စက်တင်ဘာ ၁၁ ရက်က ဓာတ်ပုံ
mulpix.com |
မီးလောင်နေတဲ့ အထပ်တွေက ခုန်ချ
တယောက်၊ နှစ်ယောက်၊ နောက်ထပ် နည်းနည်းလောက်
အမြင့်ကရော၊ အနိမ့်ကပါ။
တယောက်၊ နှစ်ယောက်၊ နောက်ထပ် နည်းနည်းလောက်
အမြင့်ကရော၊ အနိမ့်ကပါ။
ဒီပုံက သူတို့ကို
ရပ်လျက်သားနဲ့အသက်သွင်းထား၊
ပြီးတော့ သူတို့ တိုးလိုးတန်းလန်း
မြေပြင်အထက်ကနေ မြေပြင်ဆီပြုတ်ကျ။
ပြီးတော့ သူတို့ တိုးလိုးတန်းလန်း
မြေပြင်အထက်ကနေ မြေပြင်ဆီပြုတ်ကျ။
တယောက်ချင်းစီက ပီပြင်နေဆဲ၊
ထူးထူးခြားခြားမျက်နှာပေးနဲ့
ကျကျနနဖုန်းကွယ်ထားတဲ့သွေးနဲ့။
ထူးထူးခြားခြားမျက်နှာပေးနဲ့
ကျကျနနဖုန်းကွယ်ထားတဲ့သွေးနဲ့။
အချိန်လောက်ငပါရဲ့
ဆံပင်တွေ ဖရိုဖရဲဖြစ်ဖို့၊
သော့နဲ့အကြွေစေ့တွေ
အိတ်ကပ်ကနေ ထွက်ကျဖို့။
ဆံပင်တွေ ဖရိုဖရဲဖြစ်ဖို့၊
သော့နဲ့အကြွေစေ့တွေ
အိတ်ကပ်ကနေ ထွက်ကျဖို့။
သူတို့လေရဲ့လက်တကမ်းအကွာမှာရှိနေဆဲ၊
နေရာအချိုင့်အ၀န်းနယ်ပယ်မှာရှိနေဆဲ
အခုလေးတင် ဒိုးယိုပေါက်ဖြစ်သွားတဲ့။
နေရာအချိုင့်အ၀န်းနယ်ပယ်မှာရှိနေဆဲ
အခုလေးတင် ဒိုးယိုပေါက်ဖြစ်သွားတဲ့။
သူတို့အတွက် ငါလုပ်ပေးနိုင်တာ
နှစ်ခုလေးရယ်၊
ဒီလိုပြုတ်ကျတာကို ရေးဖွဲ့ဖို့နဲ့
နောက်ဆုံးစာကြောင်းကို မဖြည့်စွက်ဘဲထားခဲ့ဖို့။
ဒီလိုပြုတ်ကျတာကို ရေးဖွဲ့ဖို့နဲ့
နောက်ဆုံးစာကြောင်းကို မဖြည့်စွက်ဘဲထားခဲ့ဖို့။
မူရင်းကဗျာ- Photograph from
September 11
မူရင်းကဗျာရေးသူ -Wisława Szymborska
(1923–2012)
Wisława Szymborska |
---
မြန်မာပြန် TS
မြန်မာပြန် TS
Comments
Post a Comment