သစ်ခက်သံလွင်-စာပေရေးရာများ၊ မင်းညွန့်လှိုင် ရန်လင်းအောင်တို့၏ အများဆိုင်နာမ် ၂ဖြန့်ချိ



အများဆိုင်နာမ် ၂
မင်းညွန့်လှိုင် ရန်လင်းအောင်
















ငါတို့ပြောသမျှ
သစ္စာစကားကြောင့်..

ငါတို့သားလည်း
ငါတို့ထံပြန်လာပါစေ ။

သူတို့မြားလည်း
သူတို့ထံပြန်သွားပါစေ ။ ။
မင်းညွန့်လှိုင်

.....

သေမျိုးတွေ
မျက်ခြေပြတ်ကျန်ခဲ့ပြီ ။

ရှင်သန်မှုကို
ရှေ့တလှမ်းတိုးလိုက်တာ...

ထိုက်သူတွေ
ထပ်တူထိတွေ့ရမှာပါ ။
ရန်လင်းအောင်

ကဗျာဆရာမင်းညွန့်လှိုင်ရဲ့ကဗျာ(၂၅) ပုဒ်နဲ့ ကဗျာဆရာရန်လင်းအောင်ရဲ့ကဗျာ(၂၅)ပုဒ်ကို
ကဗျာဆရာခက်ဦးရဲ့အင်္ဂလိပ်ဘာသာပြန်ဆိုချက်နဲ့အတူ စုစည်းတင်ဆက်ထားပါတယ် ။
ကဗျာဆရာအောင်ဘညိုမကွယ်လွန်မီကရေးသားခဲ့တဲ့ အမှာစာ လည်းပါရှိပါတယ်


"သမိုင်းရဲ့တောင်းဆိုမှုအရ
သူတို့ကဗျာရေးကြတယ် ။
သမိုင်းရဲ့လိုအပ်ချက်အရ
သူတို့ကဗျာရေးကြတယ် ။
မျက်နှာမရ ခြေထောက်ရတဲ့ကဗျာဆရာအဖြစ်
သူတို့ရွေးချယ်ဖြစ်ကြတယ် ။"

အောင်ဘညို
'ဆန်းစသော်တာ' စာပေက တန်ဖိုး ၁၅၀၀ ကျပ်နဲ့ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ

Comments