သစ်ခက်သံလွင်၊ ၂၈ နှစ်မြောက် ၈-လေးလုံးနေ့အထိမ်းအမှတ်ကဗျာများ၊ အောင်ဝေး၊ ကမ်လူဝေး၊ အောင်ကိုကိုလတ်(တမူး)တို့၏ကဗျာများ




၂၈ နှစ်မြောက် ၈ လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ် ကဗျာများ- ၂
ပန်းချီစစ်ငြိမ်းအေး
.................................................................

ဖု န်း ဆိုးေ တး
 

        ရှစ်လေးလုံး ဆိုတာ
အဖြစ် အနှေးဆုံး သစ်တပင်လား။
....................
အခုထိ
အသီး မဆွတ်နိုင်သေး။ ။

ေ အ ာ င္ ေ ၀ း
(၈- ၈- ၁၆)

…..

၈၈၈၈ အရေးတော်ပုံ အစ
 (ပုဂ္ဂလိကသိမြင်မှု)

စိုးရိမ် စိတ်လှုပ်ရှားစွာ
ငြိမ်သက် တိတ်ဆိတ်
အိမ်ဝက ကြိတ်မျှော်လင့်
ဘယ်အချိန်စတင်မလဲ
ဘယ်လိုစတင်မလဲ
စတင်နိုင်ပါ့မလား
မေးခွန်းပေါင်းများစွာ။

လွန်ခဲ့တဲ့နှစ်ရက်က
တက္ကသိုလ်ကျောင်းသား ငါတို့က
သိပ်နားမလည်လှတဲ့
ကြွေးကြော်သံတွေကို
လက်ဖက်ရည်ဆိုင်ထောင့်စားပွဲမှာ ရေးခြစ်
ဒီမိုကရေစီရရှိရေး တို့အရေး
အရေးတော်ပုံအောင်ရမည်။

အဲဒီ ကြွေးကြော်သံ စာရွက်ပိုင်းနဲ့
ငါတို့သူငယ်ချင်း
အထက်တန်းကျောင်းသားတွေ
ဒီနေ့ စတင်ဖို့သွားကြပြီ။

ဟော
ကြားလိုက်သလား တို့အရေး တို့အရေး
ကြားရပြီ တို့အရေး တို့အရေး
အသံများရှိရာ ငါပြေးထွက်
ဟိုးမှာကြည့်လိုက်စမ်း
အလံကိုင်ပြီးချီတက်လာတဲ့
အဖြူအစိမ်းတွေ
တို့ကျောင်းသားတွေညီရဲ့လားဟေ့
ညီတယ်ဟေ့ ညီတယ်ဟေ့။

အဖြူရောင်လူငယ်များရဲ့
တရားမျှတမှုကို တောင်းဆိုတဲ့ တိုက်ပွဲ
အဲဒီနေ့က စခဲ့တယ်။ ။

ကမ်လူဝေး


နာနာကျင်ကျင်​​ရေးတဲ့ကဗျာ


`ဒို့အရေး´ `ဒို့အရေး´အော်မြည်သံတွေနောက်မှာ
လူအုပ်ကြီးကထပ်ချပ်မကွာကပ်ပါလာတယ်

မိုးပေါ်ထောင်မပစ်တဲ့သေနတ်ကျည်ဆံတွေကြားထဲမှာ
လက်သီးလက်​​မောင်းတန်းပြီးတိုက်ပွဲဝင်​​နေတဲ့အဓိပ္ပါယ်က
`ပြည်သူသာအမိ၊ပြည်သူသာအဖ´

လမ်ပေါ်မှာ 
ဆေးရုံပေါ်မှာ
သွေးစက်​​တွေရဲ့ဆာလောင်မှုဟာ
`ဒီမိုကရေစီပြီးဒီမိုကရေစီ´

ဖြူစင်တဲ့နှလုံးသားတွေကို
လက်နက်အားကိုးနဲ့
မိစ္ဆာတွေက
ရက်စက်ကြမ်းကြုတ်ခဲ့ကြတယ်

ရဲရင့်တဲ့စိတ်ဓာတ်​​တွေကို
စစ်ဖိနပ်စီးပြီး
တိရစ္ဆာန်​​တွေက
ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်

၈.၈.၈၈
လွယ်လွယ်​​လေးမှတ်ပြီး
လွယ်လွယ်​​လေးဖျက်ပစ်ရမဲ့နေ့စွဲမဟုတ်ဘူး
နာနာကျင်ကျင်မှတ်ပြီး
နာနာကျင်ကျင်သိမ်းဆည်းထားရမဲ့ရက်စွဲပါ
`တနိုင်ငံလုံးပြိုင်တူတွန်းခဲ့ကြတယ်´...။

အောင်ကိုကိုလတ်(တမူး)
3.8.2014


Comments