သူတို့စစ်မေးကြ သူ့ကို နာရီအတော်ကြာ။
သူဘယ်သူလဲ အတိအကျ ပြောစမ်း။ သူပြန်
ပြောတော့၊ ထပ်ပြီး သူတို့မေးကြ။ သူဘယ်သူဘယ်ဝါကို သူတို့လက်ခံသွားကြ၊ ဘယ်သူမျှ မပါ
ဘူးလို့ခံငြင်းနေတော့၊ သူတို့က လက်သည်းတွေ ခွာပစ်။ ပြီးတော့
သူတို့ သူ့ကို ခေါ်သွားကြ မြင်းခွာကွေ့နားက အမှိုက်ပုံဆီကို၊ နောက် ပြောပြ
သူဘာလဲဆိုတာ။ သူတို့ သူ့ကို ပစ်ထည့်လိုက် ကိုးချက်။

ခပ်ညို့ညို့
ချက်ကြိုးတန်းလန်းမီးခိုးက မီးစွဲတာယာပုံက ထိုးတက်လာနေကြ။
သူနံတဲ့ အပုပ်နံ့က သူ့ဆီကအနံ့။ မှန်ကွဲနဲ့ ထုံးထားတဲ့ဂျူးရက်ဇ်တံဆိတ်ကွန်ဒုံ။
မျက်နှာအဆက်ရိုးတွေ နိုင်လွန်ခြေအိတ်ထဲမှာ။ ငါသူ့ကို မြင်နေကျ ဂလက်စတုန်းဘားဆိုင်မှာ၊
ဧည့်စိမ်းတွေသောက်ဖို့ ဘီယာပိုင့်ဝင်ခွက်တွေ ယူပေးနေတာ၊ သူ့လက်ချောင်းခပ်ဖြောင့်ဖြောင့်တွေမှာ ဘီယာမြှုံ့တွေ စွန်းကွက်နေတာ။

မူရင်းကဗျာ Campaign
မူရင်းကဗျာရေးသူ- Ciarán Carson
(1948 - --)
![]() |
Ciarán Carson |
မြန်မာပြန် TS
Comments
Post a Comment