သစ်ခက်သံလွင် ဘာသာပြန်ကဗျာ၊ မြန်မာပြန် TS ၏ လရေးနှစ်ချောင်းငင်=လူ=ထဆင်ထူးရေး-တချောင်းငင်=ထု=



လရေးနှစ်ချောင်းငင်=လူ=ထဆင်ထူးရေး-တချောင်းငင်=ထု=
 
josephewest.com

















မင့်အသံကြားစမ်းပါရစေ
ငါ့အသံနားထောင်မှာလား

မင်းကြိုက်ရာပြတင်းဆွဲလေ
ငါ့စိတ်ကြိုက်အရောင်ခြယ်မယ်

မင့်ရေကန် ငါသုံးချင်လို့
ငါ့တောင်ကုန်း မင်းတက်ချင်တက်

မင့်ညှပ်ရိုး ငါ့ကိုပြဦး
ညှပ်ရိုးချင်း လဲကြည့်ကြစို့

မင့်ကံလမ်းကြောင်း ငါ့ကိုပြစမ်း
ငါ့ထီးရိုးဖြတ်လို့ပေးမယ်

မင့်ဇာတ်ကြောင်း ထိစမ်းကြည့်မယ်
ငါ့သမိုင်းကို မင်းပွေ့ထားလိုက်

မင့်ဒဏ်ရာတွေ ငါ့ကိုပြလေ
ငါ့အမာရွတ် ကြည့်ချင်လည်းကြည့်

မင်းငိုရင်ဘယ်လိုနေမလဲ
ငါလည်းပဲ ၀ိုင်းငိုရအောင်

မြေပုံလေးဆွဲပြပါလား
မင်းမွေးတဲ့မြို့ရဲ့မြေပုံ
အလည်တခေါက်လိုက်ချင်လွန်းလို့

မင့်အရိပ် ပေးပြပါလား
ငါ့အရိပ်နဲ့ တိုင်းကြည့်စမ်းမယ်
ဒီအရိပ်တွေ ချွတ်စွပ်တူမှာ သံသယမရှိ

မင့်နာမည် ဘယ်လိုခေါ်လဲ
ငါ့နာမည်လည်း မေးကြည့်ပါဦး

မူရင်းကဗျာ P-E-O-P-L-E / Toshiko Hirata
အင်္ဂလိပ်မူ Jeffrey Angles

မြန်မာပြန် TS

Comments