သစ်ခက်သံလွင် ကဗျာရှည်၊ ဒီလူ(တောင်တွင်းကြီး)၏ ! ခေတ်ကြီးပေါ်မှာ ခုန်ဆွ ခုန်ဆွ ဖြစ်နေတဲ့စိတ်ဟာ ငါ့ကဗျာပဲ!

! ခေတ်ကြီးပေါ်မှာ 
ခုန်ဆွ ခုန်ဆွဖြစ်နေတဲ့စိတ်ဟာ 
ငါ့ကဗျာပဲ ! 
  
www.pinterest.com
  မှားလို့ကောင်းတဲ့အသက်အရွယ်ဆိုတော့
ဘယ်ပစ်မှတ်ဖြစ်ဖြစ်ထိတယ်
အကြောင်းတရားမရွေးလောင်တယ်
အချိန်အခါမရွေး နက်တယ်
နောင်မှတော့ဘယ်အဓိပ္ပာယ်မှ တ မနေတော့ဘူး။
အဲဒီလောက် ဟောက်ယုံနဲ့တ​​ရေးနိုးမယ်ဆို
အစကတည်းကမအိပ်ဘူး။

လူပြောသူပြောများတဲ့ တချို့ကိစ္စတွေက
ဘာမှမဟုတ်ဘူးသူငယ်ချင်း။

ကိုယ့်ဒုက္ခနဲ့ကိုယ်လှတယ်
စိတ်ကို Play လိုက်
Enter ခေါက်လိုက်
Delete လုပ်လိုက်
နေတတ်လိုက် ကျေနပ်လိုက်နဲ့
ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။

ဘာမှမဟုတ်ဘူး ဘာမှမဖြစ်ဘူး ။
ဘာမှမလုပ်တော့ဘာမှမဖြစ်ဘူး
သိတယ် မသိဘူး ဟုတ်တယ်။
ကွိုင်ပဲ။ ပတ်နေတဲ့တိုင်က
အတုကြီး / အစစ်ကြီး။
ေ--ာက်ပြဿနာ အကြီးကြီး။
ေ--ာက်တလွဲကြီး /အောက် ဖဲကြီး။
တစ်ပူပေါ်နှစ်ပူဆင့်ကြီး။
ငါ့မှာရှိသမျှ ဒုက္ခတွေက
တိတိကျကျ မတိမကျမရေမရာ
နာတယ် ။ ပျော်စရာပဲ။
အာ ယာ အဲ ယဲ သောက။
သဘောတရားအတုအယောင်တွေနဲ့
စိတ်ဓါတ် အပုတ်အသိုးများအား
ကျကျနန
ထုပ်ပိုးသိမ်းဆည်းထားစေချင်ကြောင်း
သတင်းကောင်းပါးလိုက်ပါသည် ။
အိပ်မက်လှလှ မက်ပါစေ .......
မေ့လို့မရတဲ့သင်္ကေတဟာ စန္ဒရားဆရာရဲ့
လက်ထဲမှာမရှိတော့ဘူး ဇယ်တောက်ခုံမှာဝင်ငေးနေတဲ့
ကလေးတယောက်မျက်လုံးထဲကိုရောက်သွားပြီ။
ကျွန်တော် မထွက်လို့မဖြစ်တော့ဘူး
ကျွန်တော်မထွက်လို့ တကယ်ကိုမဖြစ်တော့ဘူး
လမင်းကိုပုရွက်ဆိတ်ကိုက်တဲ့နေ့က
ထွားထွားကြိုင်းကြိုင်းကြီးကိုပိန်လို့လှလို့ဝလို့။
မင်းတို့ကိုးကွယ်တဲ့ ဆရာကြီးကို
ရန်ကုန်လမ်းညွှန်ထဲမှာ
လိုက်ရှာတာမတွေ့ဘူး။

ဘယ်အရပ်ကိုမျက်နာမူပြီး
ဘယ်ဘာသာစကားနဲ့ဟစ်အော်ရမလဲ။

စိတ်ဓာတ်တဖွာနှစ်ဖွာစာလောက်နဲ့
လိပ်စာပျောက်နေတဲ့ လိပ်ပြာ
ငါ့သတိကို ငါဖိထားတယ်။

ဒီမိုကရေစီပဲ / လူ့အခွင့်အရေးပဲ
သူ့အခွင့်အရေးပဲ / ငါ့အခွင့်အရေးပဲ
ပဲ ပဲ ပဲ
ပဲလှော်စားပြီးပေါက်တဲ့ချီး(ချေး) တွေ
လူစော်နံတယ် / မူစော်နံတယ် / အပူစော်နံတယ်။

ဘာကိုမှကိုးကားမနေတော့ဘူး။ ရှိရှိသမျှအမှန်တရားတွေက
အတ္တကို ပတ္တလား လုပ်တီးထားတာ။
စိတ်ထင်ရာလုပ်တဲ့ လိပ်နင်ဂျာရုပ်တွေ။
ဘာရမလဲတော့မသိဘူး
ငါကွ..ငါကွ..အော်နေတဲ့ဆရာကောင်တွေ
လက်လုပ်လက်စား..ဗလာကောင်တွေ
တနေ့လုပ်တသက်စား...မသာကောင်တွေ
ငါက..ငါယောက်ဆောင်တဲ့တနေ့
ကဗျာက..ကဗျာယောင်ဆောင်တဲ့တနေ့
လှလှပပကြီး..ငိုချင်ယောင်ဆောင်မယ်..။ ။ 


ဒီလူ(တောင်တွင်းကြီး)
၁၀.၉.၂၀၁၆

Comments