သစ်ခက်သံလွင်ကဗျာစင်မြင့်၊ သင်းရည်လွင်၊ ကိုပွေး၊ ဉာဏ်ရှင်းနှင့် မင်းလွင်တို့၏ကဗျာများ

အိမ် ငေး ငှက်

www.greatmodernpictures.com

 ရင်ဘတ် ထဲ စက် သေ နတ် ကျည် လို
အ တွဲ လိုက် ………
ပြန် မ လာ နိုင် တော့  ပါ ဘူး တဲ့
ဆန့်  ထား တဲ့ လက် က လေး အ သာ ချ
လျော့ နေ တဲ့ စိတ် က လေး သံ ပါတ် တင်း
မျှော် လင့် ခြင်း ခပ် ပါး ပါးလေး ဖြည် ချ
စမ်း ချောင်း လေး လို စီး ဆင်း ခဲ့
သ တိ ရ ခြင်း တောင် ပံ ခတ် လိုက် တယ် ။

သင်း ရည် လွင်
2016. aug
မျှော်စင်
www.artlimited.ne
 မြေပုံအရ ဒီနေရာပဲ
ဒါပေမဲ့ တောင်ကိုရှာမတွေ့
ပါလာတဲ့အလံကို ဧရာမကန်ကြီးဘေး
ထိုးစိုက်လိုက်တယ်
ခပ်လှမ်းလှမ်းမှာတော့ ကြေးရောင်သန်းနေတဲ့
တောင်တန်းလေးတွေ အစီအရီ
ငါ့အဘိုးရဲ့ဒိုင်ယာရီအဖုံးက
တရုတ်လိုရွှေစာလုံးနဲ့
ငါ့အဘိုးများ မှားရေးခဲ့သလား
ချင်းတွင်းမြစ်အနောက်ဖက် လက်ပံတောင်းတောင်တဲ့
မြေပုံအရတော့ ဒီနေရာပဲ
ကန်ကြီးထဲက ရေကတော့ နောက်ကျိကျိ ။။

ကိုပွေး
၁၄၉၁၆
ပန်းချီကား
newmexicomercury.com
အာင့်သက်သက်နာကျင်နေတဲ့ မျက်လုံးကို
ဘယ်လိုအပြုံးနဲ့များ ဖုံးကွယ်ရပါ့
တနေ့တနေ့ကြည့်နေရတဲ့ ကားချပ်တွေတိုင်းမှာ
ကာလာတွေ တုံးတွေ မော်ဒန်နဲ့
ရီယယ်လစ်ဇင်
ဖျတ်ခနဲ ဖျတ်ခနဲ
ဟောဟို တဲလေးဆီက
အကြော်သည်မကြီးကတော့
ပြောင်းဖူးဖက်အဖွာမပျက်
ရတနာစိန်ကျောက်မထွက်တဲ့
ချိုးကပ်အိုးအပူကြား
မီးခိုးငွေ့မျောသွားရာကိုငေးကြည့်
ရှိရှိ မရှိရှိ
သူ့ဘ၀ သူ့အသိနဲ့
ယဲ့ယဲ့ကလေးတချက် ပင့်သက်ချ
ငါကတော့ကြော်ရင်းမျှော်နေခဲ့လိုက်တာကြာပေါ့
မင်းကတခေါက်ဆိုတခေါက်
ပေါ်ရင်းပျောက်သွားခဲ့တယ်
"မင်းဘယ်တော့ပြန်လာမှာလဲ"တဲ့ ... ။

ဉာဏ်ရှင်း
စက်တင်ဘာလ (၁၃)ရက်
၂၀၁၆ ခုနှစ် နံနက် (၃)နာရီ (၂၃)မိနစ်
 
ကုလားဖန်
www.pinterest.com
 Shuffle လုပ်ထားတဲ့ စက်ထဲကသီချင်းတွေလို
ဒါပြီးရင် ဘာဆိုတာ မသေချာ
နောက်နေ့တွေ ဘာသီချင်းလာမလဲ
တွေးပြီးရင်ခုန်ရ ရောက်(ရ) တော့မှ 
ပျော်ရွှင်ရ စိတ်ပျက်ရ ဘယ်သူသိလဲ
နောက်တစ်ဖဲ ဘာတက်မလဲ မင်းမှာဘာရှိလဲ
ငါတို့နေ့တွေကို ဘယ်သူ ကုလားဖန်ထိုးနေလဲ
ကံကြမ္မာဟာ သတ်မှတ်ပြီးသားလား
အချိုးချထားပြီးသားလား သောကြာပြီး စနေလို
လက်ထဲက ဖဲချပ်ကိုအသာပွတ်သပ်
ဒီသီချင်းကို အသေအချာနားထောင်
နောက်တခု ဘာလာလာ
ငါတို့လက်လှမ်းမမီခြင်းမျှသာ။

မင်းလွင်

Comments