သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းသက်ငြိမ်၊ ဆလိုင်းမြတ်နိုးသူ၊ ကိုပွေး

နံရံ

www.artfire.com

နံရံကသဘောကောင်းတယ်
နံရံကငိုလည်းမငိုဘူး
နံရံကအရမ်းသည်းခံတတ်တယ်
နံရံကခံနိုင်ရည်လည်းရှိတယ်
နံရံကချစ်စရာကြီးပဲ
အကြောင်းမဲ့ ငါ့လက်သီးတွေနဲ့
သူ့ကိုစော်ကားမိပြီးမှ
နံရံကြီးယောင်ကိုင်းနေတာကိုငါသနားမိ။


လင်းသက်ငြိမ်


စတင်တွေ့ ရှိတွေးခေါ်မှု အဆုံးသတ် စာတမ်း 
 
www.aristos.org
 လူတွေတွေးသလို ခင်ဗျားလိုက်မသွားရင် ရူးသွားလိမ့်မယ်
ဥပမာ  ဒိန်ချဉ် ဝိုင် မိန်းမ ပင်ပေါင် အနီးစပ်ဆုံးစကားလုံးများ ။
ဥပမာ ၂ ခင်ဗျားကိုတိုက်သွားတဲ့ကားဟာ အနီရောင် သက်သေပြောပြချက်အရ
ခင်ဗျားဝတ်လာတဲ့ ဘောင်းဘီဟာ အနီရောင်။
အရောင်ချင်းစပ်မိတဲ့ခါ ပျောက်သွားတဲ့သဘော။
ရေးချင်တာရေးပြီး တွေးချင်တာ တွေးလိုက်ခြင်း
အလှဟာ အပေါ်ယံခွဲစိတ်မှုတွေကနေထွက်ပေါ် အချိတ်အဆက်မဲ့လျက်
အလှဆိုတာ ဘယ်မှာရှိသတုန်း
မေးခွန်းတွေအများကြီးနောက် နောင် မိနစ်များစွာအတွင်း အချိန်မရွေး ပျောက်ကွယ်သွားခြင်း။
လူ့အဖွဲ့အစည်းကို သားရေမှန်မှန်တိုက် သွားမှန်မှန်ပွတ်ပါ ဖတ်ဖူးတဲ့ကဗျာထဲမှာ
လူသားအတွက် အနီးကပ်ဆုံးတရား
ငါ့ကိုရိုက်နေတာ မြင်ရတဲ့လူသားတွေဟာ အမှန်ကန်ဆုံးကို မေ့လျော့ကြ ငါ့ကိုမေ့ကြ
သူ သူမတို့ ဟာ မမြင်ရတဲ့အရာကို ငါ့ထက်ပိုချစ်ကြ
တခါတလေ ကားလေးစီးကာသွား
သို့မဟုတ် မြင်းပျံကြီးများ မြည်ဟီးသွား
ချစ်စရာ ဆေးရုံများများ
လိုအပ်နေတာ ငါက ဘယ်သူ့ကိုသွားမေးရမှာ
အားလုံးကမှန်ပြီး ပန်းပွင့်လေးဟာ အမှား
နေရောင်ခြည် အလင်း အစာအာဟာရ ..စသည်ဖြင့်  မမျှတမှုများစွာ
ကျနော်က မမှန်ကန်မှုကို ဟားတိုက်ရယ်စရာတောင် စိတ်မပါတော့
ပြောစရာမရှိ
ဆက်ရန်ရှိသူများ လာနေကြပြီ လာနေကြမည်
ဒါကို ကောင်းကောင်းကြီး သိပါသည်
ငါ့မှာ ပြောဖို့ ဆန္ဒမရှိခဲ့တဲ့ အမှတ်အသားများ။

ဆလိုင်းမြတ်နိုးသူ
2016 June


အိုးမည်းဘယ်သူသုတ်တာလဲ
www.pinterest.com

ခဲနေတဲ့လိုင်ချီးဘူးနဲ့ ကောက်ထုပစ်လိုက်တာလဲ
ရရာလက်နက်နဲ့တော်လှန်တာပဲ  တဲ့
ကြည့်မရလို့ သေနတ်နဲ့ပစ်လိုက်
တယ်ဆိုတာမျိုး ဖြစ်လာဦးမလား
စစ်ဟာလူရာဝင်လွန်းတယ်
ငါတို့မမွေးခင်ကထဲက မွေးတဲ့ပြည်တွင်းစစ်
လေယာဉ်ပျံတွေ ဘာတွေနဲ့တောင်ဖြစ်နေပြီ
ဒီလူနဲ့ ဒီလူတွေပဲ
ဒါကို မပြီးသေးတာ
မျက်နှာချင်းဆိုင်လက်ဆွဲနှုတ်ဆက်လိုက်
တယောက်နားရွက်တယောက် တံတွေးဆွတ်လိုက်
ရပ်စဲရေးဆိုတာ ထိုးစစ်ဆင်ခြင်းတမျိုးပဲ
နိုင်ငံပိုင်တပ်နဲ့ ပြည်နယ်တပ်လေးတွေ
တယောက်ပခုံးတယောက်ဖက်ပြီး
လက်မှတ်ထိုးကြတယ်
ဒါကိုပဲ ငြိမ်းချမ်းရေးဆိုပြီး
ငါတို့မှာ ဝမ်းသာရပြန်တယ်
မကြာပါဘူး
ဝင်တဲ့နေက ပြန်ထွက်လာတယ်
မှတ်တမ်းတင်ဓာတ်ပုံတောင်
ဆေးမခြောက်သေးဘူး
ဒုက္ခသည်စခန်းက ထမင်းမလောက်လို့တဲ့
ငါတို့မနက်ဖြန်မင်းတို့လာတိုက်မယ်
ဆိုတာမျိုး
ငါတို့မှာ ရယ်ရခက်  ငိုရခက်
စိတ်လည်း ပျက်မိပါရဲ့
ဘဝအပျက် အပျက်တွေကြားမှာ
စစ်က ခါးထောက်ရပ်လို့
လက်ညိုးညွှန်ရာ သေကြရတယ်
ဒီလူ နဲ့ ဒီလူ ပဲ 
အိုးမည်းသုတ်လိုက်  ရေပက်လိုက်  …

ကိုပွေး  


Comments