သစ်ခက်သံလွင် တကိုယ်တော်ကဗျာ ၊ တင်လတ်ကို၏ ဆိုလို-SOLO (၁-၇)

တင်လတ်ကို ရဲ့ ဆိုလို (၁-၇)
SOLO = ဆိုလို  
www.simplyniceart.com

 ဆိုလို (၁)

 မင်းလည်းအော်

ငါလည်းပျော် 
ခု

အဲလို မဟုတ်ဘူးလား။



အဲလို မဟုတ်ရင်တော့

ကြိုးပြန်ညှိမှရမယ်။ ။







ဆိုလို (၂)
www.carmenguedez.com
 ခေတ်ကြီးက ကောင်းနေပြီ

ခေတ်ကြီးက ကောင်းနေပြီ

ခေတ်ကြီးကောင်းတော့ ဘာဖြစ်လဲ။



သူ

အိမ်ပြန်မရောက်မှာစိုးတာပါ။ ။



….



ဆိုလို (၃)
www.carmenguedez.com

ဖရဲသီးသည်က ကျောင်းတက်ချင်တယ်

ဆိုက်ကယ်သမားက လိုင်စင်ရချင်တယ်။



ကျနော့်ရှေ့မှာပြောနေပေမယ့်

ကျနော့်ကိုပြောနေတာမဟုတ်ပေမယ့်

ကျနော်လည်း မစွမ်းပါ။

ဒီလို

ရယ်ကျဲကျဲနဲ့သာ။ ။



….



ဆိုလို (၄)
www.carmenguedez.com
 မတီးဘဲ

မြည်တဲ့ ဂီတ။

မဆိုဘဲ

ကြားတဲ့ သီချင်း။



ဗိုက်ဆာတယ်

ဗိုက်ဆာတယ်

ဗိုက်ဆာတယ်။ ။



…..



ဆိုလို (၅) 
www.carmenguedez.com

ပုထုဇ္ဇနော ဥမ္မတ္တကော။



ဗုဒ္ဓရေးခဲ့တဲ့ ကဗျာ

ဖြည့်စွက်ဖြုတ်ဖတ်လို့ မရ

ခုထိ။ ။



…..



ဆိုလို ( ၆)
www.carmenguedez.com

ဗျိုင်းလည်း

နားခဲ့ပြီ။



နားခဲ့သော ပေါက်ပင်လည်း

ကိုင်းခဲ့ပြီ။



ရေထဲမှာ ငါးကလေး

သင့်သဘောမျှသာ။ ။



…..



ဆိုလို (၇)
www.carmenguedez.com
 ခုနစ်ရက်၊ ခုနစ်နေ့မှာ

သင်နဲ့ တွေ့ဆုံဖို့ရန် မလွယ်။



ဖုန်းဆက်သလို

လူကြုံပါးသလို

ယခုလို ဆိုလို (SOLO) များနဲ့

သင့်ထံ ရောက်မရောက်လည်း

ကျနော် စိတ်စောနေမိတယ်။ ။



တင်လတ်ကို




Comments