သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ လေ၊ ရေ၊ ကျောက်

လေ၊ ရေ၊ ကျောက် 
www.pinterest.com
ရေက ကျောက်ကို စားတယ်၊
လေက ရေကို ပက်တယ်၊
ကျောက်က လေကို တားတယ်။
ရေ၊ လေ၊ ကျောက်။

လေက ကျောက်ကို ထွင်းတယ်၊
ကျောက်ဟာ ရေခွက်ဖြစ်၊
ရေလွင့်စင်တာ ကျောက်လက်ချက်၊
ကျောက်၊ လေ၊ ရေ။

လေက လေပွေလှည့်ရင်း သီချင်းဆို၊
ရေက စီးဆင်းနေရင်း တငြီးငြူငြူ၊
မလှုပ်မယှက်ကျောက်က မလှုပ်မယှက်နေမြဲ။
လေ၊ ရေ၊ ကျောက်။

တခုချင်းစီက တခြားဟာဖြစ်လိုက် တခြားဟာမဖြစ်လိုက်၊
ဖြတ်သွားလိုက် ပျောက်သွားလိုက်နဲ့
သူတို့ပညတ်ထားတဲ့အတိုင်း၊
ရေ၊ ကျောက်၊ လေ။

မူရင်းကဗျာ Wind, Water, Stone

မူရင်းကဗျာဆရာ  Octavio Paz (Mar 31, 1914 – Apr 19, 1998)
Octavio Paz
အင်္ဂလိပ်မူ Eliot Weinberger

မြန်မာပြန် TS

Comments