သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ " ငါ ဒီမှာ "

ငါ ဒီမှာ
www.creativehardt.com.au
မနက် ၃ နာရီမှာ ထပ်သောက်ဖြစ်၊ ဒုတိယမ္ပိ ၀ိုင်ပုလင်း
ပြောင်သလင်းခါသွားချိန်၊ စာမျက်နှာ တဒါဇင်ကနေ ၁၅ မျက်နှာအထိ ရိုက်ဖြစ်သွားပြီ
ကဗျာတွေ
အဘိုးကြီးငါ့ခမျာ
အပျိုစင်အသွေးအသားတွေ မွတ်သိပ်ရင်းက ဒီ
တိတိတိတိနဲ့ ကုန်ဆုံးနေတဲ့ မနက်ဆည်းဆာမှာ
အသည်းက သွားပြီ
ကျောက်ကပ်က သွားတော့မယ်
ပန်ကရိယက ယက်ကန်ယက်ကန်နဲ့
ခေါင်မိုးအထိရောက်နေတဲ့ သွေးပေါင်ချိန်။

မူရင်းကဗျာ Here I am… 
မူရင်းကဗျာဆရာ- Charles Bukowski (Aug 16, 1920 – Mar 9, 1994)
 
Charles Bukowski
မြန်မာပြန် TS

Comments