သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ ကျည်ဆန်



ကျည်ဆန်
euro-decoration.en.hisupplier.com




မင်းကိုပေးဖို့ ရေခဲလိုအေးစက် ငွေသားကျည်တတောင့် ငါဆောင်ထားရဲ့။

ညစ်တီးညစ်ပတ်၊ ချိုမြမြ၊ အမှားမရှိ သွေးနဲ့ မနေ့ညကမှ လုပ်ထားဖြစ်တာ။ နာရီပေါင်းအတော်ကြာ သိဒ္ဓိတင်ထားတာ။ ဖယောင်းတိုင်တွေ ဂမ္ဘီရမန္တန်တွေနဲ့ ပူဇော်ပသထားတာ။ 

ကျည်ဆန်ဆိုတာ သူထိတွေ့ရမယ့် မကောင်းဆိုးဝါးလေထု၊ ဒါမှမဟုတ် ရုပ်ခန္ဓာကို မမြင်ရအောင် အရင်ဆုံး မျက်လုံးတွေ ဖောက်ပစ်။ ပြီးတော့ နားကို ပင်းအောင်လုပ်ပစ်၊ ဒါမှ ထိချက်မှန်တဲ့အခါ အသားနဲ့အရိုးတွေရဲ့အော်သံ၊ ဒါမှမဟုတ် ခြိမ်းခြောက်သံ၊ ဒါမှမဟုတ် ဂီတသံတွေကို မကြားရမှာ။ 

နှုတ်ခမ်းတွေကျတော့ လေချွန်နိုင်ဖို့ချန်ထားရစ်ခဲ့။
ငါပြောတာ နားလည်လား၊

လေချွန်သံဆိုတာ ကျည်ဆန်တွေရဲ့ပြောစကားပေါ့၊ ညရဲ့ချောမွတ်မှုကို ဖောက်ထွင်းပစ်မယ့် အကြမ်းပတမ်း နောက်ပိတ်ဆုံး အနမ်းတွေ၊ သူတို့ရဲ့အံ့ဖွယ်၊ သူတို့ရဲ့လျှောက်လဲချက်၊ သူတို့ရဲ့ အသက်ရှူသံ။ 

မူရင်းကဗျာ - Bullet
မူရင်းကဗျာဆရာ - Carlos López Degregori (1952- --)
အင်္ဂလိပ်မူ Robin Myers


Carlos López Degregori

 










မြန်မာပြန် TS

Comments