သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ ငြိမ်းဝေ(ကဗျာ့ အိုးဝေ)၏ "ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ(၂)"

ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ 
ဘာသာပြန်ဆိုသူရဲ့အမှာ...
ငြိမ်းဝေ(ကဗျာ့ အိုးဝေ)
(က)
 ရုရှနိုင်ငံရဲ့စာပေသမိုင်းမှာ ၁၉၁၇ ခုနှစ် တဝိုက်အချိန်ကာလကြီးဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။ အဲဒီကာလကြီးကို ရပ်တည်ချက်အမျိုးမျိုးအပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုး ပြော ကြရေးကြတာတော့ ရှိတယ်။ ဒါပေမဲ့ ရုရှစာပေရဲ့မီးရှုးတန်ဆောင်တဦးဖြစ်တဲ့ ကဗျာဆရာကြီး ‘ အလက် ဇန်ဒါဘလော့´ ပြောတဲ့စကားကို ကျနော် အနှစ်သက်ဆုံးပါပဲ။ အဲဒီကာလကို ‘ ကြောက်မက်ဖွယ်စ်ကာလကြီး ´ ဆိုပြီး ‘ ဘလော့ ´က ရည် ညွှန်းခဲ့ပါတယ်။ အဲဒီကာလမှာ ဇာဘုရင်ရဲ့အဏာရှင်ပဒေသရာဇ်စံနစ်ကို အရူးအမူးတော် လှန်ကြတဲ့ ပုန်ကန်သူ အမျိုးမျိုး အဖွဲ့အစည်းအမျိုးမျိုးဟာ အစွမ်းကုန်လှုပ်ရှား တိုက် ပွဲဝင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ထုံးစံအတိုင်း တော်လှန်ရေးအသားမကျသေးတဲ့ အချိန်ဖြစ်တာမို့ အခြေ အနေတွေဟာ အင် မတန် ရှုတ်ထွေးနေခဲ့ပါတယ်။ ရန်သူမိတ်ဆွေခွဲခြားရခက်တဲ့အချိန် ရန်သူမိတ်ဆွေ အပြတ်အသတ် သတ်မှတ်ရ ခက်ခဲတဲ့အချိန်မျိုး ဖြစ်ပါတယ်။ ရုရှနိုင်ငံရဲ့  နိုင်ငံရေးမိုးကောင်းကင်ဟာ အဲဒီအချိန်လောက် ဘယ်တုန်းကမှ သည်လောက် မမှုန်မှိုင်းခဲ့ပါဘူး။ ဒီလို အချိန်မျိုး မှာ အမှားမှားအယွင်းယွင်းဖြစ်မှုတွေ လွန်လွန်ကဲကဲ ဆုံးဖြတ်မှုတွေ လျပ်တပျက် ဘက်ပြောင်းမှုတွေ အစိုး ရိမ်ကြီးမှုတွေ ရန်လိုမုန်းတီးမှုတွေနဲ့ ရုရှလူ့အဖွဲ့ အစည်းဟာ အိုးထိန်းစက်လို အပြင်းအထန် လှုပ်ရှား ဆူပွက်နေပါတယ်။ ဒီလိုရှုတ်ထွေး မှုန်မှိုင်းလှတဲ့ကာလကြီးအပေါ်မူတည်ပြီး ရုရှစာပေနယ်ပယ်မှာ လည်း အယူ အဆအမျိုးမျိုးနဲ့ ရပ်တည်ကြတဲ့ စာပေအုပ်စုတွေ မှိုလိုပေါက်ခဲ့ပါ တယ်။ အဲဒီအထဲမှာ အထင် ရှားဆုံး စာပေအုပ်စု (၄) အုပ်စု ရှိခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ ပထမအုပ်စုက ‘ဆိုရှယ် လစ် သရုပ်မှန်အုပ်စု´ဖြစ်ပါတယ်။ နောက် တအုပ်စု က‘သင်္ကေဝါဒ´အုပ်စုပါ။ နောက်ထပ် တအုပ်စုက ‘အနာဂတ်ဝါဒ အုပ်စု´၊ နောက်ဆုံးတအုပ်စုက ‘အက်က်မေ့စ်´(Acmeis) အုပ်စု ဖြစ်ပါ တယ်။ နောက်ဆုံးတအုပ်စုဖြစ်တဲ့ ‘ အက်က်မေ့စ်´(Acmeis) အုပ်စု မှာ ခေါင်းဆောင်သူ (၄) ဦးရှိ တယ်လို့ ယူဆကြပြီး အဲဒီလေးဦးထဲမှာ ကျနော်အခုရွေးချယ်ပြီး ဘာ သာပြန်တဲ့ကဗျာများရဲ့ ပိုင်ရှင် ‘ အိုစစ် မင်ဒယ်လ် စတန်း´(၁၉၈၁-၁၉၃၈) ဟာ တဦးအပါ အဝင် ဖြစ်ပါတယ်။တိုတိုပြောရရင် ‘အိုစစ်မင်ဒယ်လ်စတန်း´ဟာ တော်လှန်ရေးဆန့်ကျင်သူ ဆိုရှယ်လစ်စံနစ်ရဲ့ ရန်သူတော် အဖြစ်နဲ့ဆိုက်ဗေးရီးယား မဲဇာတောမှာ မထင်မရှားနဲ့ သေဆုံး ခဲ့ရတဲ့ အဲဒီကြောက် မက်ဖွယ်ကာလကြီးရဲ့ သားကောင် တဦးပါပဲ။ သူဟာ ရုရှဆိုရှယ်လစ် ကမ္ဘာသစ်မှာ ခေါင်းဆောင်ကြီးစတာလင်ကို အတိအလင်း ကဗျာရေးဖွဲ့ ရှုတ်ချခဲ့တဲ့ကဗျာဆရာ တဦးပါ။ အဲသလိုအချိန်မျိုးမှာတော့ သူဟာ တော်လှန်ရေးဆန့်ကျင်သူအဖြစ် နိဂုံးချုပ်ခဲ့ပေ မယ့် နောင်အနှစ် ၇၀ ကျော်လာတဲ့အခါမတော့ ‘အာဏာရှင်ဆန့်ကျင်ရေး သူရဲကောင်း´အဖြစ် ကမ္ဘာ က လေးစားလာခဲ့ရပြန်ပါတယ်။ သူ့ကို ၁၉၃၈ ခုနှစ်မှာ သေဆုံးတယ်လို့ ယေဘုယျ ယူဆကြပေမယ့် သူ ဘယ်မှာဘယ်လိုနည်းနဲ့ သေဆုံးသွားခဲ့ရတယ်ဆိုတာတောင်မှ ဘယ်သူ မှအသေအချာ မပြောနိုင်ကြပါ ဘူး။ သေချာ တာတခုကတော့ သူဟာ စတာလင်ရဲ့ ဒုတိယ အကြိမ်မြောက် မင်းပြစ်မင်းဒဏ်နဲ့ ဆိုက်ဗေးရီးယား မဲဇာတောမှာ သေဆုံးခဲ့ တာဖြစ်တယ် ဆိုတာလောက်ပဲ သိနိုင်ခဲ့ ကြပါတယ်။‘အိုစစ် မင်ဒယ်လ်စတန်း´နာမည်ရင်း အပြည့်အစုံက ‘Osip Emilevich Mandelstam´ဖြစ်ပါတယ်။ ကျနော့်မှာရှိတဲ့မင်ဒယ်လ်စတန်း ကဗျာစာအုပ် သုံးအုပ်ထဲကမှ ရွေးချယ်ပြန်ဆိုထားခြင်းဖြစ်ပါတယ်ခင်ဗျား။
 ..........
ရဟူဒီကဗျာဆရာ မင်ဒယ်လ်စတန်းရဲ့ ကဗျာများ
Osip Emilevich Mandelstam, 1080.plus


စာ ၂၅၊ ပုဒ် ၁၂


အအေးဒဏ်နဲ့
ငါ့မှာ တွန့်လိမ်ကွေးကောက်
ငါ
ငြိမ်ငြိမ်လေး ကုပ်ပြီး နေချင်စမ်းပ
ဒါပေမယ့် ကောင်းကင်ထဲ ကခုန်နေတဲ့ ရွှေရောင်နေခြည်တန်းက
သီးချင်းဆိုစမ်းလို့ ငါ့ကို အမိန့်ပေးနေသဗျ။
ကိုယ့်ကိုကိုယ် ညဉ်းဆဲလိုက်စမ်း
သတိရလိုက်စမ်းပါ... ချစ်ပါ ငိုကြွေးပါ
စိတ်ဂယောက်ဂယက် ဂီတပညာရှင်
ပြီးတော့
ပေါ့ပါး ကျယ်ဝန်း ဘောလုံး ဖမ်းဆုပ်လိုက်စမ်း
မှုန်ဝါးဝါး ဂြိုလ်ကမ္ဘာတခုပေါ်ကနေ လွှင့်ပစ်လိုက်စမ်းပါ...တဲ့။
ဒါဆို အဲဒါ
ပုန်းကွယ်နေတဲ့ ကမ္ဘာနဲ့
ဆက်သွယ်ထားတဲ့ တကယ့် ချိတ်ဆက်မှု အစစ်အမှန်ပဲပ။
ဘာတခုများ ဖြစ်စေအုံးမှာလဲ
ဘယ်လိုစိတ်ဓာတ်ကျမှုနဲ့ တချွင်ချွင်မြည်စေမှာလဲ။
I am trembling with cold,
I want to be silent!
But gold is dancing in the sky –
it orders me to sing.
Torment yourself, disturbed musician,
remember, love and weep,
and catch that light and airy ball
thrown from a dim planet.
So this is it: a real link
connected to the hidden world!
What a thing to happen,
what jangling despair!
What if the star that glitters
constantly above that modish shop
were suddenly to plunge,
a long hatpin, into my heart?
စာ ၂၇၊ ပုဒ် ၁၃
ငါ
ကြယ်တွေရဲ့
ဆီသည်မလက်သုပ် အလင်းရောင်ကို
မုန်းတယ်။
ငါ ဒီမှာဟေ့ ငါ့ရဲ့ဖျားနာမှု အဟောင်းရေ
နှစ်ဖက်သွား ဓားဦးချွန် မျှော်စင်ရဲ့ ဖြစ်ပေါ်မှုပ။
ကျောက်တုံး
ဇာပန်းချည်ဖြစ်လိုက်စမ်း
ပင့်ကူမျှင် ဖြစ်လိုက်စမ်း
ကောင်းကင်ရဲ့ ဟင်းလင်းဖြစ်နေတဲ့ ရင်ကို
ချွန်မြစူးရှတဲ့ အပ်နဲ့
အနာတရ ဖြစ်စေလိုက်စမ်း။
တောင်ပံခတ်သံ ကြားနိုင်တဲ့
ငါ့အလှည့် ရောက်လာဦးမှာပါ
ဒီတော့ကာ...
အသက်ရှင်သန်ခြင်း ဘဝမြှားတံ ဘယ်ဆီသွားမှာလဲ။
ဖြစ်ကောင်းလည်း ဖြစ်မယ်လေ
ငါ့ခရီးနဲ့ ငါ့အချိန်ကာလ အားလျော့ကုန်ခမ်းသွား
ငါ ပြန်လာခဲ့ပေလိမ့်
ဟိုမှာ ငါ မချစ်နိုင်တဲ့ နေရာ
ဒီမှာ ချစ်မြတ်နိုးဖို့ရာ ကြောက်ရွံ့နေတဲ့နေရာ။
I hate the light
of the monotonous stars.
Hear I am, my age-old fever-
growth of a lancet tower:
stone, be lace,
become a cobweb,
wound the sky's empty breast
with a fine needle.
My turn will come-
I can hear the beat of the wing.
So – but where will the arrow
of living thought go?
Perhaps, my journey and my time
exhausted, I will return :
there I could not love.
Here I am afraid to love.
စာ ၂၉၊ ပိုဒ် ၁၄
မြို့တော်ရဲ့လမ်းတွေနဲ့ ရင်ပြင်ကွက်လပ်တွေပေါ်မှာ
လမင်း ထွက်ပြူလာခဲ့ပြီး
အဲဒီလမင်းကပဲ
ထူထပ်တဲ့မြို့တော်ရဲ့နံနက်ဆည်းဆာကို တဖြေးဖြေး ဆောင်ကြဉ်းလာစေခဲ့
ပြီးတော့လည်း
ညက သိပ်သည်းသထက် သိပ်သည်းလာ
စိတ်ဓါတ်ချွတ်ခြုံကျ
ကြေးပြားနဲ့ ဝစီဗေဒက
ကြမ်းကြုတ်ရက်စက်တဲ့ကာလကို အလျော့ပေး။
ကြိုးကြာငှက်က
သူ့ရဲ့မျှော်စင်ကျောက်တုံးပေါ်မှာ
ငိုကြွေးတယ်
ဖြူဖတ်ဖြူယော် ကောက်ရိပ်သမားက
အသက်မဲ့ ကမ္ဘာကြီးဆီ ဆင်းချလာတယ်
အရိပ်တွေရဲ့ဧရာမသံချောင်းတွေကို
တိုးတိတ်စွာ လှုပ်ခတ်လိုက်တယ်။
သူမက
မြက်ခြောက်ဝါတွေလို
သစ်သားကြမ်းခင်းပေါ်
သူတို့ကို ပစ်ချလိုက်တယ်။
When the city moon comes out on the streets and squares
and slowly the dense town dawns by it,
and the night grows deeper, full of melancholy and copper
and wax singing yields to brutal time;
the cuckoo weeps on her tower of stone
and the pale reaper, coming down to a lifeless world,
quietly stirs the enormous spokes of the shadows.
She throws them as yellow straw to the wooden floor.
  

စာ ၇၃၊ ပုဒ် ၃၂


လီနင်ဂရက်
(ဒီကဗျာကြတော့ နာမည်ပေးထားခဲ့ပါတယ်)
မျက်ရည်များနဲ့ယဉ်ပါးစေဖို့
ငါ့ရဲ့ကလေးဘဝ အာသီးယောင် သွေးကြောထုံး ရှိရာ
ငါ့ရဲ့မြို့ကို ငါပြန်လာခဲ့။
လီနင်ဂရက်ရဲ့ဓာတ်မီးတိုင်မီးအိမ်တွေထဲက
ငါးကြီးဆီတွေ သောက်သုံးဖို့
မင်း ဒီမြို့ကို ပြန်လာခဲ့။
နိမိတ်ဆိုးသဏ္ဌန်ဆောင်တဲ့ ကတ္တရာလမ်းကို
ကြက်ဥအနှစ်နဲ့ရောပြီး ခေါက်တဲ့အခါ
မင်း ဒီဇင်ဘာ နှင်းတွေကို ချက်ချင်း သတိရလိုက်ပါ။
ပီတာစဘတ်ရေ
ငါ မသေချင်သေးဘူး
မင်းခေါင်းထဲ ငါ့ တယ်လီဖုံးနံပါတ်တွေ ရှိလေရဲ့။
ပီတာစဘတ်ရေ
မရဏရဲ့ အသံကို ငါ ရှာတွေ့မယ့် လိပ်စာတွေ
ငါ့ဆီမှာ ခုထက်ထိ ရှိနေဆဲပဲကွဲ့။
ငါ လှေကားမည်းပေါ်ထိုင်
ဘုရားကျောင်းထဲ
တံခါးခေါင်းလောင်းထိုးသံ မြည်ဟီဝင်လာထိုး
အသားပဲ့ပါသွားလောက်အောင် တုန်ခါ
ပြီးတော့
တညလုံးဆိုသလိုပဲ
ငါ့ရဲ့ ချစ်လှစွာသော ဧည့်သည်တွေကို စောင့်မျှော်နေခဲ့
ပြီးတော့ ငါ့ကို ထူးခတ်ထားတဲ့ သံခြေကျင်းတွေ
တံခါးပေါ်က သံကြိုးတွေကို
ငါ တချွင်ချွင်မြည်အောင် လှုပ်ခတ်နေခဲ့။
I returned to my city, familiar to tears,
to my childhood's tonsils and varicose veins.
You have returned here – then swallow
the Leningrad streetlamps' cod-liver oil.
Recognize now the day of December fog
when ominous street tar is mixed with the yolk of egg.
Petersburg, I do not want to die yet:
You have my telephone numbers in your head.
Petersburg, I still have addresses
at which I will find the voice of the dead.
I live on a black stair, and into my temple
strikes the doorbell, torn out with flesh,
And all night longs I await the dear guests,
and I jangle my fetters, the chains on the door.
စာ ၁၁၁၊ ပုဒ် ၄၀



(ဒီ အောက်မှာ ဖော်ပြတဲ့ခေါင်းစဉ်မဲ့ကဗျာကတော့ စတာလင်ကို ရည်ညွှန်းပြီး ရေးတာပါပဲ။ ဒီကဗျာကြောင့်ပဲ မင်ဒယ်လ်စတန်း အကြိမ်ကြိမ်အဖမ်းခံရ၊ အကြိမ်ကြိမ် မဲဇာအပို့ ခံခဲ့ရပါတယ်။)

ခံစားမှုမဲ့ နိုင်ငံအောက်မှာ
ငါတို့ နေထိုင်ကြ
ငါတို့စကားတွေ
ခြေလှမ်းဆယ်လှမ်း အကွာအထိပဲ ကြားရ။

မပြည့်မစုံ တဝက်တပျက် စကားဝိုင်းနဲ့
ကရင်မလင်က ခေါင်းဆောင်ကြီးရဲ့နာမည်အရောက်
ပြောလက်စ စကားဖြတ်ချထားလိုက်ကြရ

တီကောင်တွေနဲ့တူတဲ့
သူ့ရဲ့ကြီးမားတုတ်ခိုင်လှတဲ့ လက်ချောင်းများ
ဒါပေမဲ့ သူ့စကားလုံးတွေက ပိဿာလေးလို တိကျခိုင်မာ

သူ့ရဲ့ ပိုးဟပ်နှုတ်ခမ်းမွှေး ရယ်သံ
ပြီးတော့ သူ့ရဲ့ဘွတ်ဖိနပ် မျက်နှာပြင်ပေါ်က ပြောင်လက်မှု

အရေထူ လူ့ဗာလံနံ လူပြိန်းခေါင်းဆောင်တအုပ်
သူ့ဘေးမှာ ဝိုင်းလျက်
သူက
ဦးနှောက် တခြမ်းပဲ့ ရှိတဲ့သူတွေနဲ့ လှုပ်ရှား

တချို့က လေချွန်ကြ
တချို့က ကြောင်အော်သလိုမြည်ကြ
တချို့က တရှုံ့ရှုံ့ငိုကြွေးကြ
ဒါပေမဲ့လည်း
သူအဖို့တော့ ထုပေးရိုက်ပေးလိုက်ရင် ပြီးတာပါပဲ။

သူ့ရဲ့အမိန့်ဒီဂရီတွေကို
မြင်းခွာရိုက်သလို သွန်းထု
တချို့ပေါင်ခြံထဲက ရသွားကြတယ်
တချို့ နဖူးက ရသွားကြတယ်
တချို့ မျက်ခုံးကြားက ရသွားကြတယ်
တချို့ မျက်လုံးတွေထဲက ရသွားကြတယ်။

ဘယ်လိုအပြစ်ဒဏ်ဖြစ်ဖြစ်
သူ ခတ်ပစေပေါ့...
ထွီ … ဗလတောင့်တောင့် အော့ဆက်ကောင်ကြီး။

We live without feeling the country beneath us,
our speech at ten paces inaudible,

and where there are enough for half a conversation
the name of the Kremlin mountaineer is dropped.

His thick fingers are fatty like worms,
but his words are as true as pound weights.

His cockroach whiskers laugh,
and the tops of his boots shine.

Around him a rabble of thick-skinned leaders,
he plays with the attentions of half-men.

Some whistle, some miaul, some snivel,
but he just bangs and pokes.

He forges his decrees like horseshoes –
some get it in the groin, some in the forehead,
       some in the brows, some in the eyes.

Whatever the punishment he gives – raspberries,
and the broad chest of an Ossete.

စာ ၁၃၁၊ ပုဒ် ၄၆

ငြိမ်းဝေ(ကဗျာ အိုးဝေ)

             The Eyesight of Wasps- OSIP MANDELSHTAM
             Selected Poems- OSIP MANDELSHTAM(1986)
             Selected Poems- OSIP MANDELSHTAM(1983)

 

Comments