သစ်ခက်သံလွင်၊ ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ ဖောက်ခွဲခြင်း



ဖောက်ခွဲခြင်း

KT#
 
ဟုတ်လားဆိုတဲ့စကားလုံးနဲ့ ဆုံးတဲ့ပျက်လုံးပေါ့၊
မင်းအဖေဒီမှာလို့ပြောနေတဲ့ဗုံး။

ကဲ၊ ဒီမှာ မင့်အဖေ
မင့်အဆုတ်ထဲမှာ။ ကြည့်စမ်း..နောင်ဆိုရင် ဘယ်လောက်တောင်ပေါ့သွားမှာလဲ
ဒီကမ္ဘာကြီးဟာ။

ဖခင် ဆိုတဲ့စကားလုံးကို ရေးဖို့ဆိုတာ
ဗုံးရောင်လင်းတဲ့ စာမျက်နှာကနေ
နေ့ဝေစုကို ထွင်းယူလိုက်သလိုမျိုး။

ဆေးရောင်စိုဖို့ အလင်းလောက်ငှပေမဲ့
အရိုးတွေထဲ ၀င်နေဖို့ကျတော့ မလောက်ငှပြန်ဘူး။

ဒီမှာ မနေနဲ့၊ လူလေးလို့ သူပြောခဲ့
ပန်းနာမည်တွေကြောင့် ကျိုးပျက်ခဲ့ပြီ။ မငိုနဲ့တော့။ 

ဒါနဲ့ ငါ ညမှောင်ထဲပြေးသွား
ဒီည၊ ငါ့အရိပ်က ကြီးထွား
အဖေ့ဆီကို။

မူရင်းကဗျာ 
DetoNation / Ocean Vuong (Oct 14, 1988 - --)

Ocean Vuong


 






မြန်မာပြန် TS

Comments