှိမရှိ စစ်ပါလေးရော။ ကျန်တဲ့သူအားလုံး လက်မှတ်ရှိပေမဲ့ လက်မှတ်မရှိတဲ့ကျနော်နဲ့ လက်မှတ်ရှိသော်လည်း ရက်လွန်​​နေတဲ့ အောင်လင်းကို ဖမ်ရောပေါ့ဗျာ။
(အလုပ်ကိစ္စနဲ့မဟုတ်ဘဲ လာနေနေတဲ့ကျနော်ကို ရုံးတာဝန်ခံက လက်မှတ်မလုပ်​​ပေးရုံမဟုတ်ဘူး..သူ့ရုံးမှာ တာဝန်နဲ့မဟုတ်ရင်နေဖို့ ပြောလာခဲ့လို့..ငါ ထွက်စာတင်ထားတယ်..နှုတ်ထွက်စာ မရသေးခင်အထိနေမယ်၊ ရတဲ့နေ့ မနေပါဘူးလို့ ပြောထားပြီသား)
အောင်လင်းနဲ့ ကျနော်ကို နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ရှိရာကို ခေါ်သွားပြီး စစ်​​မေးပြန်​​တယ်။ ကျောင်း သားမှန်ပိုကြိမ်သေသွားမှ နယ်ခြားစောင့်အရာရှိတွေလည်း လာဖမ်းတုန်းကလို မျက်နှာတင်းတင်းမာမာ မဟုတ်​​တော့ဘဲ ရီရီပြုံးပြုံးဖြစ်လာတယ်။ (အော်...ထိုင်းအရာရှိတွေနဲ့ပြောတယ်ဆိုလို့ ကျနော်တို့နှစ်ယော​က်​လုံးကိုအထင်မကြီးနဲ့…ထိုင်းစကားကို တလုံးနှစ်လုံးပဲ ပြောတတ်ကြတာ။ အများအားဖြစ် လက်ဟန်​​ခြေဟန်ဲ)။ ပြီးတော့ ကျနော်တို့ကို ရဲစခန်းအချုပ်ထဲ ပို့လိုက်​​ရောပေါ့ဗျာ။ အချုပ်တခါမှမကျဖူးတဲ့ ကျနော်တို့နှစ်​​ယောက်လည်း စိတ်ပျက်အားငယ်စွာနဲ့ နံရံသံတိုင်​​တွေမှီပြီး ကိုယ့်အဖွဲ့က ဘယ်​​တော့လာထုတ်မလဲလို့ မျှော်ရတာပေါ့။
နာရီဝက်​​လောက်​​နေတော့ အောင်လင်းနဲ့ ကျနော့်နံမည်ကို ထိုင်းသံဝဲ၀ဲနဲ့လှမ်ခေါ်သံကို ကြားရလို့ လှည့်ကြည့်လိုက်​​တော့ ထိုင်းအရပ်ဝတ်ဝတ်ယောက်နဲ့ ရဲတွေ ကျနော်တို့ကို ကြည်နေတာ တွေ့ရတယ်။ သူတို့တွေ ငါတို့နှစ်​​ယောက်ကြောင်ပြောနေတာဖြစ်မှာပဲဆိုပြီး ကျနော်တို့နှစ်​​ယောက်လည်း ရဲတွေကို ကျောပေးပြီး ပြန်ထိုင်​​နေလိုက်တယ်
ခဏနေတော့ ထိုင်းရဲတယောက်​​ရောက်လာပြီး ကျနော်တို့နှစ်​​ယောက် ကျောကိုပုတ်လို့ လှည့်ကြည့်လိုက်​​တော့ ပြုံးပြံးကြီးကြည်နေတဲ့ စိုင်းစိုးလွင်နဲ့ သူ့ရဲ့စီးပွားဘက် ထိုင်ထောက်လှမ်ရေးကို အံသြစွာတွေ့လိုက်ရတယ်
(အံ့သြမှာပေါ့ ကိုယ်​​မျှော်​​နေတာက ကိုယ့်အဖွဲ့ကိုး)..ဒီတော့မှပဲ သိလိုက်ရတယ် ကိုစိုင်း သူ့ထောက်လှမ်ရေးကိုခေါ်လာပြီး ကျနော်တို့ကို လာထုတ်တယ်ဆိုတာ။
အချုပ်အပြင်​​ရောက်တာနဲ့ ကျနော်တို့ဖမ်းခံထိတာ ဘယ်လိုသိလဲလို့ ကိုစိုင်းကိုမေးလိုက်​​တော့ " အချိန်တန်လို့ ခင်ဗျားမရောက်လာတာနဲ့ ကျနော်ကျောက်ကုန်သည်လေးကို ခင်ဗျာတို့ရုံးကိုလွတ်ပြီး ခေါ်ခိုင်းလိုက်တာ ဖမ်းခံထိမှန်သိသိချင်း လာခေါ်ထုတ်တာ"လို့ ပြောပြတယ်
နောက်​​တော့ အောင်လင်းကို ရုံးပြန်ပို့ပြီး ကိုစိုင်ခေါ်လို့ တနေရာကိုလိုက်သွားပြန်​​ရော။ ရောက်သွားမှ မယ်စရီယန်မြို့ ရဲမှူးရဲ့မယားငယ်အိမ်ဖြစ်​​နေမှန်သိရတော့တယ်
ရောက်​​နေတဲ့ ရဲမှူးနဲ့ ကနော့်ကို မိတ်ဆက်​​ပေးတယ်။ မယ်စရီယန်မြို့ ရေကြီးနေလို့ လိုအပ်ရင် ကူညီရအောင်ဆိုပြီး လာတာလို့ကိုစိုင်ပြောပေမဲ့ ကျနော်တို့ဘာမှ အထွေအထူးမလုပ်ရပါဘူး။ မြို့နယ်ရဲမှူးနဲ့ အတူ ရေကြီးတဲ့နေရာတွေလိုက်ကြည့်တာပဲ။
နေစောင်းလို့ပြန်ကြမယ်လုပ်​​တော့ ရဲမှူးက ကျနော်ကိုမေးတယ် " မင်းတို့ရုံး ဘယ်မှာဖွင့်ထားတာလဲ" တဲ့...နေရာပြောပြလိုက်​​တော့.."အဲဒီနေရာမကောင်းဘူး ငါ့အိမ်​​ရှေ့မှာ အိမ်တလုံးငှားဖို့ရှိတယ် အဲဒီမှာ ပြောင်းဖွင့်ကြပါလား။ ငါ တာဝန်ယူတယ်" လို့ပြောတယ်။ ကိုစိုင်းလည်း ကျနော်ကို ပြုံးပြုံးကြည်နေတော့ တယ်
(မယ်စရီယန်​​ရေကြီးတာ ကျနော်ဘာမှအကူအညီမပေးနိုင်တာသိရက်နဲ့ ရဲမှူးအိမ်​​​ခေါ်လာတဲ့ကိုစိုင်းကို ခေါ်လာခါစက နားမလည်ပေမဲ့ ပြန်ခါနီး ရဲမှူးရဲ့ပြောစကားနဲ့ ကိုစိုင်းရဲ့အပြုံးကိုကြည့်ပြီး ကျနော်နားလည်းလိုက်ပါပြီ။ ကျနော်တို့ရဲ့လုံခြုံရေးကို ကောင်စေချင်လို့ဆိုတာ)
ဒီအကြောင်းကို ကျနော်တို့အဖွဲ့ရဲ့တာဝန်ရှိသူကို ၀မ်းသာအားရပြောပြပေမဲ့ ဘာမှအကြောင်းပြန်ကြားချက်မရခဲ့ဘူး။
ဒီလိုနဲ့
နေကြရင် တရက်ကျတော့ ကျနော်ကို သူနဲ့အဖော်လိုက်​​ပေးဖို့ ၀င်းနိုင်ဦး(ဗဟိုကော်မတီ) လာခေါ် တယ်။ ဘာကိစ္စလဲမေးတော့ ထောင်ဝင်စားသွားတွေ့ဖို့လို့ ပြောတယ်။ ဒါနဲ့လိုက်သွားရင် လမ်းမှာမေးကြည်တော့ ဝင်းတင့်ဟန်(ဆေးမှူး)နဲ့ ကမ်းပူးခြား(နံမည်အရင်း မမှတ်မိတော့)(မိုင်းထိပြီး ခြေ တဖက်ပြတ်သွားသော တပ်ရင်း ၂၀၄-၂၀၅ ရဲဘော်) ဆိုတဲ့ ရဲဘော်နှစ်ဦး မူးယစ်​​ဆေးမှုနဲ့ အဖမ်းခံနေရ ကြောင်း သိရတယ်။ (အမှန်က...နိုင်ငံခြားသားအလှူရှင်​​တွေပေးတဲ့ဆေးတွေကို Dr.စင်သီယာ ဆေးခန်း(မဲဆောက်) ကနေ မဲစရီယန်ကိုသယ်​​ဆောင်လာရာမှာ ကျနော်တို့အဖွဲ့ကိုမကြေနပ်တဲ့ ကရင်​​ထောက်လှမ်ရေးတွေက ထိုင်းရဲတွေကို အတို့အထောင်လုပ်လိုက်လို့ ဒဏ်ရာရရင်ထိုးရတဲ့ဆေးတွေ ကိုမူးယစ်​​ဆေးတွေဆိုပြီး အကြောင်းပြအဖမ်းခံရတာ)
တရားရုံးကိုရောက်သွားတော့ အမှုစစ်ပြီးလို့ အချုပ်ထဲပြန်ထည်တော့မယ့် ၀င်းတင့်ဟန်တို့နှစ်​​ယောက်ကိုတွေ့ရတယ်အကျိုးအကြောင်မေးကြည့်​​တော့ သူတို့ထောင်ထဲရောက်တာ သုံးလလောက်ရှိပြီ။ တရားရုံးထုတ်တာလဲ အကြိမ်ကြိမ်ရှိပြီ။ အခုထိ တရားရုံးက အမိန့်မချသေးကြောင်း သိရတယ်။သူတို့နှစ်​​ယောက်လုံးလည်း မျက်နှာမကောင်းကြဘူး။ ကိုယ်လည်း ကိုယ်ရဲဘော်​​တွေကို ဒီလိုတွေ့ရတော့ စိတ်ကောင်ပေမဲ့ ဘာမှမတတ်နိုင်ဘူး။ ကိုယ်ကိုတိုင်​​တောင် နေထိုင်ခွင့်လက်မှတ်မရှိလို့ ရဲကြောက်​​နေရတာ။ ကျနော်နဲ့ဝင်းနိုင်ဦးလည်း သူတို့နှစ်​​ယောက်ကို ပေးစရာရှိတာပေးပြီး ရုံးကိုပြန်လာခဲ့ကြတယ်
ရုံးရောက်လည်း ဒီအကြောင်းပဲတွေးနေမိလို့ စိတ်​​ပြေလက်​​ပျောက် ကိုစိုင်းတို့ရုံးကို ထွက်လာခဲ့လိုက်တယ်။ မျက်နှာမကောင်းဘဲရောက်လာတဲ့ကျနော်ကို ဘာဖြစ်လာခဲ့တာလဲလို့ ကိုစိုင်မေးလို့ အကျိုးအကြောင်ပြောပြလိုက်တယ်နောက်​​တော့ ကိုစိုင်းက..သူ မဲစရီယန်ရဲမှူးရုံးကို သွားစရာရှိလို့ လိုက်ခဲ့ပါ အုံးခေါ်တာ မလိုက်ချင်​​ပေမဲ့(ဘာလက်မှတ်မှမရှိဘဲ ကိုယ့်ကိုဖမ်းနိုင်တဲ့ရဲတွေဆီသွားရမယ်ဆိုတော့ ဘယ်သွားချင်ါ့ မလဲ) အားနာတရော… သူ့အားကိုးနဲ့ရောကြောင့် လိုက်သွားခဲ့တယ်
ရဲစခန်ရောက်​​တော့ ပိုကြောက်သွားခဲ့တယ်။ မြင်​​တွေ့နေကျရဲအင်းအားထက်ပိုများနေလို့ ကိုစိုင်းကိုမေးကြည်တော့ မဲစရီယန်မြို့ရေကြီးလို့ ခရိုင်တခုလုံးမှာရှိတဲ့ မြို့နယ်ရဲမှူးတွေ ရောက်​​နေတာတဲ့။ ကိုစိုင်းကတော့ ရောက်တာနဲ့ မယ်စရီယန်ရဲမှူးနဲ့ စကားသွားပြောနေတယ်။ ကျနော်ကတော့ ချောင်ချောင်မှာ ကုပ်ကုပ်​​လေး ထိုင်​​နေပေါ့။
ခဏနေတော့ မဲစရီယန်ရဲမှူးက ကိုစိုင်းကို ခရိုင်တခုလုံးရဲ့ရဲမှူးကြီးဖြစ်တဲ့ ချင်းမိုင်ရဲမှူးနဲ့ မိတ်ဆက်​​ပေးနေတာ တွေ့ရတယ်။ သူတို့လည်း ရယ်ရယ်​​မောမောပြောနေကြပြီး စကားနားမလည်တဲ့ကျနော် ငုပ်တုပ်​​ပေါ့။ နာရီဝက်​​လောက်ကြာတဲ့အချိန်မှာ ကိုစိုင်းက ကျနော့်ကိုလှမ်ခေါ်ပြီး ကျနော်တို့ရဲဘော်နှစ်​​ယောက်ဖမ်းခံထိ တဲ့အကြောင်း ချင်းမိုင်ရဲမှူးအရှေ့မှာ ကျနော်ကိုမေးပါလေးရော။
ကျနော်​​ပြောသမျှကို ချင်းမိုင်ရဲမှူးကို ကိုစိုင်းက ဘာသာပြန်​​ပေးတယ်။ ကျနော်​​ပြောလို့ပြီးတာနဲ့ ချင်းမိုင်ရဲမှူးက ၀င်းတင့်ဟန်တို့ကိုဖမ်းတဲ့ရဲမှူးကိုခေါ်ပြီး မေးပြန်တယ်။ ရဲမှူးနှစ်​​ယောက်​​ပြောတာ ကျနော်နားမလည်​​ပေမဲ့ ဖမ်းခဲ့တဲ့ရဲမှူးရဲ့မျက်နှာက အတော်ကျေမနပ်ဖြစ်​​နေပုံပဲ။
နောက်​​တော့ ကိုစိုင်းက တရားရုံးသွားကြမယ်လို့ ကျနော့်ကိုခေါ်လို့သွားကြရင် လမ်းမှာမေးကြည်တော့ ကျနော်​​ပြောပြတာတွေကိုသိသွားတဲ့ ချင်းမိုင်ရဲမှူးက ရဲဘော်နှစ်​​ယောက်ကိုဖမ်းတဲ့ရဲမှူးကို ပြေလည်​​အောင်လုပ်​​ပေးဖို့ ပြောသတဲ့။ ဖမ်းတဲ့ရဲမှူးက ပထမတော့ လုပ်​​ပေးဖို့ငြင်ပေမဲ့ ရာထူးကြီးတဲ့ ချင်းမိုင်ရဲမှူးရဲ့အမိန့်ကို မလွန်ဆန်နိုင်တာနဲ့ မကြေမနပ်နဲ့ သဘောတူလိုက်ရတာတဲ့။
ဖမ်းတဲ့ရဲမှူးလည်း မျက်နှာရှစ်​​ခေါက်ချိုးနဲ့ တရားရုံးကို လိုက်လာတာပေါ့ဗျာ။
တရားရုံးရောက်​​တော့ ကိုစိုင်းနဲ့ မယ်စရီယန်ရဲမှူးက အချုပ်ခံတာဝန်ရှိသူတွေနဲ့ သွားပြောနေချိန်မှာ ကျနော်က တရားရုံးအရှေ့မှာ မျက်နှာသေနဲ့ထိုင်​​နေတာပေါ့။ ဒီအချိန်မှာပဲ ဖမ်းတဲ့ရဲမှူးကလည်း ကျနော်​​ဘေးနားမှာ မျက်နှာစူပုတ်ပုတ်နဲ့လာထိုင်တယ်။ သူ့နိုင်ငံလည်းဖြစ်ပြန်၊ ကိုယ်ကလည်း တရားမ၀င်​​နေလို့ သူ့ကိုကြောက်ရမယ့်အပြင် သူကလည်း ကိုယ့်ကိုမကြေနပ်မှန်သိနေတော့ ကိုယ့်အခြေအနေက ထဘဲပြေးရတော့မလိုလို အနေအထိုင်ကြပ်လိုက်သည်ဖြစ်ခြင်း။
နောက်​​တော့ ရဲမှူးက ဒေါသမျက်နှာနဲ့ ထိုင်းလိုကျနော့်ကိုမေးလို့ ငါထိုင်းလိုမတတ်ဘူး အင်္ဂလိပ်လိုနည်းနည်း ရတယ်​​ပြောလိုက်​​တော့ သူ့မျက်နှာမှာ ဒေါသတွေပျောက်ပြီး ကျနော့်ကို အထင်ကြီးတဲ့ပုံပေါက်လာတယ်။ မင်း အင်္ဂလိပ်လို ဘယ်လိုဖြစ်လို့ ပြောတတ်တာလဲလို့ မေးလာလို့ ကျနော်ရဲ့အဖြစ်ကို ကျနော်တတ်တဲ့ အင်္ဂလိပ်အကျိုးအပဲ့နဲ့​​ရော လက်ဟန်​​ခြေဟန်နဲ့ရော ပြောပြလိုက်တယ်
ငါ မြန်မာပြည်မှာ သချာင်္နဲ့ ဘွဲ့ရလာတာ၊ အစိုးရကိုမကြေနပ်လို့ တောခိုလာတာ။ ငါတို့ရဲဘော်​​တွေ သယ်လာ တဲ့ဆေးတွေဟာ မူးယစ်​​ဆေးဝါးတွေမဟုတ်ဘူးဆိုတာ ပြောပြလိုက်တယ်
ထိုင်းရဲမှူးပြောပြလို့ သူလည်းချူ လာလောင်ကွန်တက္ကသိုလ်က Physics နဲ့ ဘွဲ့ရလာကြောင်းသိလိုက်ရတယ်။ နောက်ဆုံးတော့ ကျနော်တို့နှစ်​​ယောက် ရီရီမောမောဖြစ်သွားကြတယ်​​ပေါ့ဗျာ
မကြာခင်
မှာပဲ ကိုစိုင်းလာခေါ်လို့ အချုပ်ကျနေတဲ့ရဲဘော်​​တွေရှိရာ လိုက်သွားလိုက်တယ်။ ကျနော်ကိုတွေ့တော့ ၀င်းတင့်ဟန်တို့နှစ်​​ယောက် အံ့သြနေကြတယ်
(သူတို့အံ့သြလည်း အံ့သြစရာ၊ အချုပ်သားတွေကို တရက်ထဲ နှစ်ကြိမ်ရုံးထုတ်ရိုးထုံစံမရှိဘူးလေ။ သူတို့ကိုလာထုတ်တဲ့ကိုစိုင်းကို သူတို့မသိတော့ လူမှားပြီးလာထုတ်တယ်ဲထင်​​နေကြတာ)
ကနော်လည်း အဖြစ်အပျက်ကို သူတို့ကိုရှင်းပြလိုက်တယ်နောက်​​တော့ ထိုင်းရဲတွေ တရားသူကြီးတွေနဲ့ ညှိနှိုင်းလာတဲ့ကိုစိုင်းက အခြေအနေတွေကို ကနော်ကိုရှင်းပြတယ်။ ဒီတခါ တရားရုံးထုတ်လို့ ကျနော်တို့ရဲဘော်နှစ်​​ယောက်က ဟုတ်မှန်​​ကြောင်းဝန်ခံလိုက်ရင် တရားသူကြီးက တယောက်ကို ထိုင်ငွေတသောင်းစီ ဒဏ်ရိုက်ပြီး လွတ်​​ပေးမယ်။ ၀န်မခံရင် ဒီလိုပဲ တရားရုံးထုတ်လိုက် အချုပ်ထဲထည့်လိုက်လုပ်​​နေအုံးမယ်လို့ပြောတယ်
ဒီအကြောင်းကို ရဲဘော်နှစ်​​ယောက်ကို ရှင်းပြတော့ သူတို့ကလက်မခံချင်ဘူး။ ဟုတ်မှမဟုတ်ဘဲ ၀န်မခံချင်ဘူးလို့ပြောတယ်။ ကျနော်လည်း သူတို့ကို ဖြောင့်ဖျရတော့တာပေါ့။
ဟုတ်တာမဟုတ်တာ အဓိကမဟုတ်၊ လွတ်​​မြောက်ဖို့က အဓိကလို့ ရှင်းပြတော့မှ သူတို့လည်း လက်ခံတော့ တယ်။ ဒါနဲ့ပဲ ကိုစိုင်းကိုသဘောတူကြောင်းပြန်​​ပြောပြတော့ ဒဏ်​​ငွေကို သူစိုက်ထားပေးမယ်လို့ ကိုစိုင်းကပြောတယ်..
ကျ
နော်လည်း ရုံးကိုဝမ်းသာအားရပြန်လာပြီး ၀င်းနိုင်ဦး(ဗဟိုကော်မတီ)ကိုပြောပြတော့ ဒီငွေနှစ်​​သောင်းကို သူမရှာပေးနိုင်ဘူးတဲ့။ ကျနော်​​တော်တော့်ကို စိတ်ပျက်သွားတယ်(ငွေ နှစ်​​သောင်းကို လွယ်လွယ်နဲ့ရှာလို့မရဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ရဲတွေနဲ့ညှိပေးမယ့်သူ ငွေစိုက်ထားပေးမယ့်သူ မရှိရင် ဘယ်​​လောက်ကြာအောင် ထောင်ထဲမှာနေရမှန်မသိတဲ့ ရဲဘော်နှစ်​​ယောက်အတွက် ကျနော်တို့ ဒီငွေကိုရအောင်ကြိုးစားကြတာပေါ့လို့ မပြောသင်ပေဘူးလာဗျာ)
ကျနော်ဟာ အဖွဲ့ရဲ့တာဝန်အရှိဆုံးသူလည်းမဟုတ်၊ မကြာခင်မှာဘဲ အဖွဲ့ကထွက်​​တော့မယ်သူဖြစ်တဲ့အတွက် ကျနော်ဘာများတတ်နိုင်ပါအုံးမလဲ။
နှစ်
ရက်​​လောက်​​နေတော့ အောင်သူငြိမ်း(ဒုဥက္ကဋ္ဌ) ဘန်​​ကောက်ကနေ မယ်စရီယန်ကို ရောက်လာတယ်တောထဲကစခန်းကိုသွားဖို့ ကျနော့်ကိုခေါ်လို့ အဖော်လိုက်သွားခဲ့တယ်။ တညအိပ်ပြီးပြန်လာတော့ လမ်းမှာသူ့ကို ကျနော် ပြောတယ်။ ကျနော် ထွက်စာတင်ထားပြီးပြီ။ လမ်းစရိတ်လည်း ရှိနေပြီ။ (ဘန်​​ကောက်မှာနေတဲ့ ညွန့်ဝင်း(တပ်ရင်း ၂၀၄-၂၀၅) က ကျနော်ကို လမ်းစရတ်ပို့ထားပေးတယ်)။
ကျနော်ကို ဘန်​​ကောက်​​ခေါ်သွားပေးဖို့ပြောတော့ သူ သဘောတူတယ်။ ကနော်တို့ မယ်စရီယန်ရုံးရောက်​​တော့ ရုံးကမရှိတော့ဘူး၊ ပြောင်းသွားပြီ။ ကျနော်တို့နှစ်​​ယောက်လည်း စုံစမ်းပြီး ရုံးသစ်ကို လိုက်သွားတော့ ထောင်ကလွတ်ပြီး ရုံးရောက်​​နေတဲ့ဝင်းတင့်ဟန်နဲ့ ကမ်းပူးခြားကို ဝမ်းသာစွာတွေ့လိုက်ရတယ်
(သူတို့ဘယ်လိုလွတ်လာလဲဆိုတာ ကျနော်​​မေးဖို့အချိန်မရှိခဲ့ဘူး။ ကိုစိုင်ကျေးဇူးကြောင့် လွတ်လာတယ်ဆိုရင်လည်း ဒီငွေတွေကို ပြန်​​ပေးခဲ့လား ကျနော်မသိတော့ဘူး)(ကျနော်ထွက်လာတာကို ကိုစိုင်းကို ပြောမပြခဲ့တဲ့အတွက် သူမသိခဲ့ဘူး။ ကျနော် အဖွဲ့ကထွက်မယ်ဆိုတာ ဘာကြောင့်မှန်းမသိ ကိုစိုင်းကိုပြောပြဖို့ ရှက်​​နေခဲ့တယ်)
ကျ
နော်နဲ့ အောင်သူငြိမ်းတို့နှစ်​​ယောက် ညကားနဲ့ ဘန်​​ကောက်ကိုတက်လာခဲ့ကြတယ်
မနက်​​ရောက်ပြီး ညဘက်မှာတော့ မိုးသီးဇွန်နဲ့ တွေ့ရတယ်။ ကျနော်ထွက်မှာကိုသိသွားတဲ့ မိုးသီးဇွန်ကလည်း အမျိုးမျီုးပြောပြီးတားပေမဲ့ နောက်နေ့မနက်​​စောစော အားလုံးအိပ်​​ကောင်နေတဲ့အချိန်မှာ ကျနော်ထွက်လာခဲ့လိုက်တယ်။ သူတို့နိုးတဲ့အချိန်မှာ မထွက်ချင်ဘူး
ရဲဘော်ရဲဘက်ဆိုတဲ့သံယောဇဉ်ကြိုးနဲ့ ငြိနေမှာစိုးလို့.။ ဒါတောင် ရုံးအပြင်​​ရောက်​​တော့ လှည့်ကြည့်လှည့်ကြည့်နဲ့ မျက်ရည်ကထွက်ကျလာသေးတယ်
နောက်​​တော့ တော်လှန်ရေးကို ငါနိုင်လောက်လုပ်ခဲ့တာပဲလေဆိုပြီး စိတ်ကိုဖြေက ထွက်လာပါတော့တယ်

စိုးလွင်(၀မ်ခ)(211)