သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ အဲဒီဘောလုံး



အဲဒီဘောလုံး
www.pinterest.com
 နိုင်ငံရေးဆိုတာ ရွာတွေအချင်းချင်း ခြားနေတဲ့မြစ်တစင်း။
ဗျို့..ဒီမှာ စစ်သားကြီးတွေ
သေနတ်တွေ ချထား၊ ဆက်သွယ်ရေးစက်တွေ ပိတ်ထား။
လက်ထိပ်တွေ မလို၊
သတိပေးပစ်ခတ်တာတွေ မလို၊ ခြုံခိုတိုက်စရာ မလို။
ကျနော်တို့က ခင်ဗျားတို့ဘက်သားတွေ မဟုတ်။
သူတို့ဘက်သားလည်း မဟုတ်။
ကျွန်တော်တို့ နယ်ကျော်ပြီး၊ ဘောလုံးပြန်ကောက်မလို့ ။ 

 မူရင်းကဗျာ The Football / Reza Mohammadi (1979 - --)
အင်္ဂလိပ်မူ Nick Laird
Reza Mohammadi
မြန်မာပြန် TS

Comments