သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကျော်ကျော်(မြရည်စမ်း)၊ ဝေယု၊ သျှင်မျိုးငယ်တို့၏ကဗျာများ

ခလုတ်
www.dazeddigital.com
 ကုက္ကိုလ်ရွက်စိတ်တွေ နိုးလာတိုင်း
မာလာတွေပွင့်ပြီးရင်းပွင့်တာ
နှစ်ဖက်လုံး အတုံးအရုံး...
တခါတရံတော့ မြေစာပင်လေးတွေလည်း
လဲပြို၊ ပြတ်ကျ
မာလာလာရေ
တို့ဆီဒီလိုပဲ
အတောမသတ်ကြဘူး။    ။

ကျော်ကျော် (မြရည်စမ်း)
၂၄.၈.၂၀၁၆

-      မာလာ....(မြေမြုပ်မိုင်း)

….

လေချူသီးအရသာ
www.artchickstudio.com
လေးပေမီးချောင်းဟာ အောင်မြင်စွာ
ဆုတ်ခွာသွားပြီး
သူ့ ကိုယ်စား
အမှောင်ကို ချန်ထားရစ်တယ် ။

မြက်ခင်းပြင် စိမ်းမြဲစိမ်းလျက်
ကောင်းကင် ပြာမြဲပြာလျက် ။

၁ နာရီကို
၁ နှစ်တိတိ ကြာအောင်
နာရီလက်တံဟာ ရွေ့နေတယ် ။

သိပ္ပံအလှကုန် ပစ္စည်းတွေ
ရောင်းချတဲ့ ဈေးတဈေးမှာ
လေချူသီးတွေ တောင်ပုံရာပုံ ။

မှန်အကြည်သားထဲက နေရောင်ဟာ
မျက်စိစူးအောင်အရမ်းလုပ်တာပဲ ။

တွန်းထား
တောင့်ထား
ချစ်မေတ္တာနဲ့ အကာအရံပြုထား
ပါးစပ်ထဲမှာ ငုံသင့် ငုံထား
ရောင်ပြန်ဟပ်မယ်ဆိုတာ
အသေအချာ သိခဲ့ရင်
ပိုက်ဆံများများပေးပြီး ဝယ်လှောင်ထား ။

၂၃ ၁/ံ၂
ကမ္ဘာကြီး တိမ်းစောင်းပုံ (လက်တွေ့)
ငါမြင်ဖူးပြီ ။ ။


ဝေယု


အဆိပ်လူးထားသော လူများ
fireplacechats.wordpress.com
မှောင်မိုက်လွန်းလိုက်တာ
ငါ ဖြန့်ခင်းထားမိတဲ့အလင်းက ခပ်ကျဲကျဲ တောက်ပရဲ့။
လရောင်ကို ခိုးဝှက်ထားလိုက်တယ်
ဒီအမှောင်ရိပ်မှာ ယင်းထနေကြတယ်
ငါ နှမြောမိတာကလွဲလို့  ဘာတတ်နိုင်မှာလဲ။

လူငယ်တွေဟာ သဘာဝလွန်သယံဇာတတွေ ဖြစ်တယ်
ရှူတယ်
စားတယ်
ထိုးတယ်
အဆိပ်လူးထားသော လူများရဲ့လက်တွေဟာ အဆိပ်တွေပြည့်လို့
အဖြူလား အမည်းလား
လူငယ်တွေဟာ ဘဝကို စတေးတယ်
အခန်းဆက်ဝတ္ထုတွေ ရောင်းကောင်းတဲ့အထိ။

ငြိမ်သက်လွင့်မျောနေတယ်
မူမမှန်မျက်ဝန်းတွေရှတတနဲ့ ဂနာမငြိမ်ဖြစ်နေတယ်
ရှိသေးလား ရှိသေးလား ရှိသေးလား
တရစပ်မေးခွန်းတွေ ဖွာလန်ကျဲလို့
လိုအပ်နေတယ်
လိုအပ်နေတယ်
လိုအပ်နေသေးတယ်
အရေးပေါ်အခြေအနေအဖြစ် ငါ ကြေညာလိုက်တယ်
ညမထွက်ရအမိန့်ကို ဖီဆန်ပြီး
ဒီအရိပ်မှာ  
ဒီအမှောင်ရိပ်မှာ လွင့်မျောနေလိုက်တယ်။

အမှောင်ထဲမှာ
အမှောင်ရိပ်ထဲမှာ
သားကောင်တွေကို ထောင်ဖမ်းနေတဲ့သတ္တဝါတွေဟာ
အဆိပ်လူးထားသော လူများဖြစ်တယ်....
အမှောင်ထဲကနေ ချိန်ရွယ်ပစ်ခွင်းလိုက်တယ်
လူငယ်တွေရဲ့မနက်ဖြန်တွေကို.. တ  စ  စီ  ။

ငါ ထွန်းညှိလိုက်တယ်
အမှောင်ကိုခွင်းတဲ့ အလင်းဖြစ်စေ။ ။
                                             
သျှင်မျိုးငယ်


Comments