အရက်သမားအိုကြီးတယောက်
ဘုန်းကြီးအိုကြီးတပါး
ခွေးအိုကြီးတကောင်နဲ့တောင်
လှချင်တိုင်းလှနေတဲ့မနက်ခင်း။
ရင်ခွင်ပြေးတယောက်ရဲ့မနက်ခင်းကိုတော့
မင်းလည်ပင်းမှာ တက်တူးထိုးထားလိုက်။
အောင်ခိုင်မြတ်
ဂျွန် ၂ ၂၀၁၆
…
အောင်ခိုင်မြတ်
…
ရက်စက်သော ပန်းများကြား
ခုံတန်းလျားလိုနေခဲ့ရမှာလား
ကန်ရေပြင်ဟာ
ရေနစ်သေနေတယ်။
အောင်ခိုင်မြတ်
July
…
နိုင်ငံကဗျာသတင်း
KT# |
အဖိနှိပ်ခံလူထုဟာ
အနှိပ်ခန်းတွေသွားမှာပဲ။
အောက်ခြေလူတန်းစားတွေအတွက်
မြေအောက်ရထားပြေးပေးရမယ်။
ပြည်ပအားကိုးပုဆိန်ရိုးအတွက်
ဘယ်နိုင်ငံထုတ်ပုဆိန်ပေးရင်ကောင်းမလဲ။
စစ်ရေးအမြင်ရှိသူဟာ
စစ်နောက်ခံဇာတ်ကားတွေအတွက်
ဇာတ်ညွှန်းတွေရေးပေလိမ့်။
အစွန်းရောက်တွေကိုတော့
ဖားကန့်က မြေစာပုံတွေပေါ်
ရွာတည်ပေးလိုက်ကြတာပေါ့။
အောင်ခိုင်မြတ်
မေ ၂၀၁၆
….
အဆွေးဟောင်းအဆောက်အဦ
KT# |
ပြောင်းလဲမှုဟာ
ဆပ်ပြာသည်ပျောက်တဲ့လင်ပဲ။
ကျီးကန်းချောင်း ချောင်းနေတဲ့
နေ့ ၁၀၀
ကျားချောင်း ချောင်းနေတဲ့ နေ့ ၁၀၀
မုဆိုးချောင်း ချောင်းနေတဲ့ နေ့ ၁၀၀
သူခိုးချောင်း ချောင်းနေတဲ့ ၆၅ နေ့
အဲဒါပြီးရင် နောက်ထပ် ၃၆၅ ရက်။
ကမ္ဘာကြီးဟာ
သေခါနီးတောင်ဇိမ်ပဲလို့
ပြောသေလေမလား။
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြပေါ့
ကိတ်မုန့်မရှိရင် မေရီအင်တွိုင်းနက်ကိုစားကြပေါ့။
အောင်ခိုင်မြတ်
…
ချာလီချက်ပလင် လမ်းလျှောက်လာပုံကို
ကင်မရာက အရင်ရိုက်ပြတယ်။
ပြီးမှ လမ်းပေါ်က
ငှက်ပျောခွံတခွံကို
ကင်မရာက ထပ်ရိုက်ပြတယ်။
ပရိတ်သတ်က တဟားဟားရယ်ဖို့
စောင့်မျှော်နေကြပြီ။
ချာလီချက်ပလင်ကြီးက ငှက်ပျောခွံတက်နင်းမိပြီး
ခြေကားရား လက်ကားရား
ချော်လဲကျတော့မယ်ပေါ့။
ဒါပေမဲ့ ချာလီချက်ပလင်ဟာ
ငှက်ပျောခွံကိုကောက်ပြီး
အမှိုက်ပုံးထဲ
သွားထည့်လိုက်ပါတယ်
ပြီးမှ သူတယောက်တည်း
ချော်လဲပစ်လိုက်တယ်။
အောင်ခိုင်မြတ်
…
အသည်းကွဲရတဲ့အရသာ
အသက်မရှိတဲ့တောမီးနဲ့
အသက်ရှိတဲ့တောကြောင်နဲ့
အသက်မရှိတဲ့သွေးနဲ့
အသက်ရှိတဲ့ခြင်နဲ့
တယောက်ယောက်ကြောင့် လင်းရတဲ့မီးလုံးလိုလို
တယောက်ယောက်ကြောင့် ကျွမ်းရတဲ့ မီ်းလုံးလိုလို
ဆူနေတဲ့ရေနွေးအိုးထဲရေခဲတုံးတွေပစ်ထည့်လိုက်လည်း
အရာရာပူဆွေးနေဆဲ
မနက်အိပ်ရာကထ
ညကျတော့ အိပ်ရာထဲပြန်ဝင်သလို
ငါရိုးရိုးလေး အသည်းကွဲခဲ့တယ်
ရင်ထဲက ကဗျာတပုဒ်ကို
ထမ်းစင်နဲ့ထုတ်ပစ်ရမှာလားအချစ်ရယ်။
အောင်ခိုင်မြတ်
July
Comments
Post a Comment