သစ်ခက်သံလွင် ကဗျာစင်မြင့်(၁)၊ ကိုကျူး၊ မောင်ရဲနွေ ပလိပ်တို့၏ ကဗျာများ

ငြိမ်းချမ်းရေးဟာ ပန်းတွေပွင့်နေတယ်
www.pinterest.com
ပန်းတွေပွင့်တော့ မွှေးရနံ့တွေရတယ်
ပန်းတွေရဲ့ မွှေးပျံ့မှုဟာ ငြိမ်းချမ်းရေးပေါ့၊
ထိလွယ် ရှလွယ်တဲ့ ရုပ်နာမ်တရား
အမှားတွေ များလွန်းတော့
ဘယ်မှာလည်း မေတ္တာတရား
အနားမှာ ငြိမ်းချမ်းရေးမရှိဘူး
တရားထူး တရားမြတ်တွေ ကင်းမဲ့ပုံ၊
အယူဝါဒများ
ဘာသာတရားများ
အတွေးအခေါ်များ
အစွဲအလန်းများ
ကမ္ဘာပေါ် လေလွင့်နေတုန်း၊
လေဟာ တိုက်ခတ်လာပေါ့
လေထဲက ပန်းရနံ့များ
ငြိမ်းချမ်းသော ကမ္ဘာဖြစ်စေသား။ ။

ကိုကျူး
၃ ၁ .၇ .၂ ၀ ၁ ၆

…..

ပင်လုံ 
www.pinterest.com
 သွေးချင်းလက်များ
တွဲထား
မခွဲခြား...။
ညီဖို့
ပီဖို့
တည်ဖို့ ...။ ။

မောင်ရဲနွေ ပလိပ်      
၃၀.၇.၁၆

Comments