(သစ်ခက်သံလွင်၊ မိုးမခ) ဇူလိုင် ၇ အထိမ်းအမှတ်ကဗျာ၊ နီဇူလိုင်ရဲ့ ဆူး


ဆူး

Ni July

7 ဇူလိုင်ဆိုတာ
    အဖေတို့ ရင်ထဲကဆူး။

    ၇၄ ရဲ့သမိုင်း
    ဦးသန့် မှိုင်းရာပြည့်
    ဦးလေးတို့ ရင်ထဲကဆူး။

    ၈၈- ၉၆
    ၂၀၀၇-၂၀၀၈
    အရိုင်းခေတ်ရဲ့
    သမိုင်းညစ်တဲ့ ဆူး။

    ငါတို့ ရင်ထဲ
    နစ်ဝင်နေဆဲ ဆူးတွေ။

    သားတို့ခေတ်မှာ
    ဆူးကြားက “ဘူး” မဖြစ်စေချင်
    ထွင်ကို ထွင်ရမယ်
    ဆူးပင်းထက်နေတဲ့ အနာဆွေး
    ရဲဆေးတင်ပြီး ထွင်ကြစို့။ ။


 
နီဇူလိုင်

Comments