သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ နီဇူလိုင်၊ အက်စ်ဝဏ္ဏတို့၏ကဗျာများ

ဥထားတဲ့ ကဗျာ 
www.pinterest.com
 စိတ်ခံစားမှု ပြင်းထန်လွန်းတော့
အမှားပါတတ်တယ်။
စိတ်ခံစားမှု မရှိပြန်တော့
ဘာပရောဒက်မှ မထွက်ဘူး။
အကဲဒမစ်တဲ့
ဖြစ်ချင်ရာ ဖြစ်
ကျက်ထားတဲ့ စာတွေ
အလွတ်ရွတ်ပစ်လိုက်ရမလား။
ဒေါသကြီးတဲ့ ပညာတတ်ဟာ
သွေးအေးတဲ့ လူသတ်သမားကို
ယှဉ်နိုင်ဖွယ်မရှိတဲ့
ဒီအဆိုအမိန့်က
ဘယ်က လာတာလဲ။
ပရင်စီပယ်အတိုင်း ရပ်ပါ
အမှန်တရားကို ရှေးရှုပါတဲ့
ဘယ်သူရေးတဲ့ ပရင်စီပယ်လဲ
ဘယ်ဘက်က အမှန်တရားလဲလို့
မေးခွန်းထုတ်လိုက်တဲ့အခါ
ကိုယ်ဟာ
ပညာမဲ့တယောက် ဖြစ်သွားတယ်။
အကဲဒမစ်သမားဟာ
သွေးအေးတဲ့ လူသတ်သမားလား။
ဘာတွေ စဉ်းစားနေတာလဲ။
ကဗျာရေးတာနဲ့ လူသတ်တာ
ဘာဆိုင်တာလိုက်လို့။
အကဲဒမစ်နဲ့ မွမ်းမံရအောင်
ဒီကဗျာ ခဏဥထားဦးမှ။

နရီမင်း
၂၀- ၈ - ၂၀၁၆


အာဏာသိမ်းသူများ 
Ni July
ကိုယ့်မီးဖိုချောင်လေးကိုယ်
အာဏာသိမ်းနိုင်တယ်ထင်တော့
ကောင်းကင်ကို မော့ပြီး
ကြွားလိုက်မိတယ်..။
ဟာ
ဟာ
ဟာ
စီးပွားရေးလောကမှာလည်း
အာဏာသိမ်းသူတွေနဲ့
လူမှုရေးလောကမှာလည်း
အာဏာသိမ်းသူတွေနဲ့
နိုင်ငံရေးလောကမှာလည်း
အာဏာသိမ်းသူတွေနဲ့...။
ဟာ
ဟာ
ဟာ
အနုပညာလောကမှာ
သတင်းလောကမှာ
ဟာ
ဟာ
ဟာ
ကဗျာလောကမှာတောင်
အာဏာသိမ်းသူတွေနဲ့ပါလား ဘုရား..ဘုရား..။

ဟာ
ဟာ
ဟာ
သူ့အ၀န်းအ၀ိုင်းနဲ့သူ
အာဏာသိမ်းသူတွေ
နိုင်ငံတော်အဆင့်အထိ
ပြည့်လို့..။
ထူးတာက
ခေတ်အလိုအရ
အာဏာသိမ်းထားတယ်လို့
ငါ့လို
ရူးတူးတူး
ဘယ်သူမှ
မကြွေးကြော်ကြတော့ဘူး..။

"ဆင်သွားရင်လမ်းဖြစ်တယ်" ၀ါဒနဲ့
နောက်လိုက်နောက်ပါ
ခိုးသားငါးရာနဲ့
အခန့်သားကြီးတွေ
သိသိသာသာလေး
နေရာတော့ဦးထားကြ
အာဏာသိမ်းတတ်ပ..။

နီဇူလိုင်
၁၆.၈.၁၆


မျက်ရည်ပူလောင်တဲ့မြစ်
www.kettererkunst.com
မင်းတို့ခေတ်မှာလောကဓံရှစ်ပါးမကတော့ဘူးလို့
မေကပြောတယ်
ကုန်
ခေါင်​​ခေါင်မှာရေတွေစီးနေတာလည်
ရေများရေနိုင်ပဲ
ရေမြောကမ်းတင်ဘဝတွေဟာ
မြေနိမ့်ရာလှံစိုက်ခံရတာပဲ
ဆိုးရွားတဲ့အ
ခြေအနေမှာ
ဒုက္ခသစ္စာဟာ ငါတို့အတွက်
မြဲမြံလွန်းခဲ့တယ်
နှစ်​​ပေါင်းရာထောင်ချီတောအုပ်​​တွေတောင်
နှစ်
အနည်းငယ်အတွင်း ရိတ်သိမ်းခံခဲ့ရတော့
သူတို့
လောက်မရှည်ကြာတဲ့ဘဝတွေက
ဘယ်
အရာမှာမှီတွယ်ရပ်တည်ကြရပ
အလဲလဲအပြိုပြိုမြင်
ကွင်းထဲ
ဘဝ
တွေအထပ်ထပ်​​မျောပါနေကြ
ရေတွေလည်း အငြိုးနဲ့စီးသလို စီးလွန်းကြတယ်
ငါတို့ခဏခဏမျက်ရည်ကျနေရတာကိုက
ဘဝဘဝလို့
ပြောပြနေသလိုပဲ
မြို့ကြီးတခုလုံးပင်
လယ်ထဲပျက်ကျခဲ့သလို
စိတ်
ရောကိုယ်ပါအနာတရမှာ
နောက်ထပ်ဘယ်နှခါကြေကွဲနေကြရဦးမှာလဲ ဘဝ။    ။
                                                         
အက်စ်ဝဏ္ဏ


Comments