Sunday, September 18, 2016

k

သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ ဒီလူည၏ကဗျာများ

ခမည်း-၁
 
www.pinterest.com

ငယ်ငယ်က သူဟာ သိပ်ကို ချူချာလွန်းခဲ့တယ်
အိမ်ရှေ့တံခါးပေါက် နှစ်ပေါက်ရှိတဲ့သူတို့အိမ်မှာ
ခေါင်းရင်းဘက် တပေါက်ကတော့
အမြဲလိုလိုပိတ်ထားတယ်
မကြာခဏ မာတြာကျမ်းတွေဖတ်ပြီး ခေါပစ်ရတယ်
သူ့အဖေဟာ ခေါပစ်ရလွန်းလို့
ခေါပတောင်းရက်တတ်လာတဲ့အထိပဲ
သူ့အိပ်ရာမှာထောင်ထားတဲ့ခြင်ထောင်ကတော့
နေ့ရော ညရော ချည်ထားတဲ့ကြိုးတွေ
ဖြုတ်ရတယ်မရှိဘူး
ပြက္ခဒိန်ပေါ်မှာ အမှတ်အသားပြုထားတဲ့
ရက်ရာဇာ ပြဿဒါးတွေဟာ
သူ့အတွက်တော့
လေကောင်းလေသန့် ရှူရတဲ့ နေ့ လောက်
ပျော်ရွှင်ဖို့မကောင်းဘူးဆိုတာ
ညာဘက် လက်မောင်းမှာ ချည်ထားတဲ့ ကြိုးနီလေးက သိတယ် ။  ။


ဒီလူည
 

ခမည်း-၂
 
www.etsy.com
ပေါ့စေလိုလို့ကြောင်ရုပ်ထိုးလိုက် မိတယ်
ဒါပေမဲ့
ဆေးရဲ့အလေးချိန်က သိပ်များသွားသလားပဲ
ခုန်လိုက်တိုင်း အမြင့်ကို မရောက်ဘူး။  ။


ဒီလူည
 
….

ခမည်း-၃

www.pinterest.com
 ယုံကြည်မှုကို ကျစ်ထားတယ်
အားကိုးမှုကို ပြုတ်မထွက်အောင် ချည်ထားတယ်

ဆုတောင်းမှုကို ကျစ်ထားတယ်
မေတ္တာတရားကို ချည်ထားပုံက ခိုင်ခံ့တယ်

ပျော်ရွှင်မှုကိုမြဲအောင်ကျစ်ထားတယ်
ရာသီဥတုသာယာတဲ့ နေ့ကလေးတွေကို
ချည်မကျော်အောင် ဂရုတစိုက်နဲ့
အကွက်ကလေးတွေဖော်ထားတယ်

လတ်ဆတ်တဲ့လေကိုပါအောင် ကျစ်ထားတယ်
အင်္ကျီလက်တိုလေးတွေထုံးပြီး အစသတ်ထားတယ် ။    ။

ဒီလူည
 
….

ခမည်း-၎

www.decorpad.com
 ဖျား              နာ
တဲ့                တဲ့
အ                အ
ခါ                  ခါ
ဆေး             လည်း
                သောက်        ဆေး                 
ရ                   ထိုး
သ                  ရ
   လို                  တယ်။


ဒီလူည



ခမည်း-၅

www.pinterest.com
 နံရံမှာမျက်လုံးကို ကပ်ထားတယ်
နှစ်ပေမီးချောင်း တချောင်းအပေါ် အမှီပြုထားတဲ့
အခန်းရဲ့အလင်းအားဟာ
ဂျက်ထိုးမရတဲ့တံခါးတချပ်လို
ကုပ်တွယ်အားလျော့ရဲလာတဲ့ အိမ်မြှောင်တကောင်ဟာ
မျက်နှာကြက်ပေါ်က နေအရှိန်ပြင်းပြင်းနဲ့
ကြမ်းပြင်ကို ရိုက်ခတ်လိုက်တယ်
စာအုပ်တွေကြားထဲ
ညှပ်ထားတဲ့ အာရုံကြောတချို့ဟာ
မွေးမြူရေးကြက်တွေ လို
သစ်ပင်တွေဟာ
သူတို့ကို ရေလောင်းဖို့အော်ပြောနေတယ်
နှစ်ဦးသဘောတူလက်မှတ်တွေထဲ
ပြုန်းသွားတဲ့ ဇာတိမြေဆီ ပြန်ပို့ပေးဖို့
သစ်ပင်တွေက တိုးတိုးတိတ်တိတ်ပြောနေကြတယ်
နှုတ်ခမ်းနီအရောင်ပေါ် လရောင်ဟာ ဖြာကျနေတယ်
လေအေးပေးစက်ထဲ အပြုံးဟာ ဝင်သွားတယ်
ချိတ်ဆွဲထားတဲ့ လူသေအလောင်းတွေဟာ
ဟင်းနံ့ပေးလိုက်တာနဲ့ လကွယ်ညရောက်တိုင်း အသက်ဝင်လာတယ်
ဂါထာစုတ်နေတဲ့ မှော်ဆရာတယောက်လိုပေါ့
မီးခိုးတွေဟာ အခန်းရဲ့နေရာလပ်မရှိအောင် စိမ့်ဝင်လာတယ်
ဆပ်ပြာမှုန့်အစွန်းအထင် ချွတ်ဆေး အားဖြည့်အချိုရည်
အာမခံချက် ပေးထားတဲ့ ခြင်ဆေးတွေလို
မျက်လှည့်ဆရာဟာ
သူ့လက်ထဲကပဝါကို ဆုတံဆိပ်တခုဖြစ်အောင် လုပ်ပြလိုက်တယ်
မှတ်ပုံတင်ထဲမှာတော့ မိုးမိထားတဲ့ အဖျားက မပျောက်သေးဘူး။   ။

ဒီလူည