၁၉။ ကျီးကန်းမျက်လုံးမြင်ကွင်း၊ ကဗျာအမှတ် တဆယ့်တစ်
ကြွေခွက်ဟာ ငါ့ခေါင်းရိုးနဲ့ဆင်တူ။ ခွက်ကို ငါ့လက်နဲ့ခိုင်မြဲမြဲလှမ်းဆွဲနေတုန်း ဘယ်ကရောက်မှန်းမသိ လက်တချောင်းက ငါ့လက်အရင်းကနေ သစ်ကိုင်းတကိုင်းလို ထပ်ထွက်လာပြီး အဲဒီလက်အရင်းက လက်ဟာ ကြွေခွက်ကို ကိုင်မြှောက်ပြီး သစ်ခင်းကြမ်းပြင်ပေါ် ပစ်ချလိုက်။ အဲဒီလက်ဟာ အဲဒီကြွေခွက် ကို ပြန်ဖမ်းထားလို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားရတာဟာ ကြွေခွက်နဲ့ဆင်တူ ငါ့ခေါင်းရိုးပေါ့။ ငါ့လက်က အရင်ဦးရင်တောင်မှ သစ်ကိုင်းလက်ဟာ မြွေတကောင်လို လက်အရင်းထဲလျှောဝင်သွားလို့ ရေကြီးတာကို ဖမ်းတားတဲ့စက္ကူဖြူဖြူ စုတ်ပြတ်ထွက်သွားမှာ။ ဒါပေမဲ့ ငါ့လက်က ကြွေခွက်ကို ကာကွယ်နေတုန်း။
မူရင်းကဗျာ Crow’s-eye view: Poem
number eleven /
Yi Sang (1910 - 1937)
Yi Sang (1910 - 1937)
အင်္ဂလိပ်မူ Emily Jungmin Yoon
မြန်မာပြန် TS
Comments
Post a Comment