သစ်ခက်သံလွင် -ကာတွန်းဝင်းထွန်း၏ ကာတွန်းအကြောင်း တစေ့ တစောင်း -၇



ကာတွန်းအကြောင်း တစေ့ တစောင်း ... - ၇

ကာတွန်း ၀င်းထွန်း


အမှတ်တော့ ခုပို့စ်က ၅၀ ... ၅၀ ... ၏ အဆက်ဟုပြောနိုင်ပါသည်။
ဘာလို့လဲဆိုတော့ ဟိုတရက်က ... ကျွန်တော်တင်ပြခဲ့သော ၅၀ ... ၅၀ ... မှာရေးထားတဲ့ ...

(စာသား ၁၀၀ နဲ့ ပုံ ၀ (သုည) (ပုံမကောင်းတာကို ဆိုလိုတာပါ ...) တော့ မဖြစ်သင့်ဘူး) ... နှင့် ပတ်သက်လို့ ကျွန်တော့်ကို တယောက်က message box ကနေ ... တနေ့ကကျွန်တော်တင်တဲ့... ကာတွန်းကိုငွေကြည်ရဲ့ စာတွန်းပုံခေါ်ရမလား ... စာတွေပဲချရေးပြီး ပုံမပါတဲ့ ကြေးမုံကပုံနှင့် တခြားသူတဦးရေးပြီး စာစောင်တွင် ပါခဲ့ဖူးသည့်ပုံတွေကို ပြ၍ ဘယ်လိုလဲဟု ... မေးခွန်း တက်လာပါသည်။

ဒါ စာတွန်းသက်သက်အဖြစ် တင်ပြသူ ကာတွန်းဆရာ၏ အရည်အချင်းပဲလေ ... ဖတ်သူလက်ခံအောင် တင်ပြနိုင်လို့ လက်ခံရင်နည်းပညာတခုအနေနဲ့ ကြိုက်နှစ်သက်သူ လက်ခံပေါ့


ကာတွန်းရေးနည်းတွေဟာ အားလုံးအတွက် တခုတည်းပဲဟု ..(တရားသေ ဘယ်သူကမှ ဒါ ရေးရမည် ... ဒါ မရေးရဟု သတ်မှတ်ထားတာ မရှိတော့) ... ရေးချင်သူ ရေးနိုင်ပါသည် ... စာချည်းသက်သက်မို့ စာ ၁၀၀ နဲ့ ပုံ ၀ (သုည)ပြောပေါ့ ...

(ကျွန်တော့အနေနဲ့ ထောက်ခံခြင်း ကန့်ကွက်ခြင်း ပြောရန်မလိုပါ) ...

၅၀ ... ၅၀ ... ပို့စ်မှာလဲ ကျွန်တော်ရေးထားပါတယ် ... ရှင်းမှာပါ

(စာသား ၁၀၀ နဲ့ ပုံ ၀ (သုည) (ပုံမကောင်းတာကို ဆိုလိုတာပါ ...) တော့ မဖြစ်သင့်ဘူး ...(ပုံ မကောင်းတာကို ဆိုလိုတာပါဟု ... ဆိုထားပါသည်) ...

ကျွန်တော်လည်း စာတွန်းဆန်ဆန် အတော်များများရေးခဲ့ပါသည်။ သို့သော် ... ပုံကို မိုးကြိုးပစ် လွတ်လောက်တော့ ထည့်ရေးခဲ့ဖူးပါသည် ... စိတ်ကူးပေါ်မူတည်ပါသည်။

ဖြစ်နိုင်ရင်တော့ ပုံကိုပဲ အားထား ရေးချင်ပါသည်ဟုပဲ ပြောချင်ပါသည်။  စာတွန်းကို မရေးချင်ပါ။ (ဒါ ကျွန်တော့် စိတ်ကြိုက်ကို ပြောခြင်းသာ ဖြစ်ပါသည် ) အယ်ဒီတာတွေကြိုက်လို့ ထည့်လည်း ပါကြတာပေါ့ ဗျာ ... မထူးဆန်းပါဘူး။

နောက်တခုပြောရရင် ... ပုံမရေးတတ်လို့ ... ပုံမရေးချင်လို့ စာတွေချည်းပဲ စာတွန်းရေးရင်ကော လို့ မေးစရာ ရှိပါတယ်။  စိတ်တော့မရှိနဲ့၊ စာတွေချည်းပဲ ကာတွန်းသဘောလိုရေးသွားချင်တယ်ဆိုရင် ... ဟာသ စာရေးဆရာပဲ လုပ်ပါတော့ဗျာ။  အဟဲ ... ကာတွန်းဆရာလို့အမည်မခံပါနဲ့တော့ ...။

သတိတရ နောက်တခုလည်း ပြောပြလိုပါသည် ။ တနေရာမှာ ကျွန်တော် ပြောပြခဲ့သလိုပါပဲ ... ကာတွန်းအကြောင်း တစေ့တစောင်းသည် ကာတွန်းလောကအတွက် လုပ်ရမယ့် အမှန်တရားတွေ ... လုပ်ရမယ့် လိုက်နာရမယ့် ရေးနည်းဥပဒေသတွေ ထုတ်နှုတ်ကျူးရင့်နေခြင်းမဟုတ်ပါ။ ... ရေးပြခဲ့သမျှအားလုံးသည် ကျွန်တော့်အယူအဆ ကျွန်တော့်ခံယူချက်များသာဖြစ်ပါ၏။ ကျွန်တော်ယုံကြည်ရာ ကျွန်တော်ပြောနေခြင်းပါ။

ကျွန်တော်မမြင်ဖူးသော ဆရာများ ... နောက် ကျွန်တော်၏ လက်ရှိဆရာအဖြစ် အသိအမှတ် ပြုထားသူများ၊ ပြီး ... နိုင်ငံခြားက ကာတွန်းဆရာများ၏ အယူအဆများကိုလည်း လေ့လာကြားနာဖူးသော်လည်း ကျွန်တော် ရာခိုင်နှုန်းပြည့် လက်ခံချင်မှ လက်ခံပါမည်။ ဤသို့ပြော၍ ဆရာများကို ထိခိုက်စရာမရှိပါ။ လိုအပ်သည့် နည်းပညာသင်ယူခဲ့သော်လဲ အယူအဆဆိုသည်မှာ ဆရာတပည့်ကြားသာမက ... မိဘနဲ့ သာသမီး ... မောင်နှမအချင်းချင်းတောင် ကွဲလွဲတတ်ပါသည်။ ဒီတော့ သူတို့လို ... ကျွန်တော် လိုက်ရေးချင် မှရေးပါမည်။ ... သို့သော် ဆန့်ကျင်ပြောကြားမည်တော့ မဟုတ်ပါ။ နှောင်းလူ လူငယ်များကိုလည်း ကျွန်တော့်မှာရှိတာ ... အရင်းအတိုင်း ပြောပြနေခြင်းသာ ဖြစ်ပါသည် ... ဒါတွေမှန်တယ် အကုန် ယူရမယ် ဟု မဆိုလိုပါ ...။

သူတို့နှင့် ဖတ်သူများ၏ သဘောဆန္ဒ အတိုင်းသာဖြစ်ပါကြောင်း ...

ဝထး052216

Comments