သွေးနဲ့
ရေးခဲ့တဲ့စာ
မူရင်းပုံရှင်ကို လေးစားပါသည်။ |
သွေးနဲ့ / ရေးခဲ့တဲ့ စာ
နာကျင်မှုဟာနာကျည်းမှုထဲစီးဆင်း
ခံပြင်းစိတ်နဲ့ ကြေကွဲစိတ်ကလည်း ဆေးသားတရောင်ထဲ
အသံထွက်နေဆဲ/အသက်ဝင်နေဆဲ/အတိတ်ဆောင်နေဆဲ
ငါတို့ရဲ့နှစ်ကိုယ်ခွဲဇာတ်ကောင်တွေအဖြစ်
ဝိညာဉ်လာပူးနေသလို အဲဒီ့အချိန်ကယမ်းနံ့ကိုပုပ်အဲ့အဲ့ပြန်ရနေသလို အလောင်းကောင်တွေကစစ်ရိုက်ဖယ်သေနတ်တွေလက်မှာလွှတ်ချမထားသေးဘူး
ငါတို့ရဲ့ရင်ဘတ်ကိုကိုက်ဖဲ့ချင်တဲ့မိစ္ဆာတွေရဲ့စစ်ဖိနပ်ဖိနင်းသံတွေ
သွေးဟာ စစ်ဖိနပ်အောက်ကလွတ်ထွက်ပြီး နံရံကိုပြေးကပ်သွားတယ်
ကိန်းဂဏန်းနေ့စွဲတခုအဖြစ်အုတ်အင်္ဂတေထဲနစ်ဝင်သွားတယ် အုတ်သားနံရံမှာ ငါတို့ရဲ့ရင်ဘတ်အတွင်းသားထဲမှာ
ဥဒါန်းမကြေရွတ်ဆိုမြည်တမ်းနေတယ်
မ မေ့ ကြ နဲ့
နောက်ဆုံးထွက်သက်ကိုတောင် အားတင်းဆွဲဆုပ်ထားရင်း
သူပြောခဲ့တယ်
မမေ့ကြနဲ့
နံရံမှာ သူ့အသံနဲ့ သူ့သွေးစက်တွေဟာ
ကမ္ဘာမကြေတဲ့သမိုင်းကို ကဗ္ဗည်းရေးထိုးထားခဲ့သလိုပဲ။
မောင်
သော် တာ
ခေတ်အဆက်ဆက်ကျောင်းသားအာဇာနည်များကို
ဦးညွှတ်လျက်
၇ ၇ ၁၅
Comments
Post a Comment