ခြောက်လို့ကြွေတဲ့သစ်ရွက်
en.wikipedia.org |
တဖြုတ်ဖြုတ်ကြွေနေတဲ့
ရော်ရွက်ဝါတွေကအစ
လူနဲ့လမ်း လွဲခဲ့ရသလိုမျိုး
မွန်းတည့်နေထဲ အရိပ်မရတော့
စာအုပ်ကြားထဲရောက်နေ
စာသားအဟောင်း
ဓာတ်ပုံအဟောင်းထဲ
ပြုံးနေသေးတဲ့မေတ္တာဓာတ်မှာ
အတိတ်ကိုပြန်ဖမ်း လာလမ်းမှာ
လွမ်းနေမိ..
အချစ်မှာအသစ်
အသစ်သာ ဖြစ်သော သောက
နွေဦးမှာ လေရူးရယ်မွှေတဲ့ လောကထဲ
တစ်ယောက်နဲ့တစ်ယောက်ကလည်း
တကိုင်းစီ တကန့်စီ တနေရာစီ
ကျောမှီလှဲလို့
တအိမ်ထဲ တစစီ ပြိုကွဲလို့
သစ်ရွက်ခြောက်လို နွေနေ့လို
ခြောက်သွေ့တိတ်ဆိတ်
နွေရာသီ ပြက္ခဒိန်စာရွက်များ
သောက်ရေခွက်များ
ကလေးကစားစရာ အရုပ်များ
နံရံကလက်ရာထဲ ခွဲတဲ့မှန်မှာ
ကျတဲ့မျက်ရည်နဲ့
ကျယ်လောင်တဲ့အက်ကွဲသံမှာ
လွှဲနေတဲ့မျက်ဝန်းတွေ
အချစ်ကို အကြောင်းအမျိုးမျိုးပြ
ငြင်းဆန်လို့
သွေးကို အရောင်အမျိုးမျိုး
ဆေးရေးခြယ်လို့
ခြောက်သွားမှ
ပန်းလိုလည်းသိမ်းမထားချင်တော့
တူနှစ်ကိုယ် အိပ်မက်
(တိမ်တွေ...)။
နိုလှိုင်း
…
ဤခရီးနီးသလား
blog.lisacall.com |
ဘယ်လိုဒုက္ခပဲကြုံကြုံ
ဘယ်လိုသုခပဲဆုံဆုံ
ရွှေလက်တွဲထားတာပါပဲ။
သိပ်ပြီးစိတ်ကူးယဉ်ဆန်သွားတယ်ဆိုရင်လည်း
ဒါဟာ လောကနိဗ္ဗာန်ပါပဲ။
လမ်းလည်းကြုံခဲ့ပြီ
လူချင်းလည်းဆုံခဲ့ပြီ
သံသရာဟာ ဖန်တရာတေပြီးလွမ်းခန်းမရောက်နိုင်တော့တာသေချာ
အိပ်မက်ကို စိန်စီထားပြီးပြီ
အတူတူလမ်းမှာလည်းအတူတူ လျှောက်ခဲ့ကြရပြီ
ဤခရီးမဝေးတော့ပါဘူး ဂျူလီယာ။
ဘယ်လိုသုခပဲဆုံဆုံ
ရွှေလက်တွဲထားတာပါပဲ။
သိပ်ပြီးစိတ်ကူးယဉ်ဆန်သွားတယ်ဆိုရင်လည်း
ဒါဟာ လောကနိဗ္ဗာန်ပါပဲ။
လမ်းလည်းကြုံခဲ့ပြီ
လူချင်းလည်းဆုံခဲ့ပြီ
သံသရာဟာ ဖန်တရာတေပြီးလွမ်းခန်းမရောက်နိုင်တော့တာသေချာ
အိပ်မက်ကို စိန်စီထားပြီးပြီ
အတူတူလမ်းမှာလည်းအတူတူ လျှောက်ခဲ့ကြရပြီ
ဤခရီးမဝေးတော့ပါဘူး ဂျူလီယာ။
ဟာရှိန်း (မင်းတပ်)
…
ရိုဘော့တစ်ယဉ်ကျေးမှု
mentalfloss.com |
နည်းပညာဟာ ငါတို့ရဲ့ ဆုတ်ကပ်ဖြစ်တယ်
စက်ရုပ်လား လူသားလား မကွဲပြားဘူး
လူသားစက်ရုပ်တွေများတယ်
စက်ရုပ်လူသားတွေနည်းတယ်
အပြုံးအရယ်တွေ ဆွံ့အနေတယ်
အပြုံးစစ်တွေ ခမ်းခြောက်လွင့်ပြယ်
နှလုံးသားတွေပါမလာဘူး နှလုံးသားများ
ရှိသေးလား
မျှော်လင့်ချက်တွေမရှိဘဲ အလုပ်တွေ
လုပ်နေကြ
အစီအစဉ်တခုအတိုင်း
အချိန်ဇယားတခုအတိုင်း
လမ်းကြောင်းတခုအတိုင်း
လုပ်ရိုးလုပ်စဉ်ယဉ်ကျေးမှုမှာ
လွင့်မျောနေကြတယ်
ရိုးရာဓလေ့ယဉ်ကျေးမှုမှာ
စီးမျောနေကြတယ်
အစီအစဉ်တကျပြုံးတယ်
အစီအစဉ်တကျရယ်တယ်
စိတ်ခံစားမှုမပါတဲ့ အပြုံးအရယ်တွေသာ
ရှိလေရဲ့
မခံစားနိုင်တော့ဘူး
မနေထိုင်နိုင်တော့ဘူး
လျှပ်စစ်စွမ်းအင်ဟာ ဘဝ ဖြစ်နေတာ
မလိုချင်ဘူး
ကိုယ်ချင်းစာတရားဟာ အစရှာမရသလို
ကိုယ်ကျင့်တရားဟာ အသက်ငင်နေခဲ့ရ...
ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တယ်
ငါတို့ စက်ရုပ်ဆန်နေတာ
ဘယ်လောက်ကြာပြီလဲ
ငါတို့ စက်ရုပ်ဆန်နေတာ ဘယ်လောက်ကြာပြီလဲ
ငါတို့ စက်ရုပ်ဆန်နေတာ
ဘယ်လောက်ကြာပြီလဲ
ဒီမေးခွန်းဟာ လူသားဆန်ပါရဲ့လား...။
။
သျှင်မျိုးငယ်
Comments
Post a Comment