သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ လက်ကိုင်အိတ်မလိုပါဘူး၊ ရက်ဘက္ကာရယ်

လက်ကိုင်အိတ်မလိုပါဘူး၊ ရက်ဘက္ကာရယ်
မြန်မာပြန် TS
mulpix.com
 လက်ကိုင်အိတ်မလိုပါဘူး၊ ရက်ဘက္ကာရယ်၊ မျက်နှာက
စတိုးဆိုင်ပြတင်းဆီမှာ၊ ခေါင်းက နောက်ကိုစောင်းလိုက် ညာကိုယိမ်းလိုက်နဲ့၊
မြင်းအနက်တကောင် သူနဲ့ သူ့အဒေါ်တို့ကြား ဖြတ်ဝင်သွား
တော့ သူက မအော်ဖြစ်လိုက်။ အဲဒီမှာ အချောင်းသားမတ်တပ်
ခေါင်းက လှည့်ရက်သားနဲ့။ နေလုံးကနေ ဆန့်ထုတ်
လက်တံရှည်တွေ ရေခဲပေါက်စီကို အရည်ဖျော်ဖို့၊ ရေစက်တွေက လက်ချောင်းမှာ အရွှဲသား။
ဒီလိုမထီလေးစားက မင့်စိတ်ကို ဆွပေးနိုင်ရဲ့၊
ဒါဆို သူ့မျက်နှာ ဘာလို့ ညိုမသွားတာလဲ။ သွားပြီ ရေခဲပေါက်ဆီနဲ့ 
သူ့အင်္ကျီလက်။ သူက ခေါင်းကိုလှည့်ပစ်
၂၄၀ ဒီဂရီ ဘယ်ဘက်။ အဲဒီမြင်း
နောက်ပြန်ဆုတ်တော့ မြင်းသမားရဲ့ 
ဆံပင်မည်းမည်းတွေက သူ့ဆီကို တဟုန်ထိုးဝင်လာတော့မဲ့အတိုင်း။

မူရင်းကဗျာ You don’t need a handbag, Rebacca / Daniel Oz (1978- --)
အင်္ဂလိပ်မူ Lisa Katz
Daniel Oz

Comments