သစ်ခက်သံလွင်၊ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ်၊ ကိုပွေး၏ "၂၀၀၇@burma.com"



၂၀၀၇@burma.com
 
www.thetimes.co.uk မှယူသည်
 ဆန့်ထားတဲ့လက်သီးပေါ်ကမှောက်ထားတဲ့
သပိတ်တွေ
မီးသွေးခဲမို့ မဲသလေလေ့
တို့ဘုန်းကြီးမို့ ရဲသလေလေ့ ။

သရဏဂုံတင်ပြီးသား သံဃာတွေ
မေတ္တာသုတ်ကို လမ်းပေါ်ရွတ်လို့
သေနတ်နဲ့ ပစ်တယ်
မီးသတ်ကားနဲ့ ပက်တယ် ။

ခြေရာလက်ရာမပျက် သွေးကစီးတယ်
သမိုင်းဟာ စိတ်လိုလက်ရ ရွှေဝါရောင်သင်္ကန်းကြီးနဲ့ ။ ။ ။


ကိုပွေး
၂၆၉၁၆

Comments