သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ထက်သစ်၏ကဗျာများ

ထက်သစ်၏ကဗျာများ
loniduekart.wordpress.com


ဓားသိုင်း ကနေလား
အများ မြှောက်စားသတိထား
နောက်ကျော ထိုးမဲ့ဓား ။

ထက်သစ်




ကျီးပြိုတအအအော်
နွေရာသီရဲ့ကိုင်းခြောက်ပေါ်
နှစ်ဆ ပူတဲ့အဖော် ။

ထက်သစ်



 ဒါက လွင်ပြင်လား
 တောင်ကုန်းပေါ်က မြက်ခင်းလား
 စိတ် ကိုယ် လန်းဆန်းသွား ။

ထက်သစ်

                     


သစ္စာ လေးပါးနဲ့အညီ
ငုတ်ကို အားနဲ့ရိုက်ထည့်လိုက်တယ်
ဒီသံသရာ ဆုံးသည်အထိ.... ။

ထက်သစ်


ဖြစ်ခြင်း နဲ့ ပျက်ခြင်း
www.pinterest.com
 စကားတစ်ခွန်း
 လွယ်လွယ် မပြောနဲ့....
 သံတမန် မကောင်းတဲ့အခါ..
 တိုင်းပြည်ခြင်း စစ်မက်ဖြစ်ရ
  သာဓက တွေရှိတယ်
 ကိုယ့်စကားကို ကိုယ်တာဝန်ယူရသလို
 သူ့စကားလည်း.....
 သူ တာဝန်ယူရတယ်
 မိတ်ဆွေ အဆင့်လျော မကျဖို့
 ခင်ဗျားကို လက်တို့ရသလို...
 ကိုယ့်ကို ကိုယ်လည်း
 လက်တို့ရ......
 ဘဝက တိုပါတယ်.....
ကိုယ်တို့ချစ်စကို ရှည်ရအောင်..
ရထားက ရှေ့သို့သာ ။

ထက်သစ်

Comments