Sunday, September 11, 2016

k

သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ယောဟန်အောင်၊ မောင်နွေရင့်(အင်းဝ)တို့၏ကဗျာများ

ငရဲခွေးကြီး မွေးထားတယ်
kazuya-akimoto.com
 တကယ်တော့
ခင်ဗျားကို လူရိုသေ ရှင်ရိုသေ ဖြစ်ဖို့ဆိုတာက
အနည်းဆုံး
ခပ်ဆိုးဆိုးခွေးတကောင် မွေးထားဖို့လိုတယ်ဆိုတာ
လူရိုသေ ရှင်ရိုသေ ဖြစ်ချင်သူတိုင်း သိကြတဲ့
သာမန်လုပ်ထုံးလုပ်နည်းတခုပါ။

ကျွန်တော်က ငရဲခွေးကြီး မွေးထားတယ်။
ကျွန်တော့်ခွေးကြီးက ``ဝုတ်ဝုတ်´´ လို့ မဟောင်ဘဲ
``သောက်ရူး၊ စောက်ရူး´´ လို့ ဟောင်တယ်။

ငရဲခွေးကြီး လွတ်နေတယ်လို့
လူတွေ ပြောကြတယ်။
တကယ်တော့
ငရဲခွေးကြီးက
လွတ်နေတာ မဟုတ်ဘူး။
တမင်ကို လွှတ်ထားတာ။

ကျွန်တော့်ကို
``မင်းက ဘာကောင်လဲ´´လို့တော့ လာမမေးနဲ့။
လူတွေ ခွေးရိုက်ချင်တာတောင်
ခွေးရှင်မျက်နှာ ကြည့်နေရတာသာ ကြည့်။

တချို့ကွယ်ရာမှာ
ပြောကြတာတော့ ရှိတယ်
လူကို ရိုက်ချင်ပေမယ့်
ခွေးကို ကြောက်လို့ဆိုပဲ။

နရီမင်
၆- ၉-၂၀၁၆
 ငယ်ကျွမ်းဆွေ
www.absolutearts.com
ဘူတာတွေအများကြီး ခုတ်မောင်းသွားပြီးမှ
သတိတရနဲ့ ရပ်မိခဲ့
ဇယားတွေ အတိအကျနဲ့မို့
ကိုယ့်ဘူတာဟောင်းလေး ဝေးကွာ
နောက်ပြန်ငေးဖို့ မဖြစ်နိုင်တော့ပါ။

'ငယ်ချစ်' ဆိုတာ
ရေကူးသင်၊ စက်ဘီးစီးတတ်သလို
ဖြတ်သန်းပြီးရင် ပြန်မေ့မရတတ်တဲ့အရာ
ရုပ်ခန္ဓာကိုယ်၌ထဲ ပေါင်းစည်း အမှတ်သညာ။

"မနှစ်က မှိုရခဲ့တဲ့နေရာ
ဒီနှစ်လည်း မှိုကျင်းတွေ ပြန်တွေ့ရဦးမှာ"…….။ *

ယောဟန်အောင်
စက် ၉၊ ၂၀၁၆
 * ကချင်စကားပုံ
ကြယ်တွေသီးတဲ့ လမင်းသစ်ပင်
www.arab-painting.com
ကြယ်သစ်တွေ လင်းလက်ဖို့
အချစ်နဲ့ဘဝကို ညနက်ပါစေ
တက်ကြွတဲ့ခွန်အားတွေ သိပ်ထည့်ခဲ့တယ်
ဆွဲခြင်းကလေးထဲမှာ။
ချောင်းကိုဖြတ်ရမလား
တောင်ကိုတက်ရမလား
မြေနီကြမ်းကို လှမ်းရမလား
လုံချည်တိုတိုဝတ်ဖို့လည်း ဝန်မလေးဘူး
နန်းကျော့ကေသာက စံပယ်တွေချွေးပြန်အောင်
အဖြူနဲ့အစိမ်းလေး
ကျည်
ဆံနဲ့လည်း နပမ်းလုံးဖူးရဲ့
ခေတ်စနစ်နဲ့လည်း အိုမင်းဖူးရဲ့
သွားပုတ်လေလွင့် အပြစ်တွေနဲ့လည်း
ကုတ်ဖဲ့ခံခဲ့ဖူးရဲ့
ဒါပေမဲ့ သူ့အပြုံးမှာ
ကြယ်တွေ လက်လက်ထခဲ့ရတာပဲလေ။
ကြယ်တွေ
ဟုတ်တယ် အဲ့ဒီကြယ်တွေ
ဘုန်းကံကျည်မီး ရဲရဲနီလည်း
တချိန်က မြေဖြူကိုင်တဲ့ ဖယောင်းသွယ်ရှေ့မှာ
ခေါင်းငုံ့လက်ပိုက် မေတ္တာနဲ့အဆုပ်လိုက်အခိုင်လိုက်ပွင့်ဖူးလို့
ငေါက်ငမ်းမှုနောက်ကွယ်က
သူ့မျက်ရည်ဖြူဥတွေက
ကမ္ဘာမြေရဲ့သစ္စာလေ။
နူးညံ့မှုနဲ့ကြမ်းတမ်းမှုကို
စည်းချက်ကျကျ တီးခတ်
မြေဖြူတွေ၊ ဘောလ်ပင်တွေ၊ ကြိမ်လုံးတွေ
အို..
စာသင်ခုံတိုင်း စာသင်ခုံတိုင်းမှာ
သူ့ရဲ့စိတ်ဝိညာဉ်က
လတ်
လတ်ဆတ်ဆတ် စည်သွပ်ဗူးထဲကနာရီလို
ပုံမှန်လည်ပတ်
ဘယ်တော့မှ အရသာမပျက်ခဲ့ပါဘူး
ကြယ်တွေတိုင်း အပေါ်။     ။

မောင်နွေရင့် (အင်းဝ)