သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နေဇော်နိုင်၊ မင်းငြိမ်းအေး၊ ဆလိုင်းမြတ်နိုးသူတို့၏ကဗျာများ

အိတ်ဖွင့် သားစာ
www.phaidon.com
ရေမကြည်သေးဘူး မြက်မနုသေးဘူး
ဒါပေမဲ့ အဖေ ဒီမှာပဲနေတော့မယ်သားရေ။

၅၀ ကျော်ကြီးဟာ
သူ့နေရာကို သူသိသွားပြီလေ
မိုက်ခဲ့သမျှ အဖေတောင်းပန်ပါတယ်
စိုက်ခဲ့သမျှကိုတော့ ငါ့သားဂုဏ်ယူပါ။

နော်ဝေဆိုတာ သားအတွက်တော့
မဖွင့်ရဘဲ ပွင့်နေတဲ့တံခါး
ဆန္ဒမပြရဘဲ ထိုးထားတဲ့တံတား
ပြူတင်းပေါက်တိုင်းမှာ အိပ်မက်တွေချိတ်ထားတဲ့
အနာဂတ်များတဲ့နိုင်ငံပါ
အဖေ့အတွက်ကျတော့
၁၀၉ - ၁၁၀ နဲ့ 
နိုင်ငံ့ထောက်ပံ့ကြေးငွေထိုင်စား
ပင်စင်သမားတွေနဲ့တော်ကီပွား
နေ့တိုင်း အူယားနေရမယ့် နိုင်ငံပေါ့။

ဒီမှာကျတော့
အလုပ်မရှိပေမယ့် တာဝန်ရှိတယ်
မြေမရှိပေမယ့် အဖြေရှိတယ်
ကိုယ့်မြေကိုယ့်ရေဆိုတော့
ဘာသာစကားအားနည်းတဲ့အဖေ့အတွက်
ချက်ချက်ချာချာရှိတာပေါ့ တေဇရယ်။

အဖေက အမေနဲ့ အဖေနဲ့ မနေခဲ့ရဘူး
သားက အမေနဲ့ နေရတယ်
အဖေ့ထက် သာတာပေါ့ကွယ်
လရောင်ဆိုတာ အေးချမ်းလေ
နွေးထွေးလေတဲ့
သားကြီးလာရင် သိလိမ့်မယ်
အဖေငတ်ခဲ့တဲ့ အမေ့လရောင်
သားဘ၀ကို ရှေ့ဆောင်နေဦးမှာ
အဖေ ယုံပါတယ်။

ကမ္ဘာဟာ ရွာကြီးတရွာဖြစ်လာပြီ တဲ့
ဟိုဘက်ရပ်ကွက်မှာ အဖေနေတာပဲ
ဘာဝေးလို့လဲ သားရယ်။

မကြာခင်
နော်ဝေမှာ နှင်းတွေကျတော့မယ်
အဲဒီထဲမှာ မိုးတစက်ပါရင်
အဖေ့မျက်ရည်တွေလို့မှတ်ပါ
အရာအားလုံးကို လွမ်းနေပါတယ်သားရေ ။ ။

နေဇော်နိုင်
၁၂ သြဂုတ် ၂၀၁၆
...
 ရာဟုလာအမွေတောင်းခန်း

www.metmuseum.org
သမိုင်းနောက်ခံက
အင်ကြင်းတောထဲမှာ
လူသားတယောက်၏စွန့်ခြင်းသည်
ကြီးမားလေစွ ။

အဖြစ်အပျက်က
နန်းတော်ထဲမှာ
ဖခင်စွန့်သွားတဲ့သားတယောက်ရဲ့ 
မိခင်သောကနဲ့ တောင်းတဲ့အမွေ ။

အဖေ
သားတယောက်ရဲ့ 
တရားရှာတဲ့မြစ်မှာ
စီးဆင်းနေတဲ့အစိတ်အပိုင်းကို
ကျွန်တော်မိအောင်မဖမ်းနိုင်ခဲ့ပါ ။

မင်းငြိမ်းအေ
...
 ငါ စောင့်နေလျက် မေမေသူရဲကောင်းကြီး

idoartkarenrobinson.com

အမေဟာ ငါ့ကို လာကယ်မလား ငါရပ်စောင့်နေခဲ့
ဂျေဒိုးနပ်ပေါ်က အမှတ် အသားလေး ၁၉၉၉ မှာ ငါဝင်ထိုင်
ရန်သူတွေ ငါ့ကိုဝိုင်းထားကြလို့ 
ဒီလောက်ဆို ရောက်သင့်တာကြာပါပြီ
မနည်းတော့ နှစ်တွေ သိမ်ငယ်နေတဲ့စိတ်ဟာ အခုထိရှိဆဲ
လမ်းဆုံရောက်ခိုက် တွေးမိတယ်
ပိုက်ဆံရှာရတာ ပင်ပန်းသလို စောင့်ရတာလည်း မောလှ
အမှတ်အသားပြုလုပ်ဖို့ တွေးကြည့်တယ်
ငါ့ကိုအမေမြင်ဖို့ပါ သူ့သားတော်မောင်ဆိုတာကို
ခေါင်းပေါ်က ချုပ်ရိုးတွေ ပုလင်းထဲထည့်ပြီး ခုတင်ပေါ်မျှောလိုက်တယ်
အမေနဲ့တူတဲ့ မိန်းမကိုလိုချင်ခဲ့တာ အသက် ၂၀ တုန်းက
အခု ၂၁ ဆိုတော့လည်း အမေနဲ့တူတဲ့ မိန်းမပဲ
သူမခုတင်ပေါ်ရောက်တဲ့အခါ တွေ့ဖို့တော့ မတွေးထား
အချစ်စိတ်ဖြစ်လာရင် အားလုံးဟာ ဟင်းလင်းပြင်သို့
အမေ့ကိုကျနော် သိပ်ချစ်တာပဲ ရွေ့လျက်
မမြင်ဖူးတဲ့ ၏၏ သူ့အမေပုံကို သူငယ်ချင်းဟာ တက်တူးထိုးထားတယ်
ငါက အမေ့ကိုတပိုင်းတစမြင်ခဲ့တာဆိုတော့ ခန္ဓာကိုယ်က မလုံလောက်
အမေလာနေမလား ခုထိတွေးပြီးမျှော် ပျော်နေတုန်းပဲ
ရန်သူတွေက အမေ့ကိုအရသာရှိစေတာ မဟုတ်ဘူးဆိုတာ
အမေလာတဲ့ခါ ငါ ဘယ်လိုပြောရမလဲ။

ဆလိုင်းမြတ်နိုးသူ
July 23 2016

Comments