သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ချစ်ချစ်ချိုင်း(ရေနံချောင်း)၊ သော်မိုးသစ်၊ ဆလိုင်ြး်မတ်နိုးသူတို့၏ကဗျာများ

ချစ်သူ အမည်မသိ
www.arab-painting.com

တိမ်ကိုအမည်ပြောင်းလိုက်ရုံနဲ့
ပန်းဖြစ်မသွားသလို
ပန်းကိုအမည်ပြောင်းလိုက်ရုံနဲ့
မွှေးရနံ့တွေပြယ်မသွားပါဘူး
ကိုယ့်ရင်တဆုံးမြမြလေးမွှေးခဲ့တဲ့
ကိုယ့်ရဲ့ကြက်ရုန်းပန်းကလေးရေ …။
မင်းဟာ ရွာအပြင်အင်တိုင်းစပ်က
ကျောက်သားဆန်ဆန်မြေမှာပေါက်ခဲ့တယ်
ဖွေးလွရိုးစင်းတဲ့အလှနဲ့
အပူမြေထဲ ရဲရဲပွင့်ခဲ့တယ်။
မင်းအမည်မသိခင်ကတည်းက
မင်းရနံ့လေး
ရင်ကိုထုတ်ချင်းဖောက်မွှေးခဲ့
ရှုရှိုက်ဖူးတဲ့ရနံ့တွေထဲ
ဆယ်ဘဝစာမမေ့အောင်မွှေးခဲ့
ကြိုးပြတ်တဲ့စွန်တကောင်
သစ်ကိုင်းမှာငြိသလို
ကိုယ့်အာရုံတွေမင်းရနံ့မှာငြိခဲ့တယ်။
မင်းနဲ့တွေ့တဲ့အခါ
မင်းနာမည်ကိုမပြောပါနဲ့
မင်းမှတ်ပုံတင်မပြပါနဲ့
မင်းလိပ်စာမပြောပါနဲ့
မင်းစိတ်အတိုင်းမင်းနေ
အမည်ဆိုတာသတ်မှတ်ချက်ပါပဲကွဲ့
ကိုယ်ကသမားရိုးကျတွေကိုစိတ်မဝင်စားသူ
မင်းရနံ့နဲ့ငါ့စိတ်သာ
လိပ်ပြာခွဲမရအောင်နေပေးပါ
တိမ်ကိုအမည်ပြောင်းလိုက်ရုံနဲ့
ပန်းဖြစ်မသွားသလို
ပန်းကိုအမည်ပြောင်းလိုက်ရုံနဲ့
မွှေးရနံ့တွေပြယ်မသွားပါဘူး
ဆယ်ဘဝစာကိုယ့်ရင်တဆုံး
ကိုယ့်ကြက်ရုန်းပန်းလေးမွှေးမြခဲ့ပုံ…..။

ချစ်ချစ်ချိုင်း(ရေနံချောင်း)


အကုန် ခရီးလွန်နေကြတယ်
 
mulpix.com

 တိမ်တွေကြားက သက်တံဟာ
နေလာ နှင်းပျောက်ဆိုတာမျိုး
မိုးအလွန်မှာမှ လူးလွန့်ပွင့်ဖူးပြရတာ
သူ့ဘဝက ခက်ခဲတယ်
တိမ်တွေရယ်……
ရိုးရိုးသားသား အမှားကလးည် မှားကြတာပဲမဟုတ်လား
နှာသီးဖျားက ချွေးစက်ကနေ
ခြေမထိ လာရောက်ထိမှန်တဲ့ နူးညံ့မှုဟာ သစ္စာမြောက်တယ်
အဲဒီ သစ္စာကိုပဲ လေးမြတ်တယ်။
မသိဘူးဆိုတာ ……အဝိဇ္ဇာမြောက်တဲ့ ငြင်းပယ်မှုဆင်ခြေမဟုတ်ဘူး
မသိဘူးဆိုတာ ……မှားခွင့်ကို ခေါင်းကွဲတဲ့ဈေးက ဝယ်ယူတပ်ဆင်ထားတဲ့ ဦးထုပ်တလုံး မဖြစ်ရဘူး
မသိဘူးဆိုတာ ………ခေတ်သစ်ဘာသာဗေဒရဲ့
အငှားယာဉ်မဟုတ်ဘူး
မသိဘူးဆိုတာ…………
အမြင့်ဆုံးကြေးအတွက် အများဆုံးဈေးခေါ်ကြည့်ရတဲ့ ညဈေးတန်းမဟုတ်ဘူး
ဒီလိုပဲ
မသိဘူးဆိုတာ…………
ဒီလိုပဲလေ…………
တခွန်းဈေးနဲ့ ဘယ်မာနကို ဘယ်လို ချိန်စက်ဝယ်လို့ရမလဲ……
တန်ဖိုးဆိုတာ နှစ်ဦးသဘောတူမှ
စည်းကမ်းဆိုတာ နှစ်ဦးသဘောတူမှ
သဘောက မျှတမှု
သဘောက စည်းနှောင်မှု
ဟောဒီလူ့ဝန်းကျင်မှာ ပျောက်ဆုံးသွားတဲ့ အဦးအစက အရာ……
ပြောလည်း ပြန်မထူးရင်
တောင်စဉ်တောင်တန်း မစစ်ဘူး
ပဲ့တင်သံမှ ပြန်မလာရင်
ရှေးဦးလူသားလို ဂူထဲ မီးခတ်နေပြီး ရိုးသားရတာကောင်းတယ်။
ခေတ်ကိုမှီခိုပြီးနေတတ်ရင်
ခေတ်ပေါ်ရောဂါတွေကို လက်ခံတတ်ရမယ်
လူဆိုးဆီရောက်တဲ့ ကျေးက ရိုင်းသွားတာမှားပြန်ရော
လူလိမ္မာတွေရဲ့မှတ်ချက်မှာကျတော့
စံနဲ့ နှုန်းနဲ့ နတ်လူသာဓုခေါ်မယ့်အကောင်းတွေချည်းနဲ့
ရယ်စရာလေ………
သိမှုကို ရှာတယ်
လူ့ကျင့်ဝတ်ကို ရှာတယ်
အမှား အမှန်ကို ရှာတယ်
တရားမျှတမှုကိုရှာတယ်
ရှိသမျှ အကောင်းတွေချည်း လောဘတကြီးလိုက် ရှာတယ်
နောက်ဆုံး မက်ဆေ့ခ်ျဟာ
ခေါင်းတလားဖွင့်သံလို နားထဲဝင်လာတယ်
အကုန် ခရီးလွန်နေပါတယ်တဲ့။

သော်မိုးသစ်


မသေမရှည် မဟုတ်ဘဲ စပ်မျိုး 

joanmiro.co.uk 
ကိုယ်ကတော့ ချောကလက်ကနေ အပျိုရည်ပျက်မသွားဖို့ ကြိုးစားရတယ်တဲ့ ရယ်လျက် ကဗျာဆရာ။
မရယ်နိုင်တဲ့ကဗျာ။ လောင်စာကုန်ခမ်းနေတဲ့ ခုတင်များ ငါ့ကိုယ်မပိုင် အခန်းထဲ ပျံ့နှံ့လို့။
ညက မန်းကီးမောစ့်ကို ပြန်အကြိုက်တွေ့လို့ကဗျာဆရာကို သတိရပါတယ်။
ဘဲကြီးက စော်တွေ ခေါ်ခေါ်လာလာတတ်တယ်။ လာတိုင်းလည်း အားလုံးဟာ ပျော်ရွှင်နေပုံရတယ်။
တကယ်မပျော်ရွှင်နိုင်လို့ ပျော်ရွှင်မှုကို အတင်းအဓမ္မသိမ်းပိုက်တယ်ဆိုတာ
ဒါမျိုးဖြစ်ကောင်းဖြစ်မှာပေါ့။ ဘဲကြီးကို ငါမေးခဲ့ဖူးတယ်။ ငါ့ဦးလေး ထိုးပေးတဲ့ အမှတ်ကို ပြန်ဆယ်ရင်း
စော်ဆိုတာ ဆော်ဖို့မဟုတ်လား။ ခွီးခွီး။ ပြေးပြေး မပြေးရင် မင်းတို့လက်နက်တွေ အားလုံး
ပြန်မသိမ်းဘဲနေရလိမ့်မယ်လို့ ပြောနေတဲ့ အသံလူအုပ်လေးကို လောင်သွားတာပေါ့။
လူတွေသေရင် ဒါမှ မဟုတ်လောင်ရင် မြေကြီးပဲဖြစ်သလား အငွေ့အစိုင်အခဲ ပြာ။
ဖြစ်ချင်ရာဖြစ်ဖြစ် မဖြစ်ဖြစ်။ ဒီလိုပဲ ကောင်းခန်းရောက်ရင် ငါ့သိမှုက အမြဲတမ်းအချဉ်ပေါက်တယ် မဖောက်ဘဲ။
miss call သုံးခုတွေ့တယ်။ တခုက ဖုန်းနံပါတ်မပါ။ နောက်တခုက ကိုယ်တုံးလုံး။
နောက်ထပ်က ဂျူးတွေရဲ့မြင့်မြတ်နယ်မြေ တံဆိပ်ပုံလေးကပ်ထားတယ်။
ဒီရက်ပိုင်း ထူးဆန်းတာတွေချည်းပဲ ဝင်နေတယ်။ သူမကတော့ ရယ်တယ်။
ကျွဲသားမစားရ အနောက်တောင် မသွားရ ဘာဂျာမမှတ်ရ ။
အားလပ်ရက် ရေကန်ထဲ ငါးတွေကို လွှတ်ပေးပါ ဆိုပြီး ပြန်ဖမ်းကြမှာ တွေးပြီး လှောင်ချင်စရာကြီး။
လူအုပ်ကြီးကို လှောင်တယ် ။ ဂွတွေနဲ့ရစ်နေကြ။ ချောဆီမပါတာ မထည့်တာ ကင်မရာက ခိုးရိုက်တယ်။
မိန်းမတယောက်ရဲ့ဝိညာဉ်ပွင့်ထွက်သွားအောင် လုပ်ပစ်လိုက်တဲ့ချိန်သီး။
ငှက်ကလေးများရေ နေရီရီမှာဆိုတော့ ထုံးစံအတိုင်း အငွေ့တထောင်းထောင်းနဲ့ ။
ဆက်လှော်လှောင်တယ်။ လှော်လှော်လှော် လှော်တယ်။ လက်ကျိုးကြီးနဲ့အော်လို့။
ဒီလောက်ကတော့ လူတိုင်းသိတဲ့သွားတွေကို ဆက်လက်လုပ်ကိုင်ကြရမှာပါပဲလှော်။
ဒီတိုင်းဆို လူအုပ်ကြီးကော ကဗျာဆရာကော ကျန်းမာရေး ဒေါင်ဒေါင် မမြည်ကြောင်းပါ။ 

ဆလိုင်းမြတ်နိုးသူ
2016 Sep 8


Comments