သစ်ခက်သံလွင် ကဗျာစင်မြင့်၊ အောင်ဝေး၊ မောင်ခိုင်မွန်(ပလိပ်)၊ ရွက်ခါး၊ မောင်ရဲနွေ ပလိပ်တို့၏ကဗျာများ

ပ င် လုံ
www.notey.com
အိုးကို လုံအောင် ဖုံးပါ
မလုံရင် ...
အိုးမလုံ အုံပွင့်တာက နောက်
ယင်အုံမှာက အရင်။
ခြံကို လုံအောင် ခတ်ပါ
မလုံရင် ...
ခြံခုန်မယ့် နွားတွေက နောက်
ခွေးဝင်မှာက အရင်။
ခေါင်ကို လုံအောင် မိုးပါ
မလုံရင် ...
မိုးယိုတာက နောက်
ကြယ်ယို လ,ယိုမှာက အရင်။
ပင်လုံ
အတိတ်ကို လုံအောင် ထားပါ
မလုံရင် ...
သမိုင်း သိုးမှာက နောက်
သမိုင်း အခိုးခံရမှာက အရင်။ ။

ေ အ ာ င္ ေ ၀ း
(ဇူလိုင် ၁၀၊ ၂၀၁၆).


ဒိုင်းညောင့် 
www.dawn.com
 အဲဒီဝတ္ထုတွေ
မဖတ်ချင်ဘူး...
ဆရာမှိုင်းကြီးနဲ့အတူ
ငြိမ်းချမ်းရေးကို ဖူးရအောင်...။         ။

မောင်ခိုင်မွန် ပလိပ်
၃၀.၈.၁၆


ပန်းတွေပွင့်သလို ငြိမ်းချမ်းရေး 

www.pinterest.com
 လာပါသူငယ်ချင်း
ဆရာဝန်ကြီးလုပ်တမ်း ကစားမယ်
အင်ဂျင်နီယာကြီးလုပ်တမ်း ကစားမယ်
မင်းလည်းသူပုန်မလုပ်နဲ့
ငါလည်းစစ်ဗိုလ်ကြီးမလုပ်တော့ဘူး။
အဖေကတော့
လယ်သမားကြီးပြန်လုပ်ဖို့ ပေါက်ပြားသွေးနေရဲ့
အမေလည်း မှိုချိုးမြစ်ရှာဖို့
 သူ့ခြေထောက်ကို သူပြန်ရှာနေပြီ။ ။ 


ရွက်ခါး
၂၁ ရာစုပင်လုံအား ကြိုဆိုလျက်


သမိုင်းဝင်တဲ့နေ့
fireplacechats.wordpress.com
စတင်ခဲ့ပြီ
ဒီ ခရီးအတွက် စတင်ခဲ့ပြီ..
စတင်ခဲ့ပြီ
အားလုံး ညီဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
စကားတွေပြောဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
မတူတာတွေ ညှိဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
သမိုင်းကောင်းဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
သေနတ်သံတွေ ချုပ်ငြိမ်းဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
ပန်းတွေပွင့်ဖို့ စတင်ခဲ့ပြီ...
စတင်ခဲ့ပြီ
ဒီနေ့ သမိုင်း ဝင်တဲ့နေ့...
စတင်ခဲ့ပြီ
စတင်ခဲ့ပြီ....
စတင်ခဲ့ပြီ
ရှေ့မှာ ပန်းတိုင်
ငြိမ်းချမ်းရေးမီးရှူးတိုင်
ခိုင်ခိုင်မတ်မတ်..။  ။

မောင်ရဲနွေ ပလိပ်
၃၀.၈.၁၆

Comments