သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈။ " စစ်ရုံးအုပ်ဘဝ"




ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..

၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှု များကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့ လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 
 
 စိုးလွင်
(၂၁၁) (၀မ်ခ)
 
ဒီဇိုင်းမိုးမခမီဒီယာ
စစ်ရုံးအုပ်ဘဝ

နေ့မိုးချုပ်ကာစမှာ...ကျနော်ကိစ္စတခုနဲ့ ပြန်ကြားရေးဌာနဘက် ရာက်​​နေတုန်းမှာ စစ်ရုံးက ရဲဘော်တဦးဖြစ်တဲ့ ရဲဘော်ရာဇာ အပြေးကလေးရောက်လာပြီး၊ အချုပ်သားတွေ ထွက်​​ပြေးသွားပြီဆို တဲ့အကြောင်း သတင်းလာပို့တယ်။ ကျနော်လည်း ချက်ချင်းလိုက်သွားပြီး အချုပ်ဂိုဒေါင်ကိုသွားစစ်​​တော့...
ဗဟိုမှာ ကျနော်စစ်ရုံးအုပ်တာဝန်ထမ်​​ဆောင်တဲ့အချိန်အတွင်း စစ်အစိုးရက တဖက်သတ်အပစ်ရပ်စဲတယ်လို့ကြေညာပြီး စစ်ပွဲတွေရပ်လိုက်တဲ့အတွက် တိုက်ပွဲတွေမဖြစ်​​တော့ပါဘူး(စစ်အစိုးရဘက်က အထိအခိုက် အကျအဆုံးများပြီး၊ အမိန့်နာခံမှုတွေ အားနည်းလာတဲ့အတွက် တဖက်သတ်အပစ်ရပ်လိုက်တာပါ။ တကယ်လို့များ တဖက်သတ် အသာစီးရနေရင်​​တော့ ဘယ်ရပ်ပါမလဲဗျာ)..တိုက်ပွဲမဖြစ်​​တော့ပေမဲ့ ကျနော်တို့တပ်​​တွေကတော့ ရောက်တဲ့နေရာမှာ နေရာယူထားကြဆဲ။
တပ်ရင်းအားလုံး ရှေ့တန်းမှာ ရှိနေကြပြီး နောက်တန်းမှာက ဖျားနာသူတွေ အိမ်​​ထောင်သည်​​တွေနဲ့ ဗဟို အဖွဲ့တွေပဲရှိကြတယ်။ ကျနော့်အလုပ်က စစ်ရုံးစာဝင်စာထွက်လုပ်..တပ်ရင်တွေအတွက် စစ်ပစ္စည်ထောက်ပံ့ရေးတွေပေးနဲ့ စစ်ရုံးက ရဲဘော်​​တွေကို ထိန်းရတာပဲ။ ဒီအလုပ်​​တွေက ပြဿ       နာမရှိပေမဲ့.. အပြစ်ရှိတယ်ဆိုပြီး တပ်ရင်းကပို့လိုက်တဲ့အချုပ်သားတွေကို ထိန်းရတာက ပြဿ      နာ။

(ကျနော်ကလည်း ကံကြမ္မာလို့ ပြောရမလား..ရေစက်လို့ပြောရမလား..အထုံလို့ ပြောရမလား မသိဘူး။ ဗဟိုမကွဲခင် ဗဟိုကိုခဏရောက်​​နေတာတောင် တရာခံဖမ်းစရာရှိပြီးဆို တာဝန်​​ပေးခံရတာက ကျန့ာ်တပ်စိတ်ပဲ)။ ကျနော်စစ်ရုံးအုပ်ဘ၀မှာ ပထမဆုံးရောက်လာတဲ့အချုပ်သားနှစ်​​ယောက်က တပ်ရင်း ၂၀၈ က ရဲဘော်လှဝင်း(လေး)နဲ့ တပ်ရင်း ၂၁၀ ကတယောက်။ တပ်ရင်း ၂၁၀ ကရဲဘော်က ဘာအမှုနဲ့ရောက်လာမှန် မမှတ်မိတော့ပေမဲ့၊ တပ်ရင်း ၂၀၈ ကရဲဘော်ကတော့ တပ်ရင်းကနေ ထွက်​​ပြေးမှု။

ဒီရဲဘော်က နှစ်ကြိမ်ထွက်​​ပြေးတာ..ပထမတကြိမ်တုန်းက လက်နက်မဲ့ထွက်​​ပြေးပေမဲ့ အခု ဒုတိယအကြိမ် သေနတ်နဲ့အတူထွက်​​ပြေးရာမှာ ဖမ်းမိလာတာ။ သူတို့နှစ်​​ယောက်​​ ကျနော့်ဆီရောက်လာတာနဲ့ ကျနော် သူတို့ကိုပြောတယ်"ခင်ဗျာတို့ မှန်လားမှားလား ကျနော်မသိဘူး..တပ်ရင်းက တာဝန်ရှိတဲ့သူတွေက ခင်ဗျား တို့မှာ အပြစ်ရှိတဲ့အတွက် ချုပ်ထားပေးပါလို့ ဗဟိုကို အကူညီတောင်းအတွက်ဗဟိုအမိန့်အရ ခင်ဗျားတို့ကို ထိန်းထားရတာ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာက ခင်ဗျာတို့နဲ့ ဗဟိုတာဝန်ရှိသူတွေ၊ တပ်ရင်းတာဝန်ရှိသူတွေ မျက်နှာချင်းဆိုင်ရှင်းရမယ့်ကိစ္စ။ ခင်ဗျာတို့ဟာ ကျနော်တို့ရဲဘော်​​တွေဖြစ်တဲ့အတွက် လက်ထိပ်မခတ်ဘူး။ ကျနော်တို့စားသလို စားရမယ် နေရမယ်။ ဒါပေမဲ့ သာမန်ရဲဘော်​​တွေလို့တော့ အပြင်ထွက်လည်ခွင့်မပြုဘူး။ စစ်ရုံးနယ်​​မြေအတွင်းမှာပဲ နေရမယ်"

ကျနော်တို့မှာ အချုပ်ခန်းမရှိတဲ့အတွက် သူတို့ကို ဂိုဒေါင်တလုံးမှာထားတယ်။ တံခါးဖွင့်ထားပေးတယ်ကြိုက်တဲ့အချိန်ပေါ့အပါး ထသွားလို့ရတယ်။ မနက်မိုးလင်းရင် ကျနော်တို့နဲ့အတူ မနက်စာ အတူစားပြီး လုပ်စရာရှိတဲ့အလုပ်​​တွေ အတူလုပ်ကြတယ်
(သာမန်ရဲဘော်​​တွေ မလုပ်ချင်တဲ့အလုပ်၊ ပင်ပမ်းမယ့်အလုပ်မျိုးတွေတော့ သူတို့လုပ်ရတာပေါ့)
နေကုန် အပြင်မှာလုပ်စရာရှိတာလုပ်ကြပြီး ညရောက်ရင်​​တော့ ဂိုဒေါင်ထဲမှာနေ(ဂိုဒေါင်ဆိုပေမဲ့ ကျနော်တို့နေတဲ့ ဘားတိုက်​​တွေလိုပါပဲ)..အပြင်ထွက်လည်ခွင်တော့ မရတော့ဘူး။ ဒီတချက်ဲ သာမန်ရဲဘော်​​တွေနဲ့ ကွာတာ..ကျန်တာ အတူတူပဲ။

ဒီလို့နဲ့
နေကြရင်နေ့ မိုးချုပ်ကာစမှာ...ကျနော်ကိစ္စတခုနဲ့ ပြန်ကြားရေးဌာနဘက် ရောက်​​နေတုန်းမှာ စစ်ရုံးက ရဲဘော်တဦးဖြစ်တဲ့ ရဲဘော်ရာဇာ အပြေးကလေးရောက်လာပြီး၊ အချုပ်သားတွေ ထွက်​​ပြေးသွားပြီဆို တဲ့အကြောင်း သတင်းလာပို့တယ်။ ကျနော်လည်း ချက်ချင်းလိုက်သွားပြီး အချုပ်ဂိုဒေါင်ကိုသွားစစ်​​တော့ တပ်ရင်း ၂၁၀ ကရဲဘော်ကရှိနေသေးပြီး တပ်ရင်း ၂၀၈ က ရဲဘော်လှဝင်း(လး) (တပ်ရင်း ၂၀၈ မှာက လှဝင်း​  နှစ်​​ယောက်ရှိတယ်..လှဝင်း(ကြီး) က ဗဟိုကော်မတီဝင်)ယောက်ဲ ထွက်​​ပြေးသွားတာတွေ့ရတယ်။ ကျန်​​နေတဲ့အချုပ်သားကိုမေးကြည်တော့...လှဝင်းက ထွက်​​ပြေးဖို့ သူ့ကိုအဖော်စပ်တယ်။ သူက ထွက်ပြေး ဘူးလို့ပြောလိုက်​​တော့ လှဝင်းတယောက်ထဲ ထွက်​​ပြေးသွား တာတဲ့။ ကျနော်လည်း လာခေါ်တဲ့ရဲဘော်ရာဇာကို မေးကြည်တော့...သူလည်း ဖျားနေလို့ ယောက်ထဲအိပ်​​နေတုန်း(ကျန်တဲ့ရဲဘော်​​တွေက ထမင်းရုံ ထဲ ရောက်​​နေကြတယ်) စစ်ရုံးဘက်က မသင်္ကာစရာ အသံကြားလို့ထကြည့်တာ..လူတယောက် ရုံဘေးနား ကပ်​​နေတာတွေ့လို့ အော်လိုက်မှထွက်​​ပြေးသွားသတဲ့။ သူလည်းအပြေးသွားပြီး အချုပ်ဂိုဒေါင်သွားကြည့်တာ လှဝင်းကိုမတွေ့တာနဲ့ ချက်ချင်း ကနော့်ကိုသတင်းလာပို့တာတဲ့။ 

ကျနော်တို့လည်း စစ်ရုံးထဲမှာရှိတဲ့ လက်နတ်ပစ္စည်တွေ စစ်ကြည့်လိုက်​​တော့ ခါးပတ်နဲ့တွဲချိတ်ထားတဲ့ပစ္စတို တလက် ပျောက်​​နေတာတွေ့ရတယ်။ ကျနော်တို့စစ်ရုံးတဖွဲ့လုံးလည်းသေနတ်​​တွေဆွဲပြီး လိုက်ရှာတာပေါ့။ မတွေ့တဲ့အဆုံး အနီးအနားမှာရှိတဲ့ K.N.U တာဝန်ရှိတဲ့သူတွေကိုအကျိုးအကြောင်ပြောပြပြီး တွေ့ရင်ဖမ်းထားပေးဖို့အကြောင်းကြားခဲ့တယ်
မနက်မိုးလင်းလို့ စစ်ရုံတ၀ိုက်ကိုပြန်စစ်​​ဆေးတော့ နံရံကြားမှာညှပ်​​နေတဲ့ ပစ္စတိုကို ပြန်​​တွေ့ရတယ်။သေနတ်မပါသွားတဲ့အတွက် ကနော်လည်း စိတ်နည်းနည်အေးသွားတယ်
နှစ်
ရက်​​လောက်​​နေတော့ လှဝင်းကိုဖမ်းမိပြီးဖြစ်​​ကြောင်း K.N.U က အကြောင်းကြားလာလို့ စစ်ရုံးက ရဲဘော်တချို့ကိုလွှတ်ပြီး လှဝင်းကိုပြန်​​ခေါ်လာခိုင်းလိုက်တယ်
ဒီတခါတော့ ကျနော်မညှာနိုင်​​တော့ပါဘူး။ လှဝင်းကို လက်ထိပ်ခတ်ဖမ်းခဲ့ဖို့ မှာလိုက်တယ်
လှဝင်
ရောက်လာပါပြီးခင်ဗျာ။

သူ့ကိုစစ​​မေးတော့ စစ်ရုံးအပြင်နံရံအကြားကနေ သေနတ်ကိုဆွဲနေတုန်း ရဲဘော်ရာဇာလှမ်အော်သံကြား လို့ သေနတ်ကိုမယူဘဲ(နံရံနဲ့ သေနတ်ညှပ်​​နေပြီး ဆွဲမရ) ထွက်​​ပြေးသွားတာဖြစ်​​ကြောင်း အစစ်ခံတယ်။ ကျနော်လည်း ဒေါသထွက်ထွက်နဲ့ နှစ်ချက် သုံးချက် ရိုက်ပစ်လိုက်တယ်။ ပြီးတော့ အချုပ်ထဲထည်သော့ခတ်ထားလိုက်တယ်
နောက်​​နေ့မိုးလင် ထမင်းစားကြတော့ သူတို့နှစ်​​ယောက်ကို ရဲဘော်​​တွေနဲ့အတူ ထမင်းမစားခိုင်တော့ဘဲ သီးခြားစီစားခိုင်းလိုက်တယ်။ အချုပ်သားတွေက ကျနော်တို့ကို သင်ခန်းစာပေးလာတဲ့ အတွက် ရဲဘော်နဲ့ အချုပ်သားကို အဆင့်အတန်းခွဲဖို့ ကျနော်စလုပ်ပါပြီ။
ထမင်းစားပြီးတာနဲ့ ကျန်အချုပ်သားကိုတော့ ရဲဘော်​​တွေနဲ့အတူတူအလုပ်လုပ်​​စေပြီး လှဝင်းကိုတော့ အချုပ်ထဲထည်သော့ခတ်ထားလိုက်တယ်။ ထမင်းစား ရေချိုးချိန်ကလွဲပြီး ကျန်တဲ့အချိန်ကို အပြင်ထွက်ခွင့်မပေးတော့ဘူး။
ဒီလိုနဲ့
နေကြရင် တရက် ကျနော်အပြင်က ပြန်လာတဲ့အချိန်မှာ ၀င်းချို(စစ်​​ရေးချုပ်) က လှဝင်းကို စစ်ရုံးရှေ့ ကသစ်ပင်မှာကြိုးချီပြီး ရိုက်​​နေတာ တွေ့ရတယ်
"နောက် သေနတ်ယူပြီး ထွက်​​ပြေးအုံးမလား"ဆိုပြီး မေးလိုက်ရိုက်လိုက်​​ပေါ့။
လှဝင်းကလည်း ငိုယိုပြီး "နောက် မလုပ်​​တော့ပါဘူး" ပြောပေါ့။
သူတို့နှစ်​​ယောက်ရဲ့အဖြစ်ကို တွေ့ခါစကတော့ ကျနော်​​ကျေနပ်တယ်သေနတ်ခိုးပြီး ထွက်​​ပြေးမယ်ကောင်ကို ဒီလောက်​​တော့ ရိုက်ဆုံးမသင့်တာပေါ့။ ဒါပေမဲ့ နည်းနည်းကြာလာတော့ ရိုက်နှက်သံတွေနဲ့ ငိုယိုသံတွေကို မကြားချင်​​တော့ဘူး။ မကြေမနပ်ဖြစ်လာတယ်ဒေါသဖြစ်လာတယ်။ ဒါနဲ့ပဲ ၀င်းချို အရိုက်ရပ်​​ပေမဲ့ လည်း လှဝင်းဆက်ပြီးအော်ငိုနေတာတွေ့လို့ " နားငြီးတယ်ကွာ" ဆိုပြီးတော့ လှဝင်းကို ကြိုးဖြေပေးပြီး စစ်ရုံးနဲ့ဝေးရာကို ခေါ်ချလာလိုက်တယ်။ 

အရိပ်​​ကောင်းတဲ့ သစ်ပင်တပင်​​အောက်​​ရောက်​​တော့ လှဝင်းကို ကြိုးချီပြီး ထားလိုက်တယ်။ မင်းအငိုရပ်မှ ငါ့လာပြန်​​ခေါ်မယ်​​ပြောလည်း လှဝင်းက အငိုမရပ်ဘူး။ ကျနော်လည်း သူကိုခြောက်တဲ့အနေနဲ့ ..ချီထားတဲ့ကြိုနဲ့ပဲကြိုးကွင်းလုပ်ပြီး သူလည်ပင်းမှာ စွပ်ထားလိုက်တယ်
(သူထိုင်လို့ ထလို့ရအောင် ကြိုးရှည်ရှည်​​တော့ လုပ်ထားလိုက်တယ်)..မင်းအငိုရပ်မှ ငါလာပြန်​​ခေါ်မယ်​​ပြောပြီး အလုပ်ရှိရာထမင်းရုံဘက်ကို ကျနော်ထွက်လာခဲ့လိုက်တယ်၂ နာရီလောက်ကြာတဲ့အချိန်မှာပဲ ကျနော်ရှိရာထမင်းရုံဆီကို ရဲဘော်ရာဇာပြေးချလာပြီး.." အကို...အကို...ဟိုကောင် လှဝင်ခေါ်လို့ မရတော့ဘူး" လို့ ပြောလာတဲ့အတွက်...ကျနော်လည်း လုပ်လက်စအလုပ်​​တွေကိုပစ်ချထားခဲ့ပြီး လှဝင်း ရှိရာပြေးတော့တာပဲ။
ကျနော်​​ရောက်သွားတဲ့အချိန်မှာ လှဝင်းဟာ သစ်ပင်မှာကပ်ပြီး ထိုင်မလို ထမလိုပုံစံမျိုးနဲ့ ခေါင်းငိုက်စိုက်ကျနေတာ တွေ့ရတယ်။ ကျနော်လည်း လှဝင်းအနားကပ်သွားပြီး သူ့ကိုယ်ကိုကိုင်လှုပ်ပြီး" လှဝင်း..လှဝင်" ခေါ်ကြည်တော့ ဘာသံမှထွက်မလာဘူး။ သူ့ကိုယ်​​ငွေ့ကလည်း သာမန်လူလိုမနွေးဘဲ အေးနေတော့ ကျနော်စဉ်းစားရခက်သွားတယ်။ လူတယောက် လဲကျရုံနဲ့ ဒီလို့ဖြစ်သွားရောလား။

ကျနော် မင်္သကာတာနဲ့ သူ့လည်ပင်ကိုကြည့်လိုက်​​တော့ ကြိုးကွင်းက သူ့လည်ပင်မှာ အစ်​​နေတာ တွေ့ လိုက်ရတယ်။ ကျနော်လည်း ချက်ချင်းပဲလှဝင်းကိုချီမပြီး နောက်ကရောက်လာတဲ့ရာဇာကိုလည်ပင်းကြိုးကွင်ဖြေခိုင်းရတယ်။ ပြီးတော့ ရှေးဦးသူနာပြုနည်တွေနဲ့ ပြုစုနေတုန်း အနီးမှာရှိတဲ့ရဲဘော်ယောက်ကို ဆေးမှူးတွေ ခေါ်ခိုင်းလိုက်တယ်
ဆေးမှူးတွေရောက်လာလို့စမ်းသပ်ကြည်တော့ လှဝင်းက အသက်မရှိတော့ဘူး။ ဒီတော့မှ ကျနော်စဉ်း စားရတော့တယ်။ လဲကျရင် ထိုင်ချရင် အိပ်ချရင်​​တောင် လည်ပင်းမအစ်​​အောင် ကြိုးရှည်ရှည်နဲ့ ထားခဲ့ရဲ့နဲ့ လှဝင်းလည်ပင်းအစ်ပြီး ဘာကြောင်သေရတာလဲ။
ကျနော်လှဝင်းရဲ့အနီးပတ်ဝန်းကျင်​​တွေ လေ့လာကြည့်လိုက်​​တော့ တွေ့ပါပြီ။
လှဝင်းဟာ သစ်ပင်ကို အခေါက်​​ပေါင်းများစွာပတ်ပြီး ကြိုးကို တင်းသွားအောင်လုပ်...ကြိုးတင်းသွားပြီ ဆိုတော့မှ လှဲချလိုက်တာပဲ။ သူ့ကိုယ်သူ လုပ်ကြံလိုက်တယ်လို့ပဲ ပြောရမှာပဲ။
ဘယ်လိုပြောပြော ဒီကိစ္စမှာ ကနော့်မှာ တာဝန်ရှိတယ်။ ကျနော်​​ပေါ့ဆခဲ့တယ်။သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျနော်လုံးဝ ထင်မထားခဲ့ဘူး။ ဒါကြောင့်လည်း လှဝင်သေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီ တဦးက ၀င်းချို(စစ်​​ရေးချုပ်)ကို တာဝန်ခံခိုင်တော့ ကနော်​​ပြောခဲ့တယ်။ ၀င်းချိုနဲ့မဆိုင်ဘူး။ တာဝန်ခံရမှာက ကျနော်ခင်ဗျာတို့ စစ်​​ဆေးလို့ ကျနော့်မှာ အပြစ်ရှိတယ်လို့သတ်မှတ်ရင် ကျနော်ခံပါမယ်လို့ ပြောခဲ့တယ်

(ဗဟိုရဲ့ရှုတ်​​ထွေနေတဲ့ အခြေအနေကြောင့်လားမသိဘူး၊ နောက်​​တော့လည်း ဒီကိစ္စဘာသံမှမကြားရတော့ဘူး) 
အချုပ်သားတွေက ကျနော့်ကို သင်ခန်းစာအများကြီး ပေးခဲ့တယ်။ ဒါကြောင် နောက်​​ရောက်လာတဲ့ အချုပ်သားတွေကို အချုပ်သားပီပီ ဆက်ဆံခဲ့တယ်။ တချို့တွေလည်း မကြေနပ်ကြဘူးပေါ့။
( ကျနော် ABSDF က ထွက်ပြီး Bangkok ရောက်တဲ့အချိန်..ကျနော်ဖမ်းခဲ့ဖူးတဲ့ ရဲဘော်ယောက် ကျနော့်​ ဆီရောက်လာပြီးပြောတယ်။ "လူတယောက်က သူ့ဆီလာပြောတယ်တဲ့၊ မင်းတို့ကိုဖမ်းဖူးတဲ့ စိုးလွင် အခု ဒီကိုရောက်​​နေပြီ၊ သွားရိုက်ကြတဲ့..".ကနော်လည်း ပြန်​​ပြောလိုက်တယ်"ငါလည်း တာဝန်အရလုပ်ခဲ့တာ.. မင်းစိတ်ထဲမှာ မကြေနပ်ရင် ရိုက်သွားပေါ့" လို့...လာတွေ့တဲ့ရဲဘော်လည်း စကားအေးအေးဆေးဆေးပြော ပြီး ပြန်သွားခဲ့တယ်)
ဘာပဲ
ပြောပြော....လှဝင်း အပြစ်လုပ်ခဲ့တာကတပိုင်း..လှဝင်သေဆုံးမှုနဲ့ပတ်သက်ပြီး ပြန်​​တွေ့လိုက်တိုင်း ယနေ့ထက်ထိ စိတ်ကောင်းဖြစ်တုန်
း.....

စိုးလွင်(၂၁၁)(၀မ်ခ)

Comments