သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မင်းငြိမ်းအေး၊ ကိုပွေးတို့၏ကဗျာများ

လူ့ဘုံခန်းဝါ
arttattler.com
ခြံရှေ့မှာ
ဗုဒ္ဓံသရဏံပန်းတွေ
ရိုးတံခိုင်နေခဲ့ပြီ ။
တကမ္ဘာလုံးကိုကိုးကွယ်ပြီး
တကမ္ဘာလုံးကိုပစ်ပယ်ရမြဲ။
အမေ့နို့ရည်နံ့ရတယ်
အဖေ့သွေးသားနိုးကြားမှုလည်းတွေ့တယ်။
လူနှစ်ချောင်းတွေ့ပြီး
အပ်တစ်စင်းပျောက်သွားခဲ့ ။
ယူကလစ်ပင်စည်
ဗောဓိညောင်ရွက်
ရည်ရွယ်ချက်ရှိတဲ့မြက်တစ်ခင်းကိုနင်းပါ။
ဒီလမ်းမှာ
လမ်းမရှိဘူး ။

မင်းငြိမ်းအေး


နာရေး
datab.us
ဒါ မတော်တဆ လုပ်ကြံခံရတာပဲ
ကန်ထဲကငါးဟာ ရေပေါ်ပက်လက်
ဥပဒေဟာ ကန်ထဲကရေလို မလှုပ်မယှက်
နောက်ကပစ်တဲ့ကျည်ဟာ ကားပဲ
သတ်မှုက သေမှုဖြစ်ရတယ်

တကယ့် မတော်တဆပါပဲ
မြူကြားက ငှက်ဟာ
တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်
မိုးပေါ်ထောင်ပစ်လိုက်တာနဲ့

လူသိသူသိ လွမ်းသူပန်းခွေများ
ကြာလည်း မမေ့နိုင်တာကလွဲလို့
ကြေကွဲဝမ်းနည်းရုံသာ
ငှက်ကလေးတွေကို အစာကျွေးရင်း
ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဆုတောင်းရင်း ။ ။ ။

ကိုပွေး
၁ဝ ၈ ၁၆

Comments