သစ်ခက်သံလွင် ကဗျာစင်မြင့်၊ နရီမင်း၊ ကိုကျူး၊ မောင်နွေရင့်(အင်းဝ)တို့၏ ကဗျာများ


လီလီသို့
www.pinterest.com

ဒီအပင်ကြီး ဘယ်ကနေ ပေါက်လာသလဲဆိုတာ
လူတိုင်း သိပါတယ် လီလီရာ။
ခွေးရိုက်ချင်တာတောင်
မင်းအနေနဲ့ ခွေးရှင်မျက်နှာ တကြည့်ကြည့်လုပ်ရမှာလည်း
အသိသာကြီး။
အငှားဗိုက်နဲ့ ဓားထိုးခံခိုင်းပြီး
မဖြစ်စလောက် စကားလေးတခွန်းနဲ့
အဖျားရှူးသွားမှာကိုများ။
ခွေးရူးကို စပြီး ပြေးရင်
အကိုက်ခံရမှာ မင်း မဟုတ်ဘူးလေ။
တကယ်ပြတ်သားရဲရင်
အမြစ်ကနေ လှန်ပစ်လိုက်။
ပြောမယ့်သာ ပြောတာ
မင်းဟာ ဘယ်တုန်းကများ
ပြတ်သားဖူးခဲ့လို့လဲ။
လက်ခုတ်သံရရေး
သူများဘဝတွေကို မစတေးမိပါစေနဲ့
လီလီရေ။

နရီမင်း
၈- ၇- ၂၀၁၆


လေပူတွေ ရက်ရက်စက်စက်
တိုက်ခတ်နေတဲ့တနင်္ဂနွေ
petesoriginalart.com

ကမ္ဘာတဖက်မှာ အမှောင်ပဲ
လရောင်ဟာ ချောင်းမြောင်းလို့
တနင်္ဂနွေဟာ မပျော်ရွှင်မှုနဲ့ ညည်းညူနေတယ်တယ်

မတည်ငြိမ်သော မိုးသားများ
ငါတို့နှလုံးသားတွေပဲ့ကြွေခဲ့ပါတယ်
ဖြူစင်မြင့်မြတ်သော မေတ္တာတရား
ဘုရားသခင် ကယ်တော်မူပါ
နူးညံ့ပါသော လူသားကဗျာ

လေတိုက်နေတယ်
လေတွေဟာ တိုက်နေတတယ်
အမှောင်ထဲက …လရောင်ဟာ
ပျော်စရာမကောင်းတဲ့တနင်္ဂနွေကို
လက်ဆောင်ပေးပြီး
ငါတို့ကို ကျောခိုင်းလို့

တနင်္ဂနွေ
မင်းဟာ ငါတို့မျက်ရည်ပေါ့
ငါတို့ပျော်ပါတယ်
ဒဏ်ရာတွေ သွေးမတိတ်သေးလဲ ။ ။

ကိုကျူး


မာန်

www.galleryzooart.com

ဘဝဟာ တခါတ​​လေ
ကြက်
အူချောင်း ဝက်အူချောင်းပတ်တဲ့
အိတ်
ကလေးသာသာ
လှလှပပပြင်
ဆင်ခံထားရပေမယ်
ပေါ်ယံအခွံချွတ် လွှင့်ပစ်တာခံရတာပဲ။
ရေတွင်းတူးတဲ့နေရာ
ရေစက်သွားချရသလိုမျိုး
ယောင်ရာဆေးလူးမိတဲ့အဖြစ်ဟာ
မှား
နေကျ နိစ္စဓူဝ တွေ
ကိုယ်
့မှာ ခါးခါးကြီး ချိုလို့။
ကျစ်ကျစ်လျစ်လျစ် လိပ်ထားတယ်
လှလှပပ ထုပ်
ပိုးထားတယ်
ငါ့
ခေါင်းဟာ ရဲခနဲ
ဘယ်
သူ မီးတက်ရှို့မှာလဲ
ခြွေခံလိုက်ရတဲ့ပြာတွနဲ့
လှလှပပ ပထဝီဆက်
ဖြစ်ခွင်ရှိတယ်
မောင်​​နွေရင့် (အင်းဝ)

Comments