သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ပိုင်စိုးဦးနှင့် ကေဇော်မိုးတို့၏ကဗျာများ

မိုးကဗျာ
Absolutearts.com
 ``မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်
းသီးခွဲစားမယ်´´တဲ့။
သီချင်းသံ ကြားရင်
ကလေးစိတ်ပေါက်သွားတယ်။
နို့စို့ချင်သလိုလို
အုန်
းသီးစားချင်သလိုလိုနဲ့
မိုးရွာထဲ လျှောက်ပြေးချင်တယ်။
မေမေလည်း သေပြီ။
ဖေဖေလည်း သေပြီ။
မိုးသီချင်းရေးတဲ့
ကိုမောင်မောင်ဈာန်လည်း သေပြီ။
ကျန်နေတာ ငါတယောက်တည်းလိုလို။
နို့အစား အရက်သောက်တယ်။
အုန်
းသီးအစား အမြည်းစားတယ်။
ပြီးရင်
ထီးမဆောင်းဘဲ လမ်းလျှောက်မယ်။
အခု
မိုးတွေ ရွာနေတယ် အချစ်ရယ်။

နရီမင်း
၂၅- ၉- ၂၀၁၆
…
 မတီးမမြည်
Instagram
 အနာဟာ
လူတယောက်​ဆီကလာတယ်
အနာဟာ
စကားတခွန်းက လာတယ်
အနာဟာ
မိသားစုကလာတယ်
အနာဟာ
လျှောက်​​နေတဲ့လမ်းကလာတယ်
အနာဟာ
ဆေးရုံကလာတယ်
အနာဟာ
သယံဇာတပြုန်းတီးမူကလာတယ်
အနာဟာ
ခရိုနီ​တွေဆီကလာတယ်
အနာဟာ
အနိုင်​ကျင်​ဗိုလ်​ကျမူကလာတယ်
အနာဟာ
အာဏာရှင်​စနစ်​ကလာတယ်
အနာ​တွေ ဗွက်​ထ​နေတာပဲ
အနာဟာ မမြင်​ကွယ်​ရာကအလစ်​​ခြောင်းလို့
အနာဟာ နာရွက်​တံ​တွေးဆွတ်​ပြီးစိန်​​ခေါ်​နေတယ်
အဲဒါမှ အနာ​ပေါ်ဒုတ်​ကျ​တော့တာပဲ
အနာဟာ ​ငေါက်​ခနဲထ နဘမ်းလုံး​တော့တာပဲ
သတိရတိုင်​ စမ်းစမ်းကြည့်မိတဲ့ အနာ
အနာဟာ အနာပီသစွာနာလို့
အနာကိုကိုင်​တွယ်​မိရင်​လက်​မလွှတ်​ချင်​ဘူး
မနက်​ဖြန်​​ပေါင်းများစွာအထိ
ကမ္ဘာ​ကျော်​ရုပ်​ရှင်​မင်းသမီးမာရီလင်​မွန်​ရိုးလို
ဆွဲ​ဆောင်​အား​ကောင်း​နေဆဲ အနာ။

ပိုင်​စိုးဦး
…
ဆာလောင်သူများ
Evergreen Art Discovery
အသံဆာနေသလား
ကလေးလေး။
မွတ်သိပ်နေတဲ့မျက်ဝန်းတွေထဲ
ခေါ်သံတွေ မျှော်နေသလား
ကလေးလေး။
အဲ့ဒီနေ့ကိုပြန်မပြောနိုင်ခဲ့ဘူး
ရှိမှရှိတတ်ပါ့
မေးတဲ့အခါဗလာပဲ
ပေါက်ဆွရမယ့်မြေဟာ
ပစ်ပြေးထားခံ တလင်းပြင်
ကိုယ်၌ကိုယ်ပြန်ကြည့်မှ
အသက်ကမှန်တယ်။

ကလေးလေး
ကလေးလေးရေ
ခရေဖြူလေးကောက်ခဲ့ကွယ်
ကြာဖြူလေးခူးခဲ့ကွယ်
ညှိုးနေလည်း မွှေးပေါ့
ဖျက်ပြင်ရာများလည်း
ရနံ့ရှင်းတဲ့မြေပြင်မှာ ပြေးဆော့လေ။

ကလေးလေး
ကလေးလေးရေ
ပျိုးခင်းလေးက လှတယ်
( လှတယ် )
ပျော်ပျော်ပါးပါး ကောက်သစ်စားကြကွယ်။

ညာတတ်သူစကား
ယုံလား
ကလေးလေး
ကလေးလေးရေ
မေးတော့
မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်
တိတ်ပါ ကလေးလေး
သန့်ရှင်းစွာတည်ခင်းဖြစ်မယ့်နာရီတွေ
ဘုရားသခင်စောင့်ရှောက်ပါစေ
ချွင်…. ချွင်
( ဆည်းလည်းခတ်သံ)
(ဓမ္မကျောင်းကသီချင်းသံ)
ဒီအသံတွေ
ဒီအသံကို
ဆာလောင်နေတာလား ကလေးလေးရေ ။  ။

ကေဇော်မိုး

Comments