သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သျှင်မျိုးငယ်၊ မောင်နွေရင့်(အင်းဝ)၊ မိုးသက်ငြိမ်ဦး

ကွက်လပ်များ
 
www.pinterest.com
 မင်းလက်ထဲမှာလား ငါ့လက်ထဲမှာလား သူ့လက်ထဲမှာလား
ဖရိုဖရဲစိတ်ကူးတွေနဲ့ နာရီသံတွေက ငိုတယ်
ပြယ်လွင့်နေတဲ့ဆည်းဆာချိန်တွေ
မလင်းလက်နိုင်တဲ့အရုဏ်ဦးတွေ
တီးတိုးရွတ်ဆိုလိုက်ဖို့ ဒိုင်ယာရီစာအုပ်ကို ဆွဲဖွင့်လိုက်တယ်
မင်းလား ငါလား သူလား
မေ့လျော့နေတတ်တဲ့စိတ်ဓာတ်ကို ဖယ်ထုတ်ထားလိုက်
ဘဝကို လည်ပြန်ကြည့်လိုက်တဲ့အခါ 
ခြေလှမ်းဟာ တုန့်ခနဲ ခဏကလေးရပ်တယ်
ကိုယ်ချင်းစာတရားကို လိုအပ်နေသေးသရွေ့
ဘဝဟာ
အလို အလို အလို တွေ များလွန်းလေရဲ့
ကွက်လပ်များကို
မင်းမြင်လား ငါမြင်လား သူမြင်လား....
ငါတို့မျက်လုံးတွေဟာ တိမ်ဖုံးနေခဲ့တာကြာပြီ
အမြင်တွေထဲမှာ ကွက်လပ်တွေ....
ငါဟာ လက်တစုံကိုကမ်းပေးလိုက်တယ်
ငါ့လက်တွေက ကွက်လပ်ဖြစ်နေလေရဲ့။         ။

သျှင်မျိုးငယ်

…..

ရနံ့ပျောက် ပန်းပွင့်များ
www.a-n.co.uk
မိုးတွေ  မိုးတွေ
ဟိုးအနောက်တောင်ဆီမှာတင်မဟုတ်
မှိုင်းညို့လို့
တပြည်လုံးပြိုခဲ့ပြီ။
ရေတွေ ရေတွေ
ဟိုးမြစ်ပင်လယ်ဆီမှာတင်မဟုတ်
အော်မည်လို့
နေရာတိုင်း လျှံခဲ့ပြီ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဘာတဲ့..
ရပ်ရွာ သာယာငြိမ်းချမ်းရေး
ဘာတဲ့...
နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး
ရေး ဘာတဲ့။
လုပ်ခဲ့ကြပါသည်
တိုးတက်ပါသည်
ချမ်းသာကြပါသည်...
သူတို့ သူတို့။
ဒီမိုးတွေရွာလို့
နေ့စားခလေး လက်မှာမဆုတ်ရတဲ့
ရက်တွေ ဘယ်လောက်၊
ဒီရေတွေကြီးလို့
နေစရာစားစရာ ခက်ခဲဒုက္ခရောက်နေကြသူ
ဘယ်လောက်၊
ဒီဆည်တွေ မနိုင်လို့
ဟစ်အော်ပြေးဝင်လာတဲ့
ရေတွေဘယ်လောက်၊
ဒီသစ်တောတွေလျှော့ပါးကုန်လို့
စီးဆင်းနေရုံမှတပါး
အခြားမရှိတဲ့
ရေတွေဘယ်လောက်၊
သံတိုင်
ကြားက မျှော်လင့်ချက်​​တွေ ဘယ်​​လောက်
သူခိုးဖြူတွေဘယ်လောက်

နာရီလက်တံတွေဘယ်လောက်

ပြက္ခဒိန် စာရွက်တွေဘယ်လောက်။
အဖေရေ.....
ခင်ဗျားတံတွေးစက်လောက်တောင်
အတ္တမကင်းတဲ့သူတွေက
အနှစ်
ငါးဆယ်ကျာ်လုံးလုံး
ဝါးမြိုလာကြတာ
သားတွေသမီးတွေအကုန်
စုံးစုံးကိုမြုပ်လို့
။    ။
   
မောင်
နွေရင့် (အင်းဝ)
 

က နေတဲ့ ခေတ်
 
www.pinterest.com
ခေတ်က ပြောင်နေတယ်ပြိုင်​​နေတယ်ပြားနေတယ်ပျက်​​နေတယ်ပြေးနေတယ် .....
ခေတ်က ပေါ်နေတယ်​​ ခေါ်နေတယ်​​မျှော်​​နေတယ်ကလော်​​နေတယ် ​​အော်​​နေတယ်.....
ခေတ်က လှနေတယ် နေတယ်နေတယ်နေတယ် က နေတယ်.....
ခေတ်
က ကြပ်​​နေတယ်ထပ်​​နေတယ်ငတ်​​နေတယ် လတ်​​နေတယ်ပြတ်​​နေတယ်.....
ခေတ်က ဆိုးနေတယ်တိုးနေတယ်ခိုးနေတယ် ကျိုးနေတယ်ယိုးနေတယ်.....
ခေတ်က ဆာနေတယ်ခါနေတယ်အာနေတယ် လာနေတယ် ညာနေတယ်.....
ခေတ်က ဝါးနေတယ်စားနေတယ်သွားနေတယ် အားနေတယ်ဖျားနေတယ်.....
ခေတ်က အူနေတယ်ဆူနေတယ်ယူနေတယ် ပူနေတယ်မြှူနေတယ်.....
ခေတ်က ပျံနေတယ်လန်​​နေတယ်အန်​​နေတယ်
ဖန်
နေတယ်ကြံနေတယ်.....
ခေတ်က ရူးနေတယ်ပူးနေတယ်ထူးနေတယ်
လူး
နေတယ်ကျူးနေတယ်.....
ခေတ်က...
ခေတ်က...
ခေတ်က က နေတယ်.....။ ။

မိုးသက်ငြိမ်ဦး
2016,Aug.

Comments