သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ နေပန်ဦး၏ ကဗျာများ

ငလျင်
 
www.pinterest.com

ဘုရားပန်းအိုးလေး ကျကွဲသွား
ဘုရား…ဘုရား…ဘုရား
မေမေ နေကောင်းလား။ ။

နေပန်ဦး

ပင်လုံ
 
www.metmuseum.org
 နာခဲလှသော အမှန်တရား

အိုခဲလှသော ငြိမ်းချမ်းရေး

သေခဲလှသော ချစ်ခြင်းတရား

အတို့ကျွန် ဖူးပါရစေသား။ ။

နေပန်ဦး

….

ပွဲတော် 

သီချင်းများ၊ ဖုန်များ၊ ညှော်နံ့များ

ဟိုငေးဒီငေး တောင်လျှောက်မြောက်လျှောက်

အင်္ကျီအသစ်၊ ပုဆိုးသစ်ဝတ်လာမှ

သြော်….လူပျောက်ခဲ့ပုံ

ငါ့မှာ လူစုကွဲနေခဲ့တယ်။ ။

နေပန်ဦး


သီတင်းကျွတ် 

မိုးလည်း ကျွတ်ပြီ
အပူလည်း လွတ်ပြီ
မင်းတို့ငါတို့ကျွတ်လွတ်ဖို့ပဲကျန်တော့တယ်

နေပန်ဦး

….

မီးပုံးများ 
 
www.artsyshark.com

ထွန်းညှိကြပါစို့

ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်

သွေးအားကို မီးစာလုပ်ပီး။ ။

နေပန်ဦး

Comments