Friday, September 16, 2016

k

သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ကေဇော်မိုးရဲ့"မတိုက်ဆိုင်ခဲ့သောအလွဲများ"

မတိုက်ဆိုင်ခဲ့သောအလွဲများ
www.thatcreativefeeling.com
ကြယ်အိပ်မက်တွေ ကျနော့်ညရာသီထဲမှာ ရှိသတဲ့။
မယုံပါဘူး
နှင်းရိုင်းခမယ့်ညက
တိမ်ရိပ်တွေကြား ပြေးဝင်သွားတဲ့ရူးသွပ် လေညင်းလို
သေသပ်လွန်းတဲ့ အဖုံးအကွယ်တွေ
အနာဂတ်နာရီတွေကို ရပ်တန့်သေပေးပါ
ငြိမ်ဆိတ်ခြင်းရဲ့အရောင်တွေကျကွဲသွားတဲ့အခါ
တမှုန်ချင်းကောက်ယူသိမ်းခဲ့တယ်
ကိုယ်ဟာ ပင်လယ်လိုလျှို့ဝှက်သိမ်မွေ့သောအတတ်နဲ့
သေခြင်းတရားထံ သေချာနေတဲ့ အဆိပ်အတောက်ကို ဝါးမြိုမိပေါ့။
ကြယ်အိပ်မက်ကလေးရေ
နှင်းမရှိတဲ့ မြို့ပြဆောင်းက သဇင်ကိုဖွင့်ဖို့အမြစ်ကသေသတဲ့။
ယုံကြည်စွာ မွေးမြူမိတဲ့အသက်မှ
ပင်လယ်တခုလုံး ရေချိုတွေဖြစ်အောင်ကျိုမယ်
အရှုပ်ထွေးဆုံး စိတ်ကူးများနဲ့လားရာတော်ဟာ
တိမ်ရုပ်တွေလို ဣနြေ္ဒကြီးမားပြလို့
သီအိုရီထဲ အကြောသေညဟာ နာတာရှည်အိပ်မက်ဖြစ်ခဲ့တယ်
ယုံပါ......
တလိမ်ခေါက်ကွေးလွင့်စင်သွားတဲ့ ကမ်းပြိုမိုးသားတွေထဲ
ရွှေအိုရောင်မိုးပြေးလေးတွေ ဖြန့်ခင်းထားတဲ့
နံနက်ခင်းလေးတွေရှိတယ်။
ခွဲစိတ်ခန်းထဲ မေ့ဆေးပေးချလိုက်ပါ
မှောင်နေတဲ့ အိပ်မက်ထဲ အလင်းရှိမလား ကိုယ်ရှာတယ်
တတောလုံးကြွေချင်ကြွေ
" ယဉ်ကျေးမှုစစ်စစ်ကို ဘယ်ဖက်ရင်အုံအောက်မှာ ရင်ထိုးလိုချိတ်ဆက်ထားခဲ့ရ "
အရာရာဟာ ကံစီမံရာမဟောင်းသေးတဲ့ နည်းဥပဒေ
အပယ်ခံစာပို့သမားက
ဆေးဝါးစက်ရုံလမ်းအတိုင်းဝင်လာပြီး ရွာရိုးလေးဘေး အလင်းဖွင့်လို့
မြို့ဟောင်းကြီးရဲ့ မြို့သစ်အရပ်မှာ
နာဖျားမှုက ယာယီမှ အစဉ်အလာလို။
ဇာတ်သိမ်းအတွက် ချန်ထားတဲ့ ကျည်ကိုတည့်တည့်ပစ်ချလိုက်ပါ
လိင်စိတ်ကြွမှုနဲ့အကြမ်းဖက်အလံတော်အောက်မှာ
ခရစ်နှစ်မတိုင်မီက အိပ်မက်တောငွေ့လေးဖြစ်ခဲ့ရ
ပြဿ      နာပဲ
ဇာတ်လမ်းထဲမှာ သရုပ်ဖော်သွားတဲ့ ရှိတ်စပီးယားပုံပြင်က အကယ်ဒမရှောခ့်
လူကြီးမင်းများ လက်ခုတ်တီးပါ
အိမ်ပြန်ချိန်ရောက်တဲ့အခါ
အခွံဗလာဦးနှောက်ထဲ ဒစ်ဂျစ်တယ်နှလုံးတစုံသယ်ယူသွားပါ
ဘဝက
ခေတ်ပေါ်ယဉ်ကျေးမှုထဲ
ပုဂ္ဂိုလ်ရေးအထောက်အထားမှာသာ
အိပ်မက်ကိုဉာဏ်စမ်း ပဟေဠိလိုကစားခဲ့။
ညက ရည်ရွယ်ချက်မဲ့တနင်္ဂနွေကို သယ်ယူရင်း
တယ်လီဖုန်းညည်းတွားသံထဲ နာဗ်ကြောတွေကို ကိုက်ခဲစေခဲ့တယ်
ဟိုမှာ ကြယ်အိပ်မက်တွေ သွေးဆုတ်အားပျက်လို့
နူရိုဗီယာမ်အပြာနှစ်ပြား ဆင့်သောက်ချလိုက်တယ်
အရှုပ်ထွေးဆုံးစိတ်ကူးများက ဧည့်သည်
ထီးတစ်လက်မရှိလည်း
ရွာချင်ရွာ ပူချင်ပူနေတဲ့ ကမ္ဘာမှာ
စိတ်ရှိလက်ရှိ ဂစ်တာတလက် ကဗျာတစနဲ့
ခြေဦးတည့်ရာသွားပြီ  ရိုဒင်...။
အဝေးမြို့က ကြွင်းကျန်ခဲ့တဲ့ စကားလုံးအပိုင်းအစတွေမှာ
ကိုယ်ဟာ ကြယ်ကို ငေးရင်း ငေးရင်း
ရွေးချယ်မှုရဲ့အစဉ်အလာဘောင်ထဲ
အမှားတွေကိုနေရာပေးလိုက်တယ်
ကြယ်ပျိုးသူဆိုတာ လရောင်အစားလင်းဖို့
ဘယ်တုန်းကမှ ရမ္မက်နဲ့အရောင်မပါခဲ့ဘူး
အတွေ့အထိဟာ လျှောက်နေဆဲခရီးမှာ အလင်းနှစ်ပေါင်းများစွာခြားလို့
တနင်္ဂနွေဟာ ကျနော့်ကြယ်ကို
ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်ကြောင်းအတိတ်စိမ်းပေးခဲ့တယ်
အတိတ်ထဲက အဝေးဆုံးအလင်းကို ပြန်ရှာဖို့
အသက်ကိုရင်းပြီး လူဖြစ်ခြင်းရဲ့အနှစ်သရကိုထွန်ယက်လိုက်တယ်
ဂွတ်ဘိုင် ... ရိုဒင် 
ငြိမ်ငြိမ်ဆက်ထိုင်တွေးပါ။  ။
                                   
ကေဇော်မိုး