သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဟာရှိန်း(မင်းတပ်)၊ ကျော်ကျော်(မြရည်စမ်း)၊ မောင်ရဲနွေပလိပ်၊ နွန်လတ်တို့၏ကဗျာများ

အပြန်
www.yessy.com
ကြိုးကြာငှက်တွေရဲ့ အိမ်အပြန်လမ်းဟာ
ညနေဖြစ်ဖြစ် မနက်ခင်းဖြစ်ဖြစ် အားမာန်အပြည့်နဲ့
ဆဲယ်မွန်ငါးတွေရဲ့အပြန်ဟာ
ဒုက္ခ မြစ်ရေတွေဘယ်လောက် အရှိန်ပြင်းပြင်း ချိုမြလို့
ချိုးဖြူငှက်ကလေးရေ
မင်းရဲ့အိမ်ပြန်ချိန်ဟာ ဘယ်အချိန်မှာများလဲ
သံလွင်ခက်ကလေးတွေ မင်းကို မျှော်နေကြပြီလေ။

ဟာရှိန်း(မင်းတပ်)
·         ပြည်ပရောက် ငြိမ်းချမ်းရေးချိုးဖြူငှက်များသို့..
အပူရိပ်
alfa-img.com
ငါတို့
လူငယ်ဘဝထဲက
မြို့လေးရဲ့တရားရုံးကို
ကုက္ကိုပင်အိုကြီးက အုပ်မိုးထားခဲ့
ကျီးကန်းတွေ ခိုငှက်လေးတွေ
အဲ့ဒီနားတဝိုက် ကျက်စားကြ ခိုနားခဲ့ကြ။

တနေ့သား...
တရားမျှတခြင်းဆိုတဲ့အပေါ် အတွေးခန်းဝင်
ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဆိုတာ
ငါနဲ့ ဒဿ       နကမ္ဘာ
အဲ့ဒီအရိပ်အောက် ဖြတ်အလျှောက်
ချောက်ချားဖွယ့်လေသေနတ်သံ ငါကြား
တရားရုံးထက်က ခိုဖြူလေးတကောင်
သွေးအလူးလူးနဲ့ ပြုတ်ကျလာ ငါ မြင်ရပေါ့...
ကုက္ကိုပင်ကုက္ကိုရွက်တွေကြား ကျီးအာသံတွေ
မိုးပြိုမတတ်ကြားရပေါ့...။

အခုလည်း
တရားမျှတခြင်းဆိုတဲ့အပေါ် ငါ့ရဲ့စဉ်းစားခန်း
ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဆိုတဲ့အပေါ်
ငါ့အတွေးငါ့အမြင်များ
ကုက္ကိုပင်အိုကြီးဟာ ငါ့ငယ်ဘဝတုန်းကလို တရားရုံးပေါ်
အုပ်မိုးထားတုန်း
ချောက်ချားဖွယ်လေသေနတ်သံနဲ့
ခိုငှက်ဖြူလေးများနဲ့
ငါဟာ ဒဿ      နနယ်ထဲကျွံဝင်နေတုန်း။ ။

ကျော်ကျော်(မြရည်စမ်း)
၆.၉.၂၀၁၆
ညနေ...၅ နာရီတိတိ
အခမ်းအနား  
www.artbylt.com
ဗန်း ကိုင်မယ်
ဖဲကြိုး ဖြတ်မယ်
မိုးပျံပူပေါင်း လွှတ်မယ်...
အမှာစကား ပြောမယ်
သဝဏ်လွှာ ဖတ်မယ်
ကျေးဇူးတင်စကား ပြောမယ်...
ယပ်တောင် ကမ်းမယ်
သရဏဂုံ တင်မယ်
အရိုးပြာ ကောက်မယ်...
မောင်ရဲနွေ ပလိပ်
၈.၉.၁၆
...
အဖြစ်အပျက်-၂၃
www.pinterest.com
သိပ်မထူးပါဘူး ဆိုပြီး
ရောလိုက်တဲ့ ရေတခွက်ဟာလည်း
နွားနို့ကို ပျက်သွားစေပါတယ်။

မသိလိုက် ဘာသာ
ချချန်ခဲ့တဲ့ ငှက်ပျောခွံဟာ
နင်းမိသူကို ဘဝပျက်သွားစေနိုင်ပါတယ်။

လူ့ပြည်နဲ့ ဗြဟ္မာ့ပြည်က အပ်တစင်း
စကြဝဠာ မဟာပေါက်ကွဲမှုကြီး
နေမင်းပေါ်က လျှပ်စစ်မုန်တိုင်းတွေ
စသဖြင့်

မထင်မှတ်ဘဲ မသိလိုက်ဘာသာ
သေးသေးလေးတွေ
အကြီးကြီးတွေ

ခုပြောမယ့်ပုံပြင်ကတော့
ဘာရယ်ဘာမှန်းမသိ
အကြောင်းပြချက်မရှိပဲ
ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောတွေ
မျိုးသုဉ်းသွားခဲ့တဲ့
အကြောင်းပဲ ဖြစ်ပါတယ်။   ။

နွန်လတ်


Comments