သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ ပွန်ပေအီ

ပွန်ပေအီ
graffuturism.com
 ဒီလူချမ်းသာတွေ၊ သူတို့သိကြ ဒုက္ခဆိုတာ
ဇာတိနဲ့တပေါင်းတည်းပါလာတာ၊ ကံကြမ္မာဟာ
သူဋ္ဌေးတွေပြောကြ သူတို့မတတ်နိုင်တဲ့အရာ၊ ဖူးဖူးယောင်လာတဲ့
ဒီရေတွေ၊ ၀င်ရိုးစွန်းတောင်ထိပ်တွေ ပြိုပြိုကျ
ပြီးတော့ ပေါက်ကွဲနေတဲ့ ခြောက်ခြားဖွယ်
လောဘ မရောင့်ရဲနိုင်ကြသူတွေကြား
သူတို့က ရှိပြီးတော့ မရှိသူတွေ သူတို့ချမ်းသာသမျှက
သင်လို့မရအောင် နလပိန်းတုံး။ ဒီလိုမျိုးကြွယ်ဝမှုဟာ
ရှေ့ဆက်ရမဲ့ခရီးရဲ့ အဖိုးစားနား။ ငါးစိမ်းသည်က
မြင်တယ် တွန့်ဆုတ်ဆုတ်မျက်နှာတွေ ထရောက်ငါးနဲ့
မက်ကရယ်ငါးတွေ အစီအရီချထား ဈေး
ဆိုင်တန်းမှာ မြန်မြန်ဆန်ဆန်အရည်ပျော်ရေခဲပေါ်။ ပွန်ပေအီကနေ
မီးတောင်ချော်တွေစီးကျလို့ လူတွေနစ်မြုပ်သနဲ့
ဒီလိုမျိုးပေါ့ ကဗျာတွေ ဖွားမြင်လာကြ။

 မူရင်းကဗျာ- Pompeii
မူရင်းကဗျာဆရာ- Charles Bernstein (Apr 4, 1950 - --)
Charles Bernstein
 မြန်မာပြန် TS

Comments