သစ်ခက်သံလွင်၊ ဆရာကြီး(ဦး) ကိုလေး(အင်းဝဂုဏ်ရည်) အသက် ၈၀ ပြည့်မွေးနေ့ ပူဇော်ခြင်းကဗျာ၊ မောင်ရဲနွေ ပလိပ်၏ ဇရာအို စာဆို



ဇရာအိုစာဆို 
မူလ ပန်းချီဆရာနှင့်ဓာတ်ပုံရှင်ကို Credit ပေးပါသည်။

အင်းဝသားစာဆို
ဆရာကို
ဘာလိုလိုနဲ့ 
အသက် ရှစ်ဆယ်ပြည့်ပြီ...။

စကားလုံး
အက္ခရာစီကာ သီ
အလင်္ကာပန်းများ ပွင့်ခဲ့ပြီ....။

အတွေးရွရွ
အရေးလှလှ
သူ့ဘဝ
သူ့ပန်းချီ
ဇရာအိုနှင်းဆီ...။

ဇရာအို
ပြို
ဆရာကိုကား
မွှေးခဲ့
မွှေးတဲ့
မွှေးဆဲ ပန်းတပွင့်
ပွင့်နေပေဦးမည်...။ ။
ကဗျာစာဆိုကိုလေး(အင်းဝဂုဏ်ရည်) အသက် ၈၀ ပြည့်မွေးနေ့သို့ ရည်ညွှန်းပူဇော်
မောင်ရဲနွေ ပလိပ်
၆.၈.၁၆

Comments