သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ကောင်းကင်ကို၊ စိုးခိုင်ညိန်း၊ မောင်နွေရင့်(အင်းဝ)တို့၏ကဗျာများ

တကိုယ်တော်ကဗျာသမား မွေးထားတဲ့ပိုး
Add captionartblart.com
 Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး။
ကျွန်တော့် ပြဿ       နာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။

အာရုံစိုက်မှု ဆာနေတဲ့
Narcissist မြာတွေလို
တမင်လုပ်ယူချင်တာမျိုးမဟုတ်။
ပင်ကိုယ်လောင်စာပြင်းပြင်းနဲ့
ကိုယ့်ခြေရာကိုယ်နင်းချင်တာ။

ရယ်သံကွဲခြောက်ခြောက်တွေ
အစွယ်နဲ့ပေါက်မှာ မကြောက်ပါဘူး။
အများအယူအဆ တရုန်းရုန်းနဲ့
ကိုယ့်အရှိတရားကိုယ် မဖုံးလိုပါ။

အလာပသလာပ စကားတွေ
ရွှေလိုရှားလာတဲ့ ကျွန်တော့်ပါးစပ်
မြို့လယ်မှာ တောင်ပံခတ်ရင်း
တောသစ်တခုငတ်တယ်။

လူနံ့သူနံ့ကို
တစိမ့်စိမ့်လန့်တတ်သူရဲ့
တံခါးနီအုပ်ထားတဲ့ အာအခေါင်းမှာ
Disable လုပ်ထားတဲ့ လျှာတချောင်း ရှိတယ်။

အကို လေဖြတ်နေတာလားတဲ့။
ရှည်ပြီး လိုက်သွားမိတဲ့ ခရီးမှာ
အတန်းငယ် ကောင်မလေး တယောက်ရဲ့စကား
ဇင်ရဟန်းတပါးနဲ့
သူ...ကျွန်တော့်ကိုမှားတယ်။

နှုတ်ခမ်းက အလုပ်မလုပ်တော့
ခေါင်းက ညိတ်ပြီး အလုပ်လုပ်ရတယ်။
ခေါင်းညိတ်တိုင်း ထောက်ခံတာလို့တော့ မထင်နဲ့။
ညိတ်လိုက်တဲ့ ကျွန်တော့်ခေါင်းရဲ့
လျှို့ဝှက်အဓိပ္ပာယ် ထောင်သောင်း
ကမ္ဘာ့ဓာတ်ခွဲခန်းတွေ ဦးနှောက်ညောင်းလောက်ရဲ့။

အပေါင်းအသင်းနည်းခြင်းဆိုတဲ့ လောကဓံတရား
ကျွန်တော့်ကို ထိုးနေကျ ဓားပဲ။
အထိုးခံရတိုင်း
သွေးတွေထွက်မလာဘဲ
အတွေးတွေ ထွက်ထွက်လာတယ်။

မတူမတန်သလို ဘဝင်ရိုင်းအထပ်ထပ်နဲ့
လူငွေ့ဖြတ်နေတာတော့ မဟုတ်ပါဘူး။
ပင်ကိုယ်ရေခဲမှတ်နဲ့
ချိုမြိန်စကား မတတ်တာပါ။

မပေါင်းချင်ရင်တော့နေပေါ့။
အထီးကျန်လာတဲ့အခါ
ဝတ္ထုထဲက
အမျိုးသားဇာတ်ကောင်တွေနဲ့
အရက်အတူသောက်ပြီး
အမျိုးသမီး ဇာတ်ကောင်တွေရဲ့ လျှို့ဝှက်ချက်ကို
စကားဆန်းဆန်းတွေနဲ့ ချွတ်ကြည့်မယ်။

Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး
ကျွန်တော့် ပြဿနာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။

ကောင်းကင်ကို
၂၃ ဇူလိုင်၊ ၂၀၁၆


၂၄ နာရီ လိုက်ဖ်ရှိုး
pictify.saatchigallery.com
ဘောလုံးပွဲက အကြိတ်အနယ်ကန်နေတုန်း
နှစ်သစ်ကူးပွဲတော် ကျင်းပနေတုန်း
ခရစ်စ်မတ် ပျော်ပွဲရွှင်ပွဲ လုပ်နေတုန်း
သီချင်းတွေဆိုလို့ ကောင်းနေတုန်း
ရွေးကောက်ပွဲ အောင်ပွဲခံနေတုန်း
ငြိမ်းချမ်းရေး ရဖို့ ကြိုးပန်းနေတုန်း
သဘာဝ ရေမြေ တော တောင်အလှတွေနဲ့ ၀ံ့ကြွားနေတုန်း
ချစ်ခြင်း မေတ္တာတရားတွေနဲ့ အလှချင်းပြိုင်နေကြတုန်း
တပြိုင်နက်တည်း အခြားတဖက်မှာ
မြေတွေပြို၊ ရေတွေကြီး၊ မုန်တိုင်းတွေ တိုက်လို့
အစုလိုက် အပြုံလိုက် သတ်ဖြတ်လို့
စစ်ပွဲတွေ အကြီးအကျယ်ဖြစ်လို့
အိုးမဲ့ အိမ်မဲ့ ဒုက္ခသည်တွေ တိုးပွားလို့
အီဘိုလာ၊ AIDS၊ ရောဂါတွေ ထူပြောလို့
အော်ဟစ်ငိုယို အကူအညီတောင်းလို့
လူပေါင်းများစွာ အော်ဟစ်တောင်းဆို ဆန္ဒပြလို့
နျူကလီးယား ဒုံးပျံတွေ စမ်းသပ်လို့
ကမ္ဘာဟာ ရပ်နားမှုမရှိ လည်ပတ်ရင်း ထုတ်လွင့်နေပါတယ်
သင်ကြိုက်တဲ့ချန်နယ် ပြောင်းရွှေ့ကြည့်ရှုနိုင်ပါတယ်။ ။

စိုးခိုင်ညိန်း (9. 11,၏. 14)

 .....

အိတ်​​ထောင်များ
petesoriginalart.com
အိတ်​​ထောင်​​တွေထဲမှာ
မမှန်
တော့တဲ့အမှန်တရားတွေ
ထည်
့ထားကြတယ်
အဲဒီအိတ်​​ထောင်​​တွေထဲမှာ
လျှပ်
စစ်ဓာတ်အားတွေ
သစ်
ကြီးဝါးကြီးတွေ
လယ်
ယာ​​​မြေတွေအများကြီးနဲ့
ဆယ်
စုနှစ်ငါးခုကျော်ရဲ့
သယံဇာတ
တွေ လူသားမျိုးဆက်​​တွေရဲ့
အော်ဟစ်ငြီးတွားသံတွေဟာ
မဆံ့မပြဲ အိတ်
ထောင်​​တွေဟာ
ပြဲမသွားကြဘူး။
အလဲလဲအကွဲကွဲနဲ့
သဲသဲကွဲကွဲမြင်
ကွင်တွေကို
အိတ်
ထောင်​​တွေဟာ မြင်ကန်း ကန်းခဲ့ကြ
လင်
ပန်လောက်မှ စောက်မနက်
ချောက်နက်ထဲကို တွန်းချရင်
အိတ်
ထောင်​​တွေဟာ ရယ်​​မောနေတယ်
အိတ်​​ထောင်​​တွေဟာ
ရက်
ရောစွာ တစ်ဆယ်တန်​​တွေခုန်ထွက်လာပြီး
တစ်
သောင်းတန်​​တွေ ပြန်ခေါ်သွားတတ်တဲ့
ပေးဆပ်ခြင်တွေနဲ့
ခွေးဇာတ်​​တွေလည်း ခင်းတတ်သတဲ့။
အိတ်​​ထောင်​​တွေဟာ
ချိန်
ခွင်လျှာတွေကို ရွဲ့စောင်စေပြီး
မမှန်
တော့တဲ့ အမှန်တရားတွေကို
ထည်
့ထားကြတုန်း။
အိတ်​​ထောင်​​တွေ
အိတ်​​ထောင်​​​တွေ

အိတ်
ထောင်​​တွေထဲမှာ
ပိ ပြား
နေတဲ့
သနားစရာနိုင်
ငံတော် ရှိတယ်
နိုင်
ငံတော်ထဲမှာ
မငြိမ်
ဝပ်ခြင်တွေ အပြည့်။

မောင်​​နွေရင့် (အင်းဝ)
15.6.2016. 8:25 PM

Comments