သစ်ခက်သံလွင် ကဗျာစင်မြင့်၊ AMT၊ တည်ဘွားဦးနှင့် ခင်လွန်းတို့၏ကဗျာများ

လင်းနို့
Rebloggy
 ခြေလိုလို
လက်လိုလို
အတောင်လိုလို
သိပ်မပီပြင်ပေမယ့်
ပြောင်းပြန်မိုးလင်းပြီး
အတည့်မိုးချုပ်တဲ့ သူ့အမှန်တရားဟာ
သိပ် နားပါးလွန်းတယ်။ ။

AMT
၂၀၀၃- မော်လမြိုင်ထောင်အမှတ်တရ
နယူတန်နှင့် ရန်ဖြစ်ခြင်း
Pinterest
ခင်ဗျားက
နယူတန်လားဆိုတော့
အေးတဲ့…။
ဒီပန်းသီးက
ခင်ဗျားပန်းသီးလားဆိုတော့
ဟုတ်တယ် တဲ့…။

ဒါဆို
ကျုပ် ဒီပန်းသီးကိုဓားနဲ့ခွဲလိုက်မယ်
ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲဆိုတော့
မှုန်ကုပ်ကုပ်နဲ့ကြည့်နေတယ်

ခင်ဗျားက
နယူတန်လားဆိုတော့
အေးတဲ့…။
ဒီပန်းသီးက
ခင်ဗျားပန်းသီးလားဆိုတော့
ဟုတ်တယ် တဲ့ …။

ဒီလိုဆိုရင်
ခင်ဗျားပန်းသီးတွေ
ခင်ဗျားပြန်ယူသွားလိုက်ပါနယူတန်
ဒီမှာ
ကျုပ်က အလုပ်တွေရှုပ်နေတယ် ။ ။

တည်ဘွားဦး
ကျွန်း
FemUnity - LiveJournal
ငါဟာ
စက်ဝိုင်းတခုရဲ့
ဗဟိုတည့်တည့် အမှတ်စက်
သမုဒ္ဒရာ ခုနှစ်စင်းကြား
ပိတ်မိနေတဲ့ အလွမ်းရဲ့ပစ်မှတ်
ကိုယ်တိုင်ရဲ့ချစ်ခြင်းမေတ္တာအသားတံဆိပ်။

ခင်လွန်း
နံနက် ၁၁း ၁၀ နာရီ
၂၁၊ ၂၊ ၂၀၁၅

Comments