သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တင်လတ်ကို၊ အက်စ်ဝဏ္ဏတို့၏ကဗျာများ


အနုပညာနဲ့မတွေ့တဲ့နေ့ဟာ ပိုမိုရှည်လျား

www.saleoilpaintings.com

လေးလံ
ထိုင်းမှိုင်း
အသည်းကွဲ
အသံဝင်
အနုပညာနဲ့မတွေ့တဲ့နေ့ဟာ ပိုမိုရှည်လျား ။

ရေကြီး
မိုးခေါင်
နေရာကျဲကျဲ
ရာသီဥတုအရမ်းပူပြင်း
အနုပညာနဲ့မတွေ့တဲ့နေ့ဟာ ပိုမိုရှည်လျား။

သေတာနဲ့အတူတူ
အနုပညာနဲ့မတွေ့တဲ့နေ့ဟာ ပိုမိုရှည်လျား။ ။ 

တင်လတ်ကို

…

မျက်​ရည်​ပူ​လောင်​တဲ့မြစ်

www.saleoilpaintings.com
မင်းတို့​ခေတ်​မှာ​လောကဓံရှစ်​ပါးမက​တော့ဘူးလို့
အ
မေက​ပြောတယ်
ကုန်
း​ခေါင်​​ခေါင်​မှာ​ရေ​တွေစီး​နေတာလည်း
ရေများ​ရေနိုင်​ပဲ
ရေ​မြောကမ်းတင်​ဘဝ​တွေဟာ
မြေနိမ့်​ရာလှံစိုက်​ခံရတာပဲ
ဆိုးရွားတဲ့အ
ခြေအ​နေမှာ
ဒုက္ခသစ္စာဟာ ငါတို့အတွက်
မြဲမြံလွန်းခဲ့တယ်​။
နှစ်​​ပေါင်းရာ​ထောင်​ချီခဲ့တဲ့​တော့အုပ်​​တွေ​တောင်
နှစ်
အနည်းငယ်​အတွင်း ရိတ်​သိမ်းခံခဲ့ရ​တော့
သူတို့
လောက်​မရှည်​ကြာခဲ့တဲ့ဘဝ​တွေက
ဘယ်
အရာ​ပေါ်မှာမှီတွယ်​ရပ်​တည်​ကြရပါ့မလဲ
အလဲလဲအပြိုပြိုမြင်
ကွင်းထဲ
ဘဝ
တွေအထပ်​ထပ်​​မျောပါ​နေကြ
ရေ​တွေကလည်းအငြှိုးနဲ့စီးသလိုစီးလွန်းကြတယ်​။
ငါတို့ခဏခဏမျက်​ရည်​ကျ​နေရတာကိုက
ဘဝဘဝလို့
ပြောပြ​နေသလိုပဲ
မြို့ကြီးတခုလုံးပင်
လယ်​ထဲပျက်​ကျခဲ့သလို
စိတ်
ရောကိုယ်​ပါအနာတရရမှာ
နောက်​ထပ်​ဘယ်​နှခါ​ကြေကွဲ​နေကြရအုံးမှာလည်းဘဝ။    ။

အက်​စ်​ဝဏ္ဏ


Comments