သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ခက်သီနှင့် အောင်ဇေတို့၏ကဗျာများ

ရိုးသားမှု ရောင်းရန်ရှိသည်
patch.com
 ရိုးသားမှုက ဝိုင်ပုလင်းနဲ့ တူတယ်တဲ့။
ဘယ်ပညာရှိကမှ မ
ပြောဘူး။
ကိုယ်ဘာသာ ပြောတာ။
သက်
တမ်းကြာကြာ ထိန်းသိမ်းထားလေလေ
တန်
ဖိုးကြီးလေလေပဲ။
ကျွန်တော့်ဝိုင်ပုလင်းက
သက်
တမ်း နှစ် ၅၀ ရှိပြီမို့
အလွန်တန်ဖိုးကြီးကြောင်း
ကြော်ငြာထားပါတယ်။
ရိုးသားမှု ရောင်းရန်ရှိသည်ပေါ့။
ဈေးပြိုင်စနစ်နဲ့ မဟုတ်ဘဲ
ဦးရာလူစနစ်နဲ့ တင်ဒါ ခေါ်ထားပါတယ်။
ခရိုနီများ အမြန်ဆက်သွယ်ပါ။

နရီမင်
၂၆- ၉-၂၀၁၆
 မိုးရွာပြီးစ တနင်္ဂနွေ
www.rudyrucker.com
 နံနက်ခင်းဟာ
နေလုံးရဲ့ဇက်ကြိုးကို ဆောင့်ဆွဲထား
ညို့မှိုင်းနေတဲ့စိတ်အခြေအနေနဲ့
အုံ့ဆိုင်းနေတဲ့အလွမ်းတွေ ။

အိပ်ရာအောက်ကို လှန်ရှာမိတယ်
ပေကျံနေတဲ့အိပ်မက်တချို့နဲ့
အနားသားဖွာနေတဲ့မနက်ဖြန်တချို့
အနာဂတ်ဟာ
ကြွက်သေကောင်ပုတ်နံ့ထွက်နေပေါ့
ငါ့စိတ်ထဲ ပိုးဟပ်တွေ အုံခဲလို့။

မဟုတ်ဘူး
အရှုံးပေးရင် ငါမဟုတ်ဘူး
မိုးရေချိုးထားတဲ့
စကားပန်းလေးတွေကို လှမ်းပြောလိုက်တယ်
"ကြွေချိန်အထိ အလှမပျက်တဲ့သတ္တိ
မင်းဆီက ငါရခဲ့ပြီ" ။ ။

ခက်သီ
….
အပျိုရည်
www.mghdiscoveredart.com
 မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်းဆိုတာပဲရှိတယ်
ပြောကြတာပါပဲ ပြောင်းလဲခြင်းဟာ
မြွေတကောင်ရဲ့အရေခွံမျှသာ
ခြင်တွေတဝီဝီမြည်လာတယ် ခြင်ဝင်လာရာ
ပြူတင်းပေါက်ကနေ အနာဂါတ်ကိုမျှော်ကြည့်လိုက်တော့
အပြင်မှာမှောင်စပြုနေပြီ ခြင်တွေဟာပိန်းတောထဲကလွင့်လာ
ခေတ်ကာလအရ ဆယ့်နှစ်ရာသီထူပိန်းနေတဲ့
လက်သာကိုယ်ကျွတ်တွေနဲ့ လက်ရဲဇက်ရဲတွေရဲ့ကြား
တရားမျှတမှုသမီးပျိုလေး ချိန်ခွင်တခြား လူတခြား
အဓမ္မကိုမမြင် ကွယ်ကန်းနေတာဟာမျက်လုံးတွေ
ဆိုတော့ကာ ပါးစပ်က မနက်တကြိမ်ညတကြိမ်
မေတ္တာသုတ်လှိုင်လှိုင်ရွတ်ကြတယ်
ဘယ်တုန်းကမှ တဝက်ကနေတက်မလာတဲ့ရေဟာ
တဝက်အပြည့်ဖြစ်ရပြန်တယ်
အလေးခိုးတဲ့ငါးစိမ်းသည်မတယောက်ရဲ့အိမ်အပြန်
လမ်းဘေးတနေရာကနေ
ဝမ်းသာအားရကောက်ယူသွားတဲ့နောက်
သက်သေခံပစ္စည်းဟာလည်း ပျောက်ခြင်းမလှပျောက်သွားခဲ့။

အောင်ဇေ
(၂၀၁၆)

Comments