သစ်ခက်သံလွင်ကဗျာစင်မြင့်၊ ရန်လင်းအောင်၊ နီဇူလိုင်တို့၏ကဗျာများ


သတင်း
 
www.ianmasseyart.co.uk
 
ခွေးနာကြီး
လောက်ကိုက်ဒဏ်ရာကြီးနဲ့
အမြီးလေးနှန့်လို့ ၊

အမြီးလေးတနှန့်နှန့်နဲ့
ခွေးနာကြီး
လောက်ကိုက်ဒဏ်ရာကြီးနဲ့ -

ငါ ရယ်မိသလိုပါပဲ
အူမြူးနေသလိုပဲ ။ ။

ရန်လင်းအောင်


 ....


လမ်းကလေးဖတ်တဲ့ဝတ္ထု 

 
Ni july


ငါ..လမ်းကလေးပါ..။

လမ်းကလေးပေါ်
နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ 
မိသားစုကလေး တစုမှာ
အဖေကောင်ကလေး ခမျာ...
ပျောက်နေတာ အတော်ကြာပါပြီ..။

ရေဒီယိုအစုတ်ကလေးကို လွယ်လို့
ထင်းသယ် မြက်ပေါက် တွန်းလှည်းတွန်း
ကူလီ အလုပ်မှန်သမျှ
သူလုပ်တယ်..။

မဲပေပွနေတဲ့ အင်္ကျီအစုတ်ကလေးကို
သူအမြဲ ၀တ်ပေမဲ့
သူ အလစ်မသုတ်ဘူး..။

ကျပ်မပြည့်ရှာတဲ့...ကလေးမလေးကို
သူများလို သူ မစော်ကားဘူး။
သားမှတ်မှတ် မယားမှတ်မှတ်
သူတတ်သမျှနဲ့ လုပ်ကျွေးတယ်။

ကလေးငယ် မဲကျုပ်ကျုပ်ကလေးက
သူနဲ့ မတူတူ..တူတူ
အရေးမယူ
အဖေနဲ့တူအောင် သူရှာဖွေ ကျွေးတယ်..။

လမ်းကလေးပေါ်မှာ
သမုဒ္ဒရာ ၀မ်းသုံးထွာအတွက်
သူတို့နေ့စဉ် လျှောက်ရတယ်..။

ခုတော့
အဖေကောင်ကလေး
ပျောက်နေတာ အတော်ကြာပြီ..။

မရှိခိုးနိုးမှုနဲ့ တရားဥပဒေစိုးမိုးကြတော့
အကျဉ်းထောင်ထဲကနေ ရဲဘက်စခန်းတွေဆီကို
သူတတ်တဲ့အလုပ်တွေ လုပ်ဖို့ပါသွားသလိုလို
သူ့အတွက် အပြန်ခရီးကလည်း မှုန်တိမှုန်ဝါး..။


 စမ်းတ၀ါးဝါးနဲ့
လမ်းသလားနေရတဲ့
သူ့မဟေသီလေးကိုတော့
ဟိုတနေ့က
နှုတ်ခမ်းနီတွေ အရဲသားနဲ့တွေ့လိုက်တယ်။

လမ်းကလေးရဲ့ 
ဟိုဖက် ဒီဖက်ထိပ်တွေမှာ
သူတို့ထက် အူပိုကျယ်တဲ့
ဘီယာဆိုင်ကြီးတွေက အစီအရီ
လမ်းကလေးရဲ့ အလယ်ဗဟိုချက်မှာ
လူကြီးလူကောင်းတွေ လွှတ်တော်တက်တဲ့
အအေးခန်း ဧည့်ရိပ်သာကြီးကလည်း
ခန့်ခန့်ညားညား။

လမ်းကလေးတွေးနေမိတာ
ကလေးငယ် မဲကျုပ်ကျုပ်ကလေးရဲ့ 
တဂျုပ်ဂျုပ် မြည်နေတဲ့
အစာအိမ်ကလေးခမျာ
ဘယ်ချောင်ဆီရောက်နေရှာပါလိမ့်…။

 နီဇူလိုင်
၉.၉.၂၀၁၃


Comments