သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တင်လတ်ကို၊ ဟာရီကိန်း၊ ကိုပွေး၊ နရီမင်းတို့၏ကဗျာများ

စစ်သားတယောက်မှတ်စု
www.kettererkunst.com
မင်းပစ်တဲ့ကျည်ဆန်ဟာ ငါ့မိသားစုမှန်ခဲ့သလို
ငါပစ်တဲ့သေနတ်ဟာ မင်းမိသားစုထိခဲ့တယ်။
ငါတို့လည်း အိတ်ကပ်ထဲက
ဓာတ်ပုံ ထုတ်ကြည့်ပြီး
ပျော်ပျော်ကြီး
သေပွဲဝင်ရတယ်။ ။

တင်လတ်ကို
၂၀၁၅


ဗုံ 
www.metmuseum.org
နာနာရိုက်ပုတ်တီးခတ်လိုက်စမ်းပါ
ငါနာကျင်စွာအော်ဟစ်တဲ့အသံတွေက
သင်တို့အတွက်နားဝင်ပီယံဖြစ်တယ်ဆိုရင်
ငါနာကျင်စွာအော်ဟစ်ရတာတန်ပါတယ်။ ။

ဟာရီကိန်း

...
 
ဘယ်ဘုရားပွင့်မှရပ်မှာလဲ စစ်ပွဲတွေ
 
bombmagazine.org
 တိမ်တွေမျှောလွှင့်လာပုံက
ခေါမတပ်ကြီးအပြင်းချီလာသလို
ကောင်းကင်တခွင်လုံး လင်းလို့
ဘယ်ဘုရားပွင့်မှ ရပ်မှာလဲ
စစ်ပွဲတွေ

စစ်ကိုတံစို့ထိုး
ကျလာတဲ့သွေးတွေက
အငြိုးတကြီးစီး
အပြစ်မဲ့ဘဝတွေစစ်မီးလောင်နေပုံများ
ဘယ်တရားနဲ့မှ ငြှိမ်းမှာလဲ

ကိုယ်ချင်းစာစိတ်ဆိုတဲ့ကျည်ဆံနဲ့မှ
သေနတ်တွေ ပစ်လို့ရမယ်ဆို
မြေဇာပင်တွေ တောထလောက်ရဲ့
ခုတော့
စစ်တလင်းဟာ ပြောင်လို့
ဘယ်စကားနဲ့မှငြိမ်းချမ်းမှာလဲ

စစ်ကို မုန်းတယ်
ပြည်တွင်းစစ်ကို ရွံတယ်
ကျည်ခွံဟောင်းထဲဘုရားပန်းထိုးလို့
ဆုတောင်းတယ်
စစ်ပွဲတွေ ရပ်

ငိုနေတဲ့ပန်းကလေးတွေ
ဆာလောင်နေကြပြီ
ယမ်းခိုးစိုနေတဲ့ကောင်းကင်အောက်မှာ
မျက်ရည်ကိုပွေ့ဖက်ရင်း
ထပ်ပြောမယ်
စစ် ကို မုန်းတယ်
ပြည်တွင်းစစ်ကို ရွံတယ်
ဘယ်ဘုရားပွင့်မှ ရပ်မှာလဲ
စစ်ပွဲတွေ ။ ။

ကိုပွေး
၁၇၂၁၆

….

ပိတ်ကားကို ကျောခိုင်းသူ
abstractartpictureswallpaper.blogspot.com
 မင်းတို့အဖြစ်ကလည်းကွာ။
ပိတ်ကားကြီး ကြည့်ပြီး
ငိုလိုက် ရယ်လိုက်
ဒေါသထွက်လိုက်နဲ့။
ငါက
ပိတ်ကားကို မကြည့်ဘူး။
မင်
းတို့ကို ထိုင်ကြည့်နေတာ။
မင်
းတို့က
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။

နရီမင်
၁- ၉- ၂၀၁၆

Comments