သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဝေယု၊ နွန်လတ်၊ တေဇလင်း- နည်းပညာတက္ကသိုလ်တို့၏ကဗျာများ

ကမ်း

www.saleoilpaintings.com

ကမ်း ဘယ်မမြင်
မိမိကိုယ်မိမိ လမ်းဘယ်မမြင်
ထိုဖြစ်အင်တို့ကြောင့် ။

ဆဲမနာဆိုမနာများ
နောက်တွဲများ
နောက်
သင်္ဘောဝမ်းဗိုက်များ ။

ပင်လယ်ဟာကြန့်ကြာခဲ့
အသက်မဲ့စွာ
အရှက်မဲ့စွာ ။

ဘာသာပြန်၍ မရသော
သဲသောင်ပေါ် ခြေရာများ ။

တခုချင်းရေတွက်ရင်းသာ
မိုးသားတွေ
ဖြည်းဖြည်းချင်းနိမ့်ဆင်းလာမှာ ။   ။

ဝေယု

...

ပင်လယ်ကို အကြောင်းပြ၍

www.abs-art.com

မုန်တိုင်းဟာ မည်းနက်လာ
မြင်းပေါင်းများစွာပြေးသလို
လှိုင်းလုံးတွေ
လိုင်း(line) လုံးတွေ
လိုင်း(lie) လုံးတွေ

လိုက်မလုပ်နဲ့ မနက်ဖြန်ဟာ သူ့အတွက်
နေ့လယ်ရဲ့ အလယ်တည့်တည့်
လ ထွက်လာတယ်

မှန်တာပြောရရင် မုသားပါပဲ
အဲဒီမုသားမှာ ငါတို့တွေ သစ္စာဆိုလို့
ဤမှန်ကန်သော မုသားကြောင့်
ဘုရားအဆူဆူမှာ ကျိန်ဆိုလို့

နောက်ဆုံးတော့လည်း
ပင်လယ်ကို အကြောင်းပြ၍
ပင်လယ်ကိုအကြောင်းပြု၍
မုန်တိုင်းဟာ သူပြုသမျှ
နုရ ရှာတာပါပဲ။  ။


နွန်လတ်


နာမည်များ
www.bandagedear.com
 ရှင်သူချင်းအတူတူ …
ရှင်သူက ရှင် သေသူက သေ
သေသူချင်းအတူတူ …
ရှင်သူက ရှင်ကျန်ရစ်
သေသူက …
သေလည်းသေ ပျောက်လည်းပျောက်
ပြန်ခေါက်သိမ်းသွားကြ ။ ။
  
တေဇလင်း- နည်းပညာတက္ကသိုလ်

Comments